Switch Mode

Chapter – 43.3

တုန်လှုပ်ခြောက်ခြားဖွယ် နာကျင်မှု

အပိုင်း ၄၃•၃

” တုန်လှုပ်ခြောက်ခြားဖွယ်နာကျင်မှု ”
°°°
ဒါက ကြောက်စရာကောင်းလောက်အောင် တိုက်ခိုက်နေတဲ့ ရေခဲနဲ့မီးလျှံတွေရဲ့ပေါင်းစည်းမှုပါပဲ။ ပထမဆုံးအနေနဲ့ အအေးဓာတ်က သူ့ကို တုန်ရီလို့သွားစေခဲ့တယ်။ အဲ့ဒီနောက်ပူပြင်းတဲ့နာကျင်မှုက အရာအားလုံးကို အရည်ပျော်သွားစေခဲ့လို့ပါပဲ။ ဒါ့အပြင် ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ ချီစွမ်းအင်နဲ့ သွေးကြောတွေအားလုံးကလဲ ရေလှိုင်းတွေလိုမျိုး အနှိမ့်အမြင့် ပြင်းထန်လို့နေခဲ့ပါတယ်။ ဒီလိုပြင်းထန်တဲ့နာကျင်မှုကြောင့် တစ်ကိုယ်လုံးက အေးခဲသွားလိုက် ပူပြင်းလွန်းလှတဲ့အပူရှိန်ကြောင့် သွေးတွေဆူပွက်လာလိုက်နဲ့ ဆက်တိုက်ဆိုသလို အရေပြားရဲ့အပေါ်ယံမှာ သွေးတွေက ပုလဲလုံးတွေလိုဖြစ်ပေါ်လာပါတော့တယ်။

အဆုံးစွန်းအေးစက်မှုက အပူဓာတ်ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်လို့နေခဲ့တယ်။ ကြောက်စရာအပြောင်းအလဲတွေက ခန္ဓာကိုယ်ရဲ့ အပူရှိန်တွေကို ဖျက်ဆီးပြစ်နေသလိုပါပဲ။ စိတ်စွမ်းအားအရမ်းကို သန်မာလွန်နေခဲ့တာကြောင့် ဒါတွေအားလုံးကို ပုံရိပ်ယောင်တွေလို ထင်မှတ်လာခဲ့ပါတော့တယ်။ ဒါ့အပြင် သူဖြတ်သန်းခဲ့ရတဲ့ နာကျင်မှုတွေကလဲ တစ်ခုနဲ့တစ်ခု မတူညီပါဘူး။ မြင့်မားလွန်းလှတဲ့ အဆောက်အအုံပေါ်ကနေ ပြစ်ချခံရလိုက် မြေပြင်ပေါ်မှာ ရိုက်နှက်ပြီထိုးကြိတ်ခံရလိုက်နဲ့ ဆက်တိုက်ဆိုသလို စိတ်ထဲမှာအပြောင်းအလဲနဲ့ နာကျင်မှုတွေကို ခံစားနေခဲ့ရပါတယ်။

ဒီခံစားချက်ကို ဖြည်းဖြည်းချင်းဆိုသလို တောင့်ခံနိုင်စွမ်းလျော့ကျလာခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့ ၀ိညာဥ်အရိုးတစ်ခုကိုရဖို့အတွက် ကြောက်စရာအကောင်းဆုံးနာကျင်မှုတွေကိုဖြတ်သန်းနေခဲ့ရပါတယ်။ ဒါကလဲလူသားမျိုးနွယ်ရဲ့သမိုင်းတစ်လျှောက်လုံးမှာတောင် အခက်အခဲဆုံးအရာတစ်ခုဖြစ်နေခဲ့တယ်။ ဒါ့အပြင် အဲ့ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကလဲ နှိမ့်ပါးလွန်တဲ့ ကျင့်ကြံမှုကြောင့်ပါပဲ။ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ သူ့ရဲ့၀ိညာဥ်အရိုးကပုံမှန်မဟုတ်လောက်အောင် အရည်အသွေးကောင်းနေလို့ပါ။ ရေခဲဧကရီက တတ်နိုင်သလောက် အကောင်းဆုံးထိန်းချုပ်လို့နေခဲ့ပေမဲ့ သူမရဲ့ ၀ိညာဥ်အရိုးက နှစ်ပေါင်းလေးသိန်းနီးပါးအထိကို အိုးမင်နေခဲ့ပြီ စွမ်းအားတွေကလဲ အပြည့်အသိပ့်ပါ၀င်လို့နေခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲဖြစ်တဲ့ ဟို့ယွိဟောင်လိုကလေးတစ်ယောက်အနေနဲ့ ဒါကိုလက်ခံဖို့က မလွယ်ကူပါဘူး။

ဟို့ယွိဟောင်အနေနဲ့လဲ ခေါင်းတစ်ခုလုံးထုံကျင်လာခဲ့ပါတယ်။ သူဘယ်လောက်ပဲ စိတ်ခွန်အားကောင်းကောင်းနဲ့ တောင့်ခံနေပါစေ ပြင်းထန်လွန်လှတဲ့ အပြောင်းအလဲတွေကို ဆက်ပြီးခံယူဖို့အထိ မတတ်နိုင်တော့ပါဘူး။ ဒီတစ်ကြိမ်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားတွေက သူ့ကို သတိပြန်၀င်လာစေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ မူလအရင်းအမြစ်ကို သူကာကွယ်လိုက်ပြီ နာကျင်မှုကိုလဲ အနည်းငယ်လျော့ပါးသွားစေခဲ့တယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ ဟို့ယွိဟောင်ရဲ့ စိတ်စွမ်းအားကို လေ့ကျင့်ပေးနေပေမဲ့ ပျက်စီးမဲ့အခြေအနေကိုတော့ ဘယ်တော့မဆိုက်ရောက်စေရပါဘူး။ ဟို့ယွိဟောင် သတိလစ်တော့မှာကို သိသိချင် ချက်ချင်းဆိုသလို အကူအညီပေးပါတော့တယ်။ ပြင်းထန်တဲ့နာကျင်မှုတွေကြောင့် သေတောင်သေချင်နေခဲ့ပေမဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အကူအညီပေးမှုကို သူခံစားရလိုက်ချိန်မှာ နာကျင်မှုကတော့ အနည်းငယ်သက်သာသွားခဲ့ပါပြီ။ သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်အောင်တည်ဆောက်လိုက်ရင်း စိတ်၀ိညာဥ်စွမ်းအားတွေကို ခပ်မြန်မြန်ပဲ ပြန်စုစည်းလိုက်ပါတယ်။

စိတ်၀ိညာဥ်စွမ်းအားတွေအားလုံးကို စုစည်းပြီသားဖြစ်ချိန်မှာတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အကာအကွယ်ကလဲ ပျောက်ကွယ်လို့သွားပါတော့တယ်။ အဆုံးစွန်းသောနာကျင်မှုက နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့ပါပြီ။

ဟို့ယွိဟောင်လဲ စိတ်ထဲမှာဆက်တ်ိုက်ဆိုသလိုအော်ညီးနေခဲ့ပါတော့တယ်။ အစ်ကိုကြီးရေ ခင်ဗျာ့ကျွန်တော်နဲ့ ကစားနေတာလား အချိန်တွေကြာရှည်လာတာနဲ့အမျှ ဟို့ယွိဟောင်အနေနဲ့ စဥ်းစားဆင်ခြင်နိုင်စွမ်းတောင် ပျောက်ဆုံးနေခဲ့ပါပြီ။ သူ့ရဲ့စိတ်ပျက်စီးတော့အချိန်တိုင်း ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အချိန်ကိုက်ပေါ်လာရင်း သူ့ရဲ့ပြိုင်ဘက်နာကျင်မှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးပါတယ်။ ဒါကတော့ တောင့်ခံနိုင်စွမ်းကို လွယ်ကူစေခဲ့တယ်။

အစောကြီးကထဲကသာ ဒီလိုလှုပ်ရှားခဲ့မယ်ဆိုရင် ဟို့ယွိဟောင်ရဲ့ နာကျင်မှုခံနိုင်ရည်စွမ်းက အတော်ကို လျော့ကျသွားခဲ့မှာပါ။ အစကနေ အဆုံးအထိ သူ့ရဲ့နာကျင်မှုကို သူပိုပိုတိုးလာအောင် လေ့ကျင့်ပေးနေခဲ့တာလဲ ဖြစ်ပါတယ်။ အကယ်၍ သူသာ တကယ်ပြိုလဲသွားခဲ့မယ်ဆိုရင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လဲ အဆင်မပြေဖြစ်လာရလိမ့်မယ်။ ဒါကြောင့် အခြေအနေတွေအားလုံးကို ထိန်းချုပ်နေရင်းကနေ နာကျင်မှုကို ခံနိုင်စွမ်းမြင့်မားလာအောင် လုပ်တာက မကောင်းတဲ့ကိစ္စမဟုတ်ခဲ့ပါဘူး။

လက်ရှိအခြေအနေမှာ အနေအထားတွေက အနည်းငယ်ကွာခြားလို့နေခဲ့ပါတယ်။ ပြင်းထန်တဲ့နာကျင်မှုကလဲ ဆက်တိုက်ပိုပြီး တိုးလာခဲ့ပါပြီ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ ဒီလိုအကူအညီလိုအပ်တဲ့အချိန်တိုင်း ဆက်တိုက်ကူညီလို့နေခဲ့ပါတယ်။ အနည်းဆုံးတော့ ဟို့ယွိဟောင်အနေနဲ့ သူအကူအညီပေးတဲ့အချိန်မှာ အင်အားတွေကို ပြန်လည်စုစည်းနိုင်စွမ်းရှိနေခဲ့တယ်။

ဒီလိုနာကျင်တဲ့ လှည့်ပတ်မှုတွေကို အချိန်အနည်းငယ်အထိ တောင့်ခံပြီတဲ့နောက် ဟို့ယွိဟောင်လဲ ဘာတွေဖြစ်နေမှန်း သိသွားခဲ့ပါပြီ။ သူ့ရဲ့အစ်ကိုကြီးက ဒီအခွင့်အရေးကိုအသုံးပြုရင် သူ့ကိုလေ့ကျင့်နေခဲ့တာပါ။ ဒါပေမယ့် လူတစ်ယောက်သာ ဖြစ်မယ်ဆိုရင်တော့ ဆက်တိုက်ဆိုသလို ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကိုပဲ စောင့်ဆိုင်းနေခဲ့မိမှာဖြစ်ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ကတော့ မတူညီပါဘူး။ ကျောင်းတော်မှာတစ်နှစ်နီးပါးလေ့ကျင့်ခဲ့ပြီတဲ့နောက် နာကျင်မှုကို ကြုံတွေ့ရချိန်မှာပိုပြီး သန်မာမှုက ရရှိလာတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းနားလည်နေခဲ့ပါတယ်။ ဒါ့အပြင် ပိုကြိုးစားလေလေ ရနိုင်တဲ့အကျိုးအမြတ်က များလေပါပဲ။ ဒါကြောင့်သာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အကာအကွယ်ကို အများကြီးလက်မခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူကိုယ်တိုင်အနေနဲ့ကလဲ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိလာခဲ့တယ်။ ခန္ဓာကိုယ်က နာကျင်မှုကို သည်းခံလာနိုင်တာနဲ့အမျှ စိတ်စွမ်းအားကလဲ တိုးတက်လို့လာခဲ့ပါပြီ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ လှုပ်ရှားမှုတစ်ခုချင်းဆီတိုင်းမှာ လှုပ်ရှားရတဲ့ကြာချိန်ကလဲ ရှည်လျားလို့လာပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ခံနိုင်ရည်စွမ်းက ပိုမိုတိုးတက်လာလို့ပါပဲ။

ဒီလိုရှာဖွေတွေ့ရှိမှုက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရော ရေခဲဧကရီတို့ကိုပါ မျက်လုံးပြူးသွားစေခဲ့ပါတယ်။ သေးငယ်တဲ့လူသားလေးတစ်ယောက်ဖြစ်တဲ့ ဟို့ယွိဟောင်ကို သူတို့ရဲ့လေးစားမှုက ပိုလို့တိုးတက်လာခဲ့ပါပြီ။ ဒါ့အပြင် သူတို့လို ၀ိညာဥ်သားရဲကောင်တွေတောင်မှ အဲ့ဒီလောက် ပြင်းထန်တဲ့နာကျင်မှုကို ဒီလောက်အချိန်အကြာကြီး တောင့်ခံဖို့က လွယ်ကူမှာမဟုတ်ပါဘူး။ ဟို့ယွိဟောင်အနေနဲ့ကတော့ လုပ်နိုင်ခဲ့ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အကူအညီက အကန့်အသတ်ရှိနေခဲ့ပေမဲ့ သူကိုယ်တိုင်းက ဆက်တိုက်ဆိုသလို တောင့်ခံနေခဲ့တာပါ။

နေ့ပြီတော့ည ညပြီတော့နေ့ ဆက်တိုက်ဆိုသလို လှည့်ပတ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ကျောက်စိမ်းရောင်အလင်းတန်းကတော့ ပိုပိုပြီး အားကောင်းလာခဲ့ပါပြီ။ ဆက်တိုက်ဆိုသလို အနီရောင်နဲ့ အဖြူရောင်အလင်းတန်းတွေကလဲ ပြောင်းလဲလို့နေခဲ့ရင်း သူ့ရဲ့အရေပြားမျက်နှာပြင်ပေါ်မှာ အရောင်တွေ မှိန်ဖျော့လာခဲ့ပါတယ်။ စွမ်းအင်တွေရဲ့ လှည့်ပတ်မှုကတော့ မူလအနေအထားထက် အများကြီးပိုပြီး သန်မာလာခဲ့ပါပြီ။

ရေခဲဧကရီက သေးငယ်တဲ့အစိတ်အပိုင်းတစ်ချို့အထိသာ ပေါင်းစည်လို့ထားခဲ့ပေမဲ့ ဟို့ယွိဟောင်အတွက်တော့ အများကြီးပိုပြီး အားပြည့်မှုဖြစ်စေခဲ့ပါတယ်။ ဒါကတော့ နှစ်ပေါင်းများစွာကြာအောင်လေ့ကျင့်ခဲ့တဲ့ ဧကရီတစ်ယောက်ရဲ့စွမ်းအားအရင်းအမြစ်ပါပဲ။

ဒီလိုအားဖြည့်မှုက ဟို့ယွိဟောင်ကြွက်သားအရိုးနဲ့ ကလီစာတွေကိုပါ ပြောင်းလဲသွားစေခဲ့ပါတယ်။ ခြေလက်တွေနဲ့ ဦးခေါင်းခွံမှာတော့ စွမ်းအားမရှိသေးပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်အနေအထားကတော့ အတော်ကို သန်မာလာခဲ့တယ်။ ဒီလိုသန်မာလာအောင် ကျင့်ကြံပြီတဲ့နောက် သူခံစားနေရတဲ့နာကျင်မှုကလဲ ဖြည်းဖြည်းချင်း လျော့ပါးလို့လာခဲ့ပါပြီ။

လက်ရှိအချိန်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ သူ့ကို ကာကွယ်ပေးဖို့မလိုတော့ပါဘူး။ ဟို့ယွိဟောင်အနေနဲ့ သူ့ဘာသာသူ ကာကွယ်နိုင်စွမ်းလဲ ရှိနေခဲ့ပါပြီ။ ခန္ဓာကိုယ်ရဲ့စွမ်းအားတွေ ဆက်တ်ိုက်တိုးတက်လာမှုက အားကောင်းပေမဲ့ သူ့ရဲ့ကျင့်ကြံဆင့်ကတော့ အဆင့်နှစ်ဆယ့်မှာရှိနေဆဲပါ။ ဘယ်လောက်တိုးတက်လာမလဲဆိုတာကိုတော့ သူကိုယ်တိုင်မသိပဲဖြစ်နေခဲ့ပါတယ်။ လက်ရှိအားနည်းနေခဲ့ပေမဲ့ ရေခဲဧကရီရဲ့ ၀ိညာဥ်စက်ကွင်းကိုသာရရင် တိုးတက်လာမယ်လို့ အပြည့်အ၀ယုံကြည်နေခဲ့တယ်။ အနည်းဆုံးတစ်ဆင့်ကနေ နှစ်ဆင့်တော့တိုးတက်မှာပါ။

“ယွိဟောင် အခုသတိထားရတော့မယ်…လက်ရှိအချိန်မှာ ပေါင်းစည်းမှုရဲ့အခြေခံက ပြီးမြောက်သွားပြီ ကျန်ရစ်တဲ့ကိစ္စက အရိုးတွေနဲ့ ပေါင်းစည်းဖို့ပဲ ဒါ့အပြင် အပြည့်အ၀ ပေါင်းစည်းမှုဖြစ်ရမှာ လက်ရှိအချိန်မှာ အရိုးထဲရှိနေတဲ့ ၀ိညာဥ်အရိုးရဲ့စွမ်းအားကို ချိတ်ပိတ်ထားပေးမယ်…လျှို့၀ှက်ပြီ စုပ်ယူစေဖို့အတွက် ခွင့်ပြုပေးမယ်,,,ဒါ့အပြင် နောက်ဆုံးအဆင့်မှာခံစားရတဲ့နာကျင်မှုက အစောပိုင်းကိစ္စတွေထက်ကို ပိုပိုပြီး ကျော်လွန်နေမှာပဲ ဆက်ပြီးတောင့်ခံထားရမယ်နော် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဒီကိစ္စမှာ မင်းကိုကူညီနိုင်မှာမဟုတ်ဘူး..အချိန်ကတော့ နှစ်နာရီကြာလိမ့်မယ် ..တောင့်ခံနိုင်မယ်ဆိုရင် ငါပေးမဲ့အရိုးကို အပြည့်အ၀ ပိုင်ဆိုင်သွားလိမ့်မယ်. ”

ရေခဲဧကရီရဲ့အသံက အများကြီးပိုပြီး နူးညံ့လို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကို သူခေါ်တဲ့လေသံကတောင် ပြောင်းလဲသွားခဲ့ပါပြီ။ ဒါ့အပြင် သူမမောပန်းတာကိုလဲ သိသိသာသာ ခံစားနေခဲ့မိပါတယ်။ သူမက သူ့ရဲ့ခန္ဓာကိုယ်ကို ဟို့ယွိဟောင်ရဲ့ ပေါင်းစပ်ပြီသား ဖြစ်နေခဲ့တာကြောင့် ကိုယ်ရဲ့အရိုးကိုထုတ်ရင်း ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးသလို ဖြစ်နေခဲ့တယ်။ သူမရဲ့ ကျင့်ကြံဆင့်မှုက အလွန်အမင်မြင့်မားနေရင်တောင် သူခံစားရတဲ့ နာကျင်မှုကလဲ ဟို့ယွိဟောင်ထက် မနည်းပါဘူး။ ဒါ့အပြင် နှစ်ပေါင်းသိန်းနဲ့ချီအောင် လေ့ကျင့်ခဲ့တာကြောင့်သာ ဟို့ယွိဟောင်ထက် သာလွန်တဲ့ခံနိုင်ရည်စွမ်းကို ပိုင်ဆိုင်ထားတာပါ။

ဟို့ယွိဟောင်လဲ အသက်ပြင်းပြင်းရှုသွင်းလိုက်ပါတော့တယ်။ ပြင်းထန်တဲ့နာကျင်မှုကို ဆက်တိုက်ခံစားနေရတာကြောင့် စကားတောင်မပြောနိုင်တော့ပါဘူး။ လက်ရှိအချိန်မှာ သူလုပ်နိုင်တဲ့တစ်ခုတည်သောအရာကတော့ ခေါင်းမာပြီ ဆုံးဖြတ်ချက်ပြတ်သားနေဖို့ပါပဲ။

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ပင်လယ်ထဲမှာရှိနေတဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကိုမကာကွယ်ပဲ နေမလား။ အဖြေကတော့ သေချာပေါက် မဟုတ်ဘူးပေါ့ ရေခဲဧကရီနဲ့ ဒီလိုပြောလိုက်တာ သူ့ရဲ့စိတ်စွမ်းအားကို နောက်တစ်ဆင့်မြင့်တင်ပေးချင်လို့ပါ။ ဒါမှသာ အဆုံးစွန်းအထိ မြင့်မားလာနိုင်တာလဲဖြစ်ပါတယ်။ လက်ရှိနာကျင်မှုကို စတင်ခံစားရချိန်မှာ သူတစ်ကိုယ်လုံးက တုန်ရီပြီ အကြောဆွဲမလို ဖြစ်သွားပါတော့တယ်။ စိတ်၀ိညာဥ်ပင်လယ်တစ်ခုလုံးကလဲ လှိုင်းတွေထလာပြီ ပျက်စီးလုမတတ်ဖြစ်သွားခဲ့ရတယ်။ နာကျင်မှုကို တောင့်ခံနိုင်ပြီ အပူနဲ့အအေးတွေကို ခံယူနိုင်ပေမဲ့ ဒီတစ်ကြိမ်မှာ ခံစားရတဲ့နာကျင်မှုက အူကလီစာတွေအားလုံးကို ပြောင်းပြန်လှန်လိုက်သလိုပါပဲ။

ရေခဲဧကရီလှုပ်ရှားလိုက်တာနဲ့ ပြင်းထန်တဲ့ယာယံနာကျင်မှုတွေကို အရိုးတစ်ခုချင်းဆီတိုင်းကနေ ခံစားရပါတော့တယ်။ မရေမတွက်နိုင်အောင် များပြားလွန်လှတဲ့ ပုရွက်ဆိတ်တွေက သူ့ရဲ့သွေးကြောတွေထဲမှာ ဖြတ်သန်းပြီ ကိုက်ဖြတ်နေသလိုပါပဲ။

ချက်ချင်းဆိုသလို ကိုယ်ခန္ဓာကိုယ်ကို ကုတ်ဖဲ့လိုစိတ်ဖျက်ဆီးလိုစိတ် ဖြစ်ပေါ်လာပါတော့တယ်။

ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က တုန်ခါလှုပ်ရှားလို့နေခဲ့ပြီ သူမတူအောင်ထိန်းချုပ်နိုင်နေခဲ့ပါပြီ။ ဒီလိုတိကျသေချာလွန်လှတဲ့ အရိုးထဲက နာကျင်မှုက အက်ကွဲတာတွေကိုတောင် ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ စောင့်ဆိုင်းလို့နေခဲ့တယ်။ အချိန်မရွေးအကူအညီလိုအပ်လာရင်း ကူညီပေးဖို့ သူပြင်ဆင်ထားခဲ့ပြီသားပါ။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ပင်လယ်က ပျက်စီးဖို့အခြေအနေ ဆိုက်ရောက်လာတာနဲ့ သူ မတွေဝေပဲ ကူညီမှာပါ။

ဒီအခြေအနေမှာ ရေခဲဧကရီလုပ်ချင်တာကို သူနားလည်ပါတယ်။ မြောက်၀င်ရိုးစွန်းရဲ့ ဧကရီတစ်ပါးအနေနဲ့ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက အရမ်းကို အားကောင်းလို့နေခဲ့တယ်။ ပြင်းထန်တဲ့နာကျင်မှုကလဲ အဆုံးစွန်းအထိကို ရောက်ရှိမှာပါ။ ဒါ့အပြင် အခြေခံပြောင်းလဲမှုက သူတို့အတွက် မရှိမဖြစ်ကို လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ သူမရဲ့အသိစိတ်ကို ထိန်းထားနိုင်ဖို့အတွက်တောင် ဒီကိစ္စက ခက်ခဲလွန်နေခဲ့တယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ရေခဲဧကရီကို စိတ်မပူနေပါဘူး။ ဟို့ယွိဟောင် တောင့်မခံနိုင်မှာကိုသာ စိုးရိမ်နေတာပါ။ ဟို့ယွိဟောင်ရဲ့ ဖြူဖျော့တဲ့ရွှေရောင်တွေ တောက်ပနေတဲ့ စိတ်၀ိညာဥ်ပင်လယ်ကြီးတစ်ခုလုံးက ဆက်တိုက်တုန်ခါလှုပ်ရှားနေခဲ့ရင်း လှိုင်းတွေလဲထလာနေခဲ့ပါတယ်။ ကျောက်စိမ်းရောင်အရိုးတွေကတော့ အစိမ်းရင့်ရောင် ပြောင်းလဲလို့သွားခဲ့ပြီ ကျောက်စိမ်းရောင်အဖြစ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒီလိုပြောင်းလဲပြီ ပေါင်းစည်းတဲ့ဖြစ်စဥ်မှာ အပြင်းထန်ဆုံးနာကျင်မှုကို ခံစားနေခဲ့ရတယ်။

ဒီလောက်ယာယံမှုကို တစ်သက်နဲ့တစ်ကိုယ်မခံစားဖူးပါဘူး။ ဒီယာယံမှုက သူ့ကို သတ်ဖြတ်နေသလိုပါပဲ။ နာကျင်မှုကို ဆက်ပြီးမခံစားနိုင်တော့ဘူးလို့ သူတွေးလိုက်မိပါတယ်။ လူသားမဆန်လောက်အောင် ပြင်းထန်တဲ့နာကျင်မှုက ဟို့ယွိဟောင် ကြုံတွေ့ခဲ့ရသမျှ နာကျင်မှုတွေအားလုံးထက်ကို ကျော်လွန်လို့နေခဲ့တယ်။

အဆုံးသတ်မှာတော့ ဟို့ယွိဟောင် စိတ်၀ိညာဥ်ပင်လယ်ထဲမှာ အက်ကွဲကြောင်းတချို့ ပေါ်ထွက်လာခဲ့ပါပြီ။ ဒီအက်ကွဲကြောင်းတွေက ပိုမိုကြီးမားလို့လာခဲ့ရင်း ပေါက်ကွဲထွက်တော့မလို ဖြစ်နေခဲ့တယ်။ အကယ်၍ ဒါသာ ဖျက်ဆီးခံလိုက်ရမယ်ဆိုရင် ဟို့ယွိဟောင်လဲ ဦးနှောက်သေသွားတော့မှာပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က တကယ်ကို လှုပ်ရှားလိုက်ပါတယ်။ ရွှေရောင်အလင်းတန်းတွေက သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ တောက်ပလာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်ရဲ့ ရူးသွပ်နေတဲ့အသံက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ နားထဲကို ၀င်ရောက်လာခဲ့ပါတော့တယ်။

” ကျွန်တော်ကို မကူညီနဲ့ ကျွန်တော်လုပ်နိုင်တယ် ”

ဒီတစ်ကြိမ်မှာတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ ပြန်ပြီနောက်ဆုတ်သွားရပါတယ်။ ဟို့ယွိဟောင်ဘယ်လောက်အထိ ခေါင်းမာလဲဆိုတာ သူသိနေခဲ့တယ်။ တခြားတစ်ဖက်မှာသူ့ရဲ့ အော်ဟစ်ဟိန်းဟောက်သံက တန်ပြန်တိုက်ခိုက်နေပြီဖြစ်တာကို ပြသနေတာပါပဲ။ ဒါ့အပြင် အစောပိုင်းတုန်းက ပေါ်လာခဲ့တဲ့အက်ကွဲကြောင်းတွေကလဲ ထူးထူးဆန်းဆန်းပုံစံနဲ့ ပြန်လည်ပျောက်ကွယ်လို့သွားပါတော့တယ်။

အပိုင်း ၄၃•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset