Switch Mode

Chapter – 44.1

ပြီးပြည့်စုံတဲ့ ပေါင်းစည်းမှု အနီရောင် ၀ိညာဥ်စက်ကွင်း

အပိုင်း ၄၄•၁

” ပြီးပြည့်စုံတဲ့ပေါင်းစည်းမှု အနီရောင်၀ိညာဥ်စက်ကွင်း ”
°°°

ယွိဟောင် မင်းတကယ်ပဲအရွယ်ရောက်လာပြီ သေချာပေါက် ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာရမယ်…မင်းရဲ့ အဖေလိုပဲ ကြိုးစားရမယ်နော် ဒါပေမယ့် အမေအနေနဲ့ ဒီနေ့ရက်ကိုထပ်ပြီး မြင်တွေ့နိုင်တော့မှာမဟုတ်ဘူး…အမေသွားရတော့မယ်.ကိုယ့်ကိုကိုယ် ဂရုစိုက်သားလိမ်မာလေး မငိုနဲ့ အမေကောင်းကင်ဘုံကိုသွားတော့မှာ အဲ့ဒီကနေ အမြဲစောင့်ကြည့်နေမယ်…မင်းအဖေကို တကယ်မမုန်းပါနဲ့ အကယ်၍ လူတစ်ယောက်ပဲရှိတော့တယ်ဆိုရင်တောင် ကျားဖြူအိမ်တော်ထဲမှာရှိတဲ့ အဲ့ဒီလူကို မမုန်းနိုင်ပါဘူး ”

” အမေက ကံမကောင်းခဲ့ဘူး ..မင်းအဖေနဲ့ဆက်ပြီ အသက်ရှင်ဖို့အတွက်လဲ နည်းလမ်းမရှိတော့ဘူး…တစ်နေ့မှာတော့ သူ့ရဲ့ဘေးမှာနေထိုင်ရင်း သူ့ကိုနေ့တိုင်း အရင်လိုပဲစိုက်ကြည့်နေချင်ပါသေးတယ်…သူ့နှလုံးသားထဲမှာ နေရာတစ်ခုဘယ်တော့မှမရှိခဲ့တာလဲ ဖြစ်နိုင်တယ်…ဒါပေမယ့် နောင်တမရပါဘူး…ယွိဟောင် မင်းက အမေနဲ့အတော်လေးတူတယ်…အကယ်၍ ၀ိညာဥ်ပညာရှင်တစ်ယောက်အနာဂတ်မှာ မဖြစ်နိုင်ဘူးဆိုရင် လက်ပွတ်ပညာကိုသင်ကြားပါ လုံခြုံစိတ်ချပြီ အသက်ရှင်နေသရွေ့ မင်းရဲ့အမေလဲ မြေအောက်လောကမှာ ကောင်းကောင်းမွန်မွန် အေးချမ်းနိုင်ပါလိမ့်မယ် ”

” အမေ အမေ ”

ဟို့ယွိဟောင်က စိတ်ထဲမှာဆက်တိုက်ဆိုသလို တောင့်ခံနေခဲ့ပါတယ်။ သူ့ရဲ့နှလုံးသားထဲမှာတော့ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေတဲ့ လွမ်းဆွတ်တမ်းတမှုက ထွက်ပေါ်လာပါတော့တယ်။ အမေရဲ့ဆန္ဒကို ဖြည့်စည်းပေးနိုင်တဲ့နေ့ကတစ်နေ့ရောက်လာတော့မှာပါ။ အမေရဲ့အုတ်ဂူရှေ့မှာ အဲ့ဒီလူကိုဒူးထောက်ရအောင် သေချာပေါက် လုပ်ပေးပါ့မယ်။ ဒါ့အပြင် ခွင့်လွှတ်မှုကို တောင်းခံစေမယ်။

” အမေ ကျွန်တော်သေချာပေါက် ကံပါလာရမယ်..ဘယ်လိုပဲဖြစ်ပါစေ သေချာပေါက် တောင့်ခံနေမယ်…ကျွန်တော်က ငကြောက်တစ်ယောက်မဟုတ်ဘူး ကျွန်တော်ဟို့ယွိဟောင်က အမေသားအမေအတွက်နဲ့ ကျွန်တော်ဆက်ပြီ အသက်ရှင်ရမယ်…ကျားဖြူမြို့စားမင်းလိုမျိုးလူတစ်ယောက်ဖြစ်မလာချင်ဘူး… သူထက်တောင်ပိုပြီး သာလွန်ချင်တယ် ”

ဒီလိုအတွင်းပိုင်း ဟိန်းဟောက်မှုက စိတ်၀ိညာဥ်လောကတစ်ခုလုံးကို ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်သွားစေခဲ့ပါတယ်။ အစောပိုင်းတုန်းက ရှိနေခဲ့တဲ့ အက်ကွဲကြောင်းတွေအားလုံး ကြောက်စရာကောင်းလောက်အောင် ပြန့်နှံ့ကောင်းမွန်လို့သွားခဲ့ပါပြီ။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးကလဲ တည်ငြိမ်လို့သွားပါတော့တယ်။ ဒါပေမယ့် သူခံစားနေခဲ့ရတဲ့ ပေါင်းစည်းမှုရဲ့စွမ်းအားတွေကတော့ ဆက်တိုက်ဆိုသလို နာကျင်မှုနဲ့ ခန္ဓာကိုယ်တွေအားလုံးကို တိုက်စားနေဆဲပါ။ ဒါ့အပြင် အရင်ကထက်တောင် ပိုပြီး သန်မာလာခဲ့ပါတော့တယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လဲ တကယ်ကို လန့်သွားခဲ့ရပါတယ်။ ဟို့ယွိဟောင်ရဲ့ နာကျင်မှုကို ခံနိုင်ရည်နိုင်စွမ်းက ရေခဲဧကရီထက်တောင် သာလွန်လို့နေခဲ့တယ်။ သူဒီလိုမျိုး လုပ်နိုင်ဖို့အတွက် ဘယ်လောက်မြင့်မားတဲ့ စိတ်စွမ်းအားကို လိုအပ်မှာလဲ ဒီတစ်ကြိမ်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တောင် ဟို့ယွိဟောင်ကို လေးစားမိရုံတင်မက ထိတ်တောင်ထိတ်လန့်မိခဲ့ပါပြီ။ သူရွေးချယ်လိုက်တာ လူမှန်ကိုရွေးချယ်မိလိုက်မှန်းသိလိုက်ရတယ်။ ဒါပေမယ့် အဲ့ဒီကလေးလေး သေးသေးလေးဖြစ်တဲ့ ဟို့ယွိဟောင်က အနာဂတ်မှာ သူထိန်းချုပ်လို့ရနိုင်တဲ့ တစ်စုံတစ်ယောက်ဖြစ်လာနိုင်တော့မှာမဟုတ်ပါဘူး။ သူအနေနဲ့ကတော့ အသိဉာဏ်ရှိတဲ့ ၀ိညာဥ်စက်ကွင်းအနေနဲ့ အမှုထမ်းရုံကလွဲလို့ တခြားလုပ်နိုင်စရာမရှိတော့တာ အမှန်ပါ။

နှစ်နာရီအချိန်က နာနာကျင်ကျင်နဲ့ပဲ ဖြည်းဖြည်းချင်းကုန်ဆုံးလို့ နေခဲ့ပါတယ်။ ကျောက်စိမ်းရောင်နဲ့ အစိမ်းရင့်ရောင်နှစ်ခုကတော့ တည်ငြိမ်လို့သွားခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ဟို့ယွိဟောင်ရဲ့အရိုးတွေအားလုံးကလဲ ​ကျောက်စိမ်းရောင်ပြောင်းလဲလို့သွားပါတော့တယ်။ ဒါက ရေခဲဧကရီအမြီးနဲ့ တူညီတဲ့အရောင်ပါ။ ဒါပေမယ့် မြေကမ္ဘာကွဲအက်လောက်ပြီ ကောင်းကင်ကြီး တစ်ခုလုံးကို ပြောင်းပြန်လှန်းစေနိုင်လောက်တဲ့အပြောင်းအလဲက သူ့ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်နေခဲ့ပါပြီ။

များပြားလွန်လှတဲ့ အစာအာဟာရတွေနဲ့ အားဖြည့်ပေးခံရပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့အရိုးတွေက သိသိသာသာကို ကြီးထွားလာခဲ့ပါတယ်။ သူ့ရဲ့ပုခုံးတွေကလဲ ကျယ်ပြန့်လို့လာခဲ့ပြီ အရင်ကထက်လဲ အရပ်ပိုရှည်လာခဲ့တယ်။ ဒါ့အပြင် သူ့ကြွက်သားတွေ အရိုးတွေနဲ့ သွေးကြောတွေအပြင် အတွင်းကလီစာတွေက အရင်ကထက်တောင် ပိုပြီးခိုင်ခန့်လာခဲ့ပါပြီ။ ကျောက်စိမ်းရောင်အလင်းတန်းကအရေပြားပေါ်မှာ ပေါ်လာခဲ့ပြီ မြင့်မြတ်လွန်လှတဲ့ အရှိန်အ၀ါနှင်းတွေအပြည့်နဲ့ လောကကြီးမှာ ဖြစ်ပေါ်လာပါတော့တယ်။

သူ့ရဲ့ဆက်တိုက်ပွင့်နေတဲ့ မျက်လုံးတွေကလဲ ကျောက်စိမ်းရောင်ဖြစ်ပေါ်နေခဲ့ပြီ လက်ရှိအချိန်မှာတော့ ဖြည်းဖြည်းချင်း မှိန်ဖျော့လို့သွားပါတော့တယ်။ အပြာရင့်ရောင်မျက်လုံးတွေက အရင်ထက်ပိုပြီး တောက်ပလာခဲ့တယ်။ လက်ရှိဟို့ယွိဟောင်ရဲ့ အခြေအနေကို ဖော်ပြရမယ်ဆိုရင်တော့ အသွင်ပြောင်းသွားသလိုပါပဲ။

ကျားဖြူအိမ်တော်ကနေ ထွက်ခွာလာချိန်ကစလို့ အဆင့်နှိမ့်တဲ့၀ိညာဥ်ပညာရှင်တစ်ယောက်အဖြစ်သာ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဆရာမရှိတဲ့သာမန်ပါရမီနဲ့ ကျောင်းသားလေးတစ်ယောက်ပါပဲ။ သူ့ဆီမှာ ဘယ်လိုအနာဂတ်မျှော်မှန်းချက်ကိုမှတွေ့နိုင်မှာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာတော့ သူအနေနဲ့ လောကနံပါတ်တစ်ရင်ခေါင်းရိုးကို ပိုင်ဆိုင်ထားတဲ့ မဟာပါရမီရှင်တစ်ယောက် ဖြစ်နေခဲ့ပါပြီ။ ဒါ့အပြင် အမွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့ လူငယ်၀ိညာဥ်ပညာရှင်တစ်ယောက်လဲ ဖြစ်နေခဲ့ပါတယ်။ နာကျင်မှုပျောက်ကွယ်သွားပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်လဲ သက်သောက်သက်သာ ဖြစ်သွားပါတော့တယ်။ ရေခဲဧကရီရဲ့ အမြီးကတော့ သူ့ရဲ့မီးညှောင့်ရိုးကနေ ဖြည်းဖြည်းချင်း ထွက်သွားခဲ့ပါပြီ။ အဲ့ဒီနောက် သူမရဲ့ကျောဘက်ကို ပြန်ရောက်ရှိလာပါတော့တယ်။

ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာတော့ မောပန်းမှုက အထင်သားပေါ်လာခဲ့တယ်။ နာကျင်မှုကို အကြာကြီး တောင့်ခံပြီတဲ့နောက် ခန္ဓာကိုယ်နဲ့ စိတ်နှစ်ခုလုံးက အဆုံးစွန်အထိကို ရောက်ရှိလို့သွားခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူ့ကိုဆက်ပြီ နိုးထလာစေတဲ့ တစ်ခုတည်သောအရာကတော့ နှလုံးသားထဲက နာကျင်မှုပါပဲ။ ဒါ့အပြင် ၀ိညာဥ်အရိုးနဲ့ ပေါင်းစည်းတာပြီးမြောက်သွားပြီတဲ့နောက် အရေးကြီးဆုံး အခြေခံက အခုမှတည်ဆောက်ပြီစရှိတာပါ။ အားကောင်းလွန်လှတဲ့ မောပန်းမှုက သူ့ကို အိပ်ငိုက်စေမတတ်ဖြစ်လာပါတယ်။ အဲ့ဒီလိုနဲ့ပဲ ဟို့ယွိဟောင်က ရေခဲဧကရီရဲ့ ကျောပေါ်မှာ အိပ်ပျော်လို့သွားခဲ့ပါပြိီ။

တစ်နာရီနီးပါး ကုန်ဆုံးသွားပြီချိန်မှသာ ရေခဲဧကရီရဲ့အသံက ထွက်ပေါ်လာပါတော့တယ်။

” ကောင်းကင်အိပ်မက် ”

“ငါဒီမှာရှိတယ် မင်းအခြေအနေဘယ်လိုလဲ ”

” အဆင်ပြေတယ် ဒီကလေးက မင်းလိုအမှိုက်သရိုက်ဖြစ်ပေမဲ့ အတော်လေးတော့ အမြင်ကောင်းသားပဲ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့က ရေခဲဧကရီ ဆူပူတာကို ကျင့်သားရနေပြီသားပါ။

” အမှန်အတိုင်း ပြောရမယ်ဆိုရင် ဟို့ယွိဟောင်ဒီလောက်အထိ သန်မာမလဲလို့ ငါလဲမတွေးထားခဲ့မိဘူး..သူ့ရဲ့နှလုံးသားထဲမှာရှိနေတဲ့ ခံစားချက်တွေက အရမ်းကိုသန်မာလွန်တယ် ..ဒါ့အပြင် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံကလဲ သူ့ရဲ့အနာဂတ်ကို ပိုပြီး တောက်ပစေတယ်လေ မင်းရဲ့သိုင်းပညာ၀ိညာဥ်ကို သူ့ခန္ဓာကိုယ်နဲ့ အမြန်ပေါင်းစည်းလိုက်ရအောင် လက်ရှိအချိန်မှာ စွမ်းအားအများစုကို ပြောင်းလဲလိုက်ပြီဖြစ်ပေမဲ့ အကယ်၍ အချိန်အများကြီးကုန်သွားရင်းကိစ္စကောင်းတွေလဲ ပျက်စီးသွားနိုင်တယ် ”

” ကောင်းပြီလေ ငါ့ကိုကာကွယ်ထားပေး ”

ဟို့ယွိဟောင်အတွက်တော့ အ​ရေးကြီးတဲ့အချိန်က ကုန်ဆုံးလို့သွားခဲ့ပါပြီ။ ရေခဲဧကရီရဲ့ အရိုးနဲ့ပေါင်းစည်းပြီချိန်မှာတော့ အခက်အခဲဆုံးအခြေအနေကို ကျော်ဖြတ်လို့ပြီးပါတော့တယ်။ အခြေခံအဖြစ် အသုံးပြုထားတဲ့ အရိုးကြောင့် လက်ရှိအချိန်မှာ သိုင်းပညာ၀ိညာဥ်နဲ့ပေါင်းစည်းရမှာက ပိုလို့လွယ်ကူမှာပါ။ ဒါ့အပြင် ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့ရဲ့ အင်အားအပေါ် မူတည်ပြီ သူမရဲ့စွမ်းအားကို ဘယ်လောက်အထိ ချိတ်ပိတ်ထားနိုင်မလဲဆိုတဲ့ အပေါ် မူတည်လို့နေခဲ့ပါတော့တယ်။ ဒါ့အပြင် သူမအနေနဲ့ ဒီလိုအခြေအနေမျိုးကို အရင်တုန်းက တစ်ခါမှမတွေ့ခဲ့ဖူးပါဘူး။ သူမအနေနဲ့ စိတ်မရှုပ်ထွေးနေဘူးလို့ပြောရင်း လိမ်ရာကျလိမ့်မှာပါ။

အကယ်၍ သူမသာ တစ်ခုခုမှားယွင်းသွားခဲ့မယ်ဆိုရင် အသိစိတ်ကလဲ အလိုအလောက် ပျောက်ကွယ်သွားလိမ့်မယ်။ ဒါ့အပြင် ထာ၀ရပျောက်ကွယ်သွားမှာပါ။

” မစိုးရိမ်နဲ့ ငါမင်းကို ကူညီမယ် ရေခဲဧကရီ ငါမင်းကို တကယ်အရမ်း သဘောကျတယ်…မစိုးရိမ်နဲ့ ငါ့ရဲ့ကိုယ်ပိုင်းပျော်ရွှင်မှုအတွက် အစွမ်းကုန်ကြိုးစားမှာပါ စလိုက်ကြစို့ ”

ဒီတစ်ကြိမ်မှာတော့ ရေခဲဧကရီက နောက်ထပ် ဘာမှပြန်မပြောခဲ့ပါဘူး။ အဲဒီနောက် အဖြူရောင်အလင်းတန်းတွေက ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ဘေးပတ်လည်မှာ စတင်ဖြစ်ပေါ်လာပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အလင်းတန်းတွေက လွှမ်းခြုံလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ရေခဲဧကရီရဲ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းဆိုသလို အရည်ပျော်လို့သွားပါတော့တယ်။ ရေခဲလိုမြူနှင်းတွေက ဟို့ယွိဟောင်ရဲ့ အရေပြားထဲကို စတင်ပြီ စိမ့်၀င်လာခဲ့တယ်။

ဟို့ယွိဟောင်က အရမ်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့တာပါ။ ဒါ့အပြင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကို စောင့်ကြပ်ထားပါသေးတယ်။ ဒီလိုမျိုး ဆက်တိုက်အိပ်ပျော်နေပြီ မနိုးစေဖို့အတွက်လဲသေသေချာချာ စောင့်ကြပ်လို့ထားခဲ့တယ်။ အစောပိုင်းဖြစ်ရပ်က သူ့ကို အတော်လေး ရင့်ကျက်စေခဲ့ပါပြီ။ ဒါ့ကြောင့် ဒီလိုပေါင်းစည်းမှုအတွက် ဟို့ယွိဟောင်ကို ဒုက္ခပေးမဲ့အစား သူ့နဲ့ ရေခဲဧကရီသာ လုပ်တော့မှာပါ။

ဟို့ယွိဟောင်ရဲ့တည်ရှိမှုက မကြာခင်အချိန်အတွင်းမှာပဲ မြူခိုတွေကြား ရောက်ရှိပြီပျောက်ကွယ်သွားပါတော့တယ်။ အဲ့ဒီနောက် ရေခဲဧကရီက သူ့ရဲ့ကျောအောက်မှာရှိမနေတော့ပါဘူး။

သာမန်လူသားတွေသာ ဒီမြင်ကွင်းကို မြင်ရမယ်ဆိုရင် ရေခဲဧကရီရဲ့ခန္ဓာကိုယ်က အရည်ပျော်သွားတယ်လို့ ယူဆမိမှာအမှန်ပါ။ ရေခဲဧကရီအတွက်တော့ ဒါက ယူဆတာမဟုတ်ပဲ သူ့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို ဖောက်ခွဲဖျက်ဆီးလိုက်တာပဲ ဖြစ်ပါတယ်။ စွမ်းအင်အရင်းအမြစ်ကို လောင်မြိုက်စေရင်း ဒီလိုရလဒ်မျိုးကို ဖန်တီးပြစ်လိုက်တယ်။ အဲ့ဒီလိုသာ မဟုတ်လို့ကတော့ သူမရဲ့ခန္ဓာကိုယ်က မာကျောလွန်းလှတဲ့အတွက် တစ်လောကလုံးရဲ့ အသန်မာဆုံးလက်နက်တောင်မှ သူ့ကို ဖျက်ဆီးပြစ်ဖို့ မလွယ်ပါဘူး။

ရွှေရောင်အလင်းတန်းကတော့ တိတ်တဆိတ်ဖြစ်ပေါ်လာခဲ့ပြီ အဖြူရောင်အလင်းတန်းတွေကို ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲ ဆွဲသွင်းလို့နေပါတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ ရေခဲဧကရီကို ဆက်တိုက်ဆိုသလို ကူညီနေရင်း ဟို့ယွိဟောင်ကိုလဲ ကာကွယ်လို့ထားခဲ့တယ်။ တကယ်တော့ သူက အလုပ်အများဆုံးသူဖြစ်နေခဲ့တာပါ။ တစ်ချိန်ထဲမှာပဲ ကိစ္စသုံးခုကို ပြုလုပ်နေခဲ့ရပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အားကောင်းတဲ့စိတ်၀ိညာဥ်စွမ်းအားတွေကြောင့်သာ သူတို့ရဲ့ပေါင်းစည်းမှုက ချောချောမွေ့မွေ့ ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် အချိန်လဲအတော်ကြာခဲ့ပါတယ်။

°°°
လေအေးအေးတွေ တိုက်ခတ်နေဆဲဖြစ်သလို နှင်းပွင့်ကြီးတွေကလဲ ကျဆင်းနေဆဲပါပဲ။ အဲ့ဒီနောက် ခပ်ထုံထုံအသံနဲ့အတူ လက်တစ်ဖက်ကနှင်းတွေနဲ့အတူ အပြင်ကို ထိုးထွက်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အ၀တ်အစားမပါတဲ့ ခန္ဓာကိုယ်တစ်ခုက အောက်ကနေ ထွက်ပေါ်လာတော့တယ်။သူ့ခန္ဓာကိုယ်ရဲ့ ကောက်ကြောင်းတွေက အတော်ကို ကြံ့ကြံ့ခိုင်ခိုင်ရှိနေခဲ့ပြီ ကြွက်သားတွေကတော့ မကြီးမားပေမဲ့ ပြစ်ချက်ကင်းနေခဲ့ပါတယ်။ ဖြူဖွေးပြီ ကျောက်မျက်ရတနာလို တောက်ပနေတဲ့ အရေပြားက နှင်းတွေထဲမှာ ထင်ထွက်လို့နေခဲ့တယ်။ ဒါ့အပြင် ပြိုင်ဘက်ကင်းတဲ့ တောက်ပမှုကလဲပတ်၀န်းကျင်တစ်ခုလုံးကိုတောင် အဖြူရောင်ပြောင်းသွားစေခဲ့ပါပြီ။

မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လာချိန်မှာတော့ မတူညီတဲ့အရောင်နှစ်ခုက အပြာရောင်မျက်လုံးတွေထဲမှာ တောက်ပလို့နေပါတော့တယ်။ ပထမဆုံးထွက်ပေါ်လာခဲ့တဲ့ ရွှေရောင်ကနေ အစိမ်းရောင်အဖြစ်ကို ပြောင်းလဲလို့သွားပြီတဲ့နောက် မူလအပြာရောင်ကို ရောက်ရှိလို့လာခဲ့ပါပြီ။

ထူးဆန်းတဲ့မြင်ကွင်းက ဖြစ်ပေါ်လို့လာပါတော့တယ်။ သူ့ခန္ဓာကိုယ်နဲ့ ပတ်ပတ်လည်သုံးပေအကွာမှာ ဘယ်နှင်းပွင့်မှ မကျရောက်ခဲ့ပါဘူး။ ဒါ့အပြင် လုံး၀ကို ကြည်လင်သန့်ရှင်းလို့နေပါတော့တယ်။

သူ့မျက်လုံးထဲမှာရှိတဲ့အလင်းရောင်တွေ ပျောက်ကွယ်လို့သွားပြီချိန်မှာပဲ အပြာရင့်ရောင်က ပြန်လည်ထွက်ပေါ်လို့လာခဲ့ပါတယ်။ သူ့မျက်လုံးတွေ အရောင်သုံးခု ပြောင်းလဲသွားတာကိုက ထူးဆန်းတဲ့အရာပါပဲ။ လက်သီးကိုဆုပ်လိုက်ချိန်မှာ ကြွက်သားတွေက စွမ်းအားအပြည့်ဖြစ်နေတာကို ခံစားလိုက်မိပါတယ်။ သူလေထဲကို ခုန်လိုက်ချိန်မှာတော့ အံ့ဩစရာကောင်းလောက်အောင်ပဲ ပေနှစ်ဆယ့်အထိကို မြင့်တက်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ကောင်းကင်ပေါ်မှာ သူအော်ဟစ် လိုက်ပါတော့တယ်။

ဒီအော်ဟစ်သံကြောင့် နှင်းတွေလဲ ပြိုကွဲလို့သွားခဲ့ရတယ်။ လက်ရှိအချိန်မှာ အသက်ရှုသံကတောင် ၀ိညာဥ်စွမ်းအားလှည့်ပတ်မှုကြောင့် အားကောင်းနေခဲ့ပါပြီ။ သူ့ရဲ့ခန္ဓာကိုယ်မှာ ရှိရှိသမျှ စွမ်းအားတွေအားလုံး အားကောင်းလာတာကို ခံစားမိပါတယ်။

ဒီမြင်ကွင်းက လှပပေမဲ့ ကြောက်စရာကောင်းနေခဲ့တယ်။ ဒါ့အပြင် လူတစ်ယောက်ရဲ့အရိုးတွေက အရေပြားတွေကို ဖြတ်သန်းပြီ အလင်းရောင်တွေတောက်ပနေတယ်ဆိုတာ မြင်ရဖို့ခက်ခဲလွန်တဲ့အပြင် ထူးဆန်းတဲ့မြင်ကွင်းတစ်ခုပါပဲ။ ဒီတစ်ကြိမ်မှာတော့ ​ကျောက်စိမ်းရောင်အလင်းတန်းက အရိုးတွေကနေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါ့အပြင် သေးငယ်တဲ့ မွေးညင်းပေါက်ကလေးတွေကနေလဲ နှင်းတွေကို ကန်ထုတ်လို့နေခဲ့တယ်။

လက်ရှိအချိန်မှာ ကျောက်စိမ်းရောင်အလင်းတန်းက တခဏတာသာ ကြာမြင့်ခဲ့ပြီ ပျောက်ကွယ်လို့သွားပါတော့တယ်။ လူငယ်လေးကလဲ မြေပြင်ပေါ်ကို ပြုတ်ကျလို့လာခဲ့ပါပြီ။

အပိုင်း ၄၄•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset