အပိုင်း ၄၃•၂
” တုန်လှုပ်ခြောက်ခြားဖွယ်နာကျင်မှု ”
°°°
ရေခဲဧကရီရဲ့ သက်ပြင်းချသံကြီးကို ဟို့ယွိဟောင်ကြားနေခဲ့ရပါတယ်။ အဲ့ဒီနောက် အအေးဓာတ်က သူ့ရဲ့၀ိညာဥ်နဲ့ ခန္ဓာကိုယ်တွေအားလုံးကို ထုံထိုင်သွားစေခဲ့ပါပြီ။ ဟို့ယွိဟောင်က မြေပြင်ပေါ်မှာ လှဲလှောင်လို့နေခဲ့ရင်း ရုတ်တရက်ဆိုသလို ဆက်တိုက်တုန်ခါလို့ နေခဲ့ပါတော့တယ်။ အဲ့ဒီနောက် သူ့လေထဲကို လွှင့်မျောလို့လာခဲ့တယ်။ ကျောက်စိမ်းရောင်အလင်းတန်းက သူ့ကို မတင်ပေးထားခဲ့တာပါ။ တခြားတစ်ဖက်မှာတော့ ရေခဲဧကရီရဲ့ခန္ဓာကိုယ်လဲ သူ့နဲ့အတူတူ လွှင့်မျောလို့လာပါတော့တယ်။ ပြင်းထန်အားကောင်းတဲ့ ကျောက်စိမ်းရောင်အလင်းတန်းတွေက သူမရဲ့အမြီးထိပ်ဖျားကနေ ထွက်ပေါ်လို့နေခဲ့ရင်း အစိမ်းရင့်ရောင်အဖြစ်ကို ပြောင်းလဲလို့သွားပါတယ်။ အဲ့ဒီနောက် သူမရဲ့အမြီးကို လွဲရမ်းလိုက်ရင်း ဟို့ယွိဟောင်ရဲ့ မီးညှောင့်ရိုးဆီကို သူ့အမြီးနဲ့ ထိုးစိုက်ပြစ်လိုက်တယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါလို့သွားခဲ့ပြီ သူ့ရဲ့မီးညှောင့်ရိုးတစ်ခုထဲကို တစ်စုံတစ်ရာဖြတ်သန်းစီးဆင်းသွားတာ ခံစားလိုက်ရပါတော့တယ်။ ချွန်ထက်ပြီစူးရှတဲ့ ပစ္စည်းတစ်ခုက အရေပြားထဲကို ဖောက်ထွက်လို့လာခဲ့ရင်း သူ့ရဲ့အရိုးတွေထဲမှာ ဆက်တိုက်ဆိုသလို ခိုင်ခိုင်မြဲမြဲ လာရောက်ပြီ နစ်မြုပ်ပါတော့တယ်။
ဒီနာကျင်မှုက လူတစ်ယောက်ရဲ့စိတ်အခြေအနေနဲ့ တောင့်မခံနိုင်တော့တဲ့အထိ ကြီးမားလွန်နေခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ပါးစပ်သာဖွင့်ထားခဲ့ရတယ်။ မျက်လုံးတွေကတော့ ဆက်တိုက်ပွင့်နေဆဲပါပဲ။ ဒါ့အပြင် ပြူးထွက်မတတ်လဲ ဖြစ်နေခဲ့ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ခါလှုပ်ရှားနေခဲ့ပြီ သူ့လက်ထဲမှာရှိတဲ့ အရိုးကလဲ ဆက်တိုက်ဆိုသလို တုန်ခါနေရင်း မြေပြင်ပေါ်ကို ပြုတ်ကျသွားတော့တယ်။ ဟို့ယွိဟောင်အနေနဲ့ ဒီနာကျင်မှုရောက်ရှိလာမှာကို စိတ်ကြိုတင်ပြင်ဆင်ရင် စောင့်ဆိုင်းနေခဲ့ပေမဲ့ သူက လူသားတစ်ယောက်ပါ။ ခန္ဓာကိုယ်ကို အအေးဓာတ်က ထုံထိုင်အောင်လုပ်ထားပေမဲ့ အသက်ဆက်ပြီ မရှုနိုင်တော့တဲ့အထိကို ဖြစ်သွားခဲ့ရပါတယ်။
ရွှေရောင်အလင်းတန်းလေးတွေက သူ့ရဲ့မျက်ခုံးအလယ်မှာ စတင်ပြီ စုစည်းလို့လာပါတော့တယ်။ နူးညံ့ညင်းသာတဲ့ ရွှေရောင်အလင်းတန်းတွေက သူ့ခေါင်းတစ်ခုလုံးကို လွှမ်းခြုံလို့ထားခဲ့ရင်း စိတ်၀ိညာဥ်ပင်လယ်တစ်ခုလုံးကိုလဲ ရွှေရောင်တောက်ပသွားစေခဲ့ပါတယ်။ နူးညံ့ပြီ စည်းချက်ကျကျတောက်ပနေခဲ့တဲ့ ရွှေရောင်အလင်းတန်းတွေက ဟို့ယွိဟောင်ရဲ့ဦးနှောက်ကို ကာကွယ်ပေးလို့ထားပါတယ်။ ဒါ့အပြင် မိခင်တစ်ယောက်ရဲ့ လက်တွေလိုမျိုး ၀ိညာဥ်ကို နှစ်သိပ့်ပေးနေခဲ့တယ်။ နာကျင်မှုက အဆုံးစွန်းအထိ ရောက်ရှိသွားတာကို သူက ထိန်းချုပ်ထားခဲ့တာပါ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ လှုပ်ရှားနေခဲ့ပါပြီ။ သူ့ရဲ့အကူအညီနဲ့ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က ပုံမှန်ထက် ပျော့ပြောင်းသွားပါတော့တယ်။ ရေခဲဧကရီကတော့ စတင်ပြီ ပေါင်းစည်းမှုကို အခုမှစလုပ်တာပါ။
နောက်ထပ် ကျောက်စိမ်းရောင်အလင်းတန်းတစ်ခုက လျှို့၀ှက်ဥပဒေသအရိုးဆီကို ရောက်ရှိသွားပါတယ်။ အဲ့ဒီအရိုးက လေထဲမှာ ကြောက်စရာကောင်းလောက်အောင် အရည်ပျော်သွားခဲ့တယ်။ လက်သီးအရွယ်အစားအလုံးတစ်လုံးအဖြစ်ကို ပြောင်းလဲသွားပြီတဲ့နောက် ရေခဲဧကရီလဲ ပါးစပ်ကိုဖွင့်ရင်း လေတွေကို မှုတ်ထုတ်လိုက်ပါတယ်။
မူလအခြေအနေမှာ သူမက ၀ိညာဥ်အရိုးကိုအသုံးပြုရင်း ဒီလျှို့၀ှက်ဥပဒေသအရိုးနဲ့ လိုက်လျောညီထွေးဖြစ်အောင်လုပ်ချင်ခဲ့တာပါ။ ဒီလိုနည်းနဲ့သာ ဟို့ယွိဟောင်ခံစားရမဲ့နာကျင်မှုတွေကို အများကြီးလျော့ပါးစေလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မလုပ်ဖို့ရွေးချယ်လိုက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဟို့ယွိဟောင်လိုလူသားတစ်ယောက်အနေနဲ့ နာကျင်မှုကို ဘယ်လောက်အထိ ခံစားနိုင်မလဲဆိုတာ စမ်းသပ်ကြည့်ချင်လို့ပါပဲ။
ဒီစမ်းသပ်ချက်ရဲ့ရလဒ်က သူမကို လန့်သွားစေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က သူတောင့်ခံနိုင်တဲ့အဆုံးစွန်းအထိ ရောက်ရှိနေခဲ့တာကို တုန့်ပြန်မှုအရ သိနိုင်ခဲ့ပါတယ်။ ခန္ဓာကိုယ်က ပုံမှန်မဟုတ်လောက်အောင် ခံနိုင်ရည်စွမ်းအပြည့်နဲ့ နူးညံ့လို့နေခဲ့တယ်။ ဒါ့အပြင် မသန့်စင်မှုဆိုတာက နည်းပါးလွန်လှပါတယ်။ အရေးကြီးဆုံးကတော့ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးတစ်ခုက လုံး၀ကို ပြိုကွဲမဲ့ပုံစံမရှိတာပါပဲ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် မလှုပ်ရှားရင်တောင်မှ နာကျင်မှုကြောင့် ဖျက်ဆီးခံရမဟုတ်မှန်း သေချာနေခဲ့တယ်။
ရေခဲဧကရီရဲ့ နှလုံးသားထဲမှာ လေးစားမှုတစ်ချို့ ပေါ်လာခဲ့ပါပြီ။ ဒီလိုပါရမီမျိုးနဲ့ လူသားတွေရှိတဲ့ အလားအလာက မယှဥ်သာနိုင်လောက်အောင် မြင့်မားနေတာအမှန်ပါပဲ။ သူ့တို့လိုမြင့်မြတ်တဲ့ ၀ိညာဥ်သားရဲကောင်တွေအနေနဲ့တောင်မှ မယှဥ်နိုင်ပဲ ရှိနေခဲ့တယ်။ အကယ်၍ သူမသာ လူသားတစ်ယောက်လိုမျိုး မွေးဖွားလာခဲ့မယ်ဆိုရင် ဒီလိုကိစ္စတွေကို လုပ်စရာအကြောင်းမရှိပါဘူး။ သူမအနေနဲ့ နှစ်တစ်သိန်းဘ၀ကို ရွေးချယ်ခံရမဲ့အစား လူသားအဖြစ်ပြောင်းလဲရင်းနဲ့သာ ပြန်လည်မွေးဖွားချင်ပါတယ်။
လူသားတွေဘယ်လောက်ပဲ ပါရမီရှိပါစေ သူတို့ရဲ့ သက်တမ်းကတော့ နည်းပါးလွန်လှတယ်။ အသန်မာဆုံးလူသားတောင်မှ ၀ိညာဥ်သားရဲကောင်တွေရဲ့ သက်တမ်းကို မယှဥ်နိုင်ပါဘူး။
လျှို့၀ှက်ဥပဒေသအရိုးကနေ ဖြစ်ပေါ်လာတဲ့ အရေတွေကို ရေခဲဧကရီက စုပ်ယူပါတယ်။ အဲ့ဒီနောက် အစိမ်းရောင်အရည်တွေက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို စီးဆင်းလို့သွားတော့တယ်။ နူးညံ့ပြီနွေးထွေးတဲ့ခံစားချက်ကို ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အရေခွံပေးစွမ်းခဲ့သလိုမျိုး သူ ခံစားနေခဲ့ရပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့နာကျင်မှုကလဲ ဖြည်းဖြည်းချင်း လျော့ပါးသွားခဲ့ပါပြီ။ ဒီနာကျင်မှုက အရင်ကထက်ကိုပြီး သက်သောက်သက်သာရှိနေခဲ့ပါတယ်။
ဒီလိုအဖြစ်ကို ကြုံပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ရင်ဘတ်တွေက နှိမ့်ချည်မြင့်ချည်လှုပ်ရှားလာပါတော့တယ်။ ပြင်ပက အေးစက်တဲ့လေတွေကို ပါးစပ်အပြည့်နဲ့ရှုသွင်းလို့နေခဲ့တယ်။ ဒီတစ်ကြိမ်မှာ သူ့ခန္ဓာကိုယ်ကအတော်ကို ချွေးထွက်လို့နေခဲ့ပါပြီ။ အေးစက်တဲ့မြောက်၀င်ရိုးစွန်းမှာတောင် သူ့အနေနဲ့ ရေလောင်ချထားခံရသလို ချွေးတွေထွက်နေခဲ့တယ်။ ပြင်းထန်တဲ့နာကျင်မှုက ဘယ်လောက်အထိ ဆိုးရွားလဲဆိုတာ ကြည့်နေရုံနဲ့ သိသာနေခဲ့တယ်။
ဟို့ယွိဟောင်အ၀တ်တွေကတော့ ချွေးတွေကို စုပ်ယူလို့ထားခဲ့ပါပြီ။ အဲ့ဒီနောက် ကျောက်စိမ်းရောင်အလင်းတန်း ဖျက်ဆီးတာကို ခံလိုက်ရပါတော့တယ်။ ခါးမှာရှိတဲ့လရောင်ဖြာ တံတားနှစ်ဆယ့်လေးစင်းကသာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ကြိုတင်ပြီသတိပေးထားတာကြောင့် မပျက်မစီးပဲကျန်ရစ်ခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့အ၀တ်မပါတဲ့ခန္ဓာကိုယ်က အတော်ကို ခိုင်မာနေခဲ့ပါပြီ။ တစ်နှစ်တာလုံးလုံး ကျင့်ကြံထားခဲ့ရတာတွေက အလဟာသမဖြစ်ခဲ့ပါဘူး။ လက်ရှိအချိန်မှာ သူ့အရေပြားကကြောက်စရာကောင်းလောက်အောင် ဖြူဖျော့လို့နေခဲ့ပါတယ်။ ဒါ့အပြင် မြေပြင်မှာရှိတဲ့နှင်းတွေနဲ့ တစ်သားထဲဖြစ်နေခဲ့ပါပြီ။ ဒါ့အပြင် ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေတဲ့ အရေပြားပေါ်မှာ ကျောက်စိမ်းရောက်အလင်းတန်းက ကျောရိုးထဲကို ဆက်တိုက်စီး၀င်လို့နေခဲ့ရင်း ရင်ခေါင်းရိုးအထဲထိကို ၀င်ရောက်သွားပါတော့တယ်။
ပထမဆုံးကျောက်စိမ်းရောင်အလင်းတန်းက သူ့ရဲ့ကျောရိုးထဲမှာ လှည့်ပတ်လို့နေခဲ့ပြီတဲ့နောက် အပေါ်ကို တဖြည်းဖြည်းတက်လာခဲ့ရင်း ခေါင်းအထိကို ရောက်ရှိလို့လာပါတော့တယ်။
ပြင်းထန်တဲ့နာကျင်မှုကလဲ ဒီအလင်းတန်း ဖြတ်သန်းသွားလာတဲ့နေရာတိုင်းမှာ ဖြစ်ပေါ်လို့နေခဲ့တယ်။ သူလုပ်နိုင်တဲ့တစ်ခုတည်သောအရာကတော့ တောင့်ခံတာပါပဲ။ ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုကလဲ အရမ်းကို ပြင်းထန်လို့နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရေခဲဧကရီရဲ့ ထိန်းချုပ်မှုကြောင့်သာ မလှုပ်ရှားနိုင်တာပါ။
ဟို့ယွိဟောင် သူ့ဘာသာသူ ပြောနေခဲ့မိပါတယ်။ ငါတောင့်ခံမှဖြစ်မယ်…ဘယ်လိုပဲဖြစ်ဖြစ် ငါတောင့်ခံထားမှဖြစ်မယ်။ ဒီပြင်းထန်တဲ့ နာကျင်မှုကိုတောင့်ခံဖို့ကခက်ခဲပေမဲ့ အာရုံခံနိုင်စွမ်းအားလုံးကို သူအာရုံစိုက်နေဆဲပါ။ ရေခဲဧကရီက သူ့ကို ပြောပြခဲ့ပါတယ်။ သူမအနေနဲ့ အကြောက်ဆုံးအရာကတော့ သူသတိလစ်ပြီမေ့မြောသွားမှာပါပဲ။ အကယ်၍ ဒါသာဖြစ်လာမယ်ဆိုရင် အစောပိုင်းကြိုးစားခဲ့သမျှအရာအားလုံးက ကုန်ဆုံးလို့သွားခဲ့မှာပါ။ ဒီလိုဖြစ်ဖို့လုံး၀ခွင့်မပြုနိုင်တဲ့အတွက် သူ့အနေနဲ့စိတ်ကိုကာကွယ်ထားခဲ့ရပါတယ်။ ခန္ဓာကိုယ်ကိုတော့ ရေခဲဧကရီဆီသာ အပ်ထားခဲ့လိုက်တယ်။ သူမအနေနဲ့လဲ သူသေရင်သေမှာပါ။
ဒီအတွေးတွေပြီတဲ့နောက် ဟို့ယွိဟောင်လဲ ခေါင်းမာမာနဲ့သာ ဆက်တိုက်ဆိုသလို တောင့်ခံနေခဲ့ပါတော့တယ်။ ကြောက်စရာကောင်းလောက်အောင်ပဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ ဟို့ယွိဟောင်ကို ကူညီဖို့သူဖန်တီးထားခဲ့တဲ့ ပစ္စည်းတစ်ချ်ို့က သုံးစရာတောင်မလိုခဲ့တာကို ရှာဖွေတွေ့ရှိလိုက်ရပါတော့တယ်။ ရေခဲဧကရီရဲ့ စိတ်၀ိညာဥ်အရင်းအမြစ်က ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေခဲ့တာကြောင့် သူမအနေနဲ့လဲ ဒီအံ့ဩစရာကောင်းလောက်အောင် မြင်ကွင်းကို သတိထားမိခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အပေါ် လေးစားမှုကလဲ ပြောင်းလဲလို့သွားခဲ့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ရွေးချယ်ထားတဲ့လူသားက ငယ်ရွယ်ပြီ သူ့ရဲ့အင်အားကမပြောပြလောက်ပေမဲ့ စိတ်ခွန်အားကတော့ တကယ်ကို ကြီးမားလွန်လှပါတယ်။ တကယ်ကောင်းမွန်တဲ့အရာတစ်ခုပါပဲ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့လဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ဆက်တိုက်ဆိုသလို လွှမ်းမိုးမှုပြုလုပ်နေရင်း တိတ်တဆိတ်သာ ဘေးကနေရပ်ကြည့်ပေးနေခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့ သူကိုယ်တိုင်း နာကျင်မှုကို တောင့်ခံပေးတာက အကောင်းဆုံးပါပဲ။ အထူးသဖြင့် သူ့ရဲ့စွမ်းအားကိုလေ့ကျင့်မှုကောင်းကောင်း ဖြစ်နေခဲ့ပါတယ်။ ဒီလိုသန်မာအောင်လုပ်တာက အနာဂတ်လေ့ကျင့်မှုနဲ့ ကြီးထွားလာဖို့အတွက်လဲ အသုံး၀င်လိမ့်မယ်။
ကျောက်စိမ်းရောင်အလင်းတန်းက အရိုးတွေအားလုံးကို လွှမ်းခြုံသွားပြီချိန်မှာပဲ ရေခဲဧကရီရဲ့ ခန္ဓာကိုယ်က မှိန်ဖျော့လို့သွားပါတော့တယ်။
သူမမူလခန္ဓာကိုယ်ကနေ ဖန်တီးလိုက်တဲ့၀ိညာဥ်အရိုးက သူမရဲ့စွမ်းအားအစိတ်အပိုင်းတစ်ခုပါ။ ဒီလိုပြန်လည်တည်ဆောက်တဲ့ဖြစ်စဥ်က နာကျင်ပေမဲ့ အနာဂတ်တွေကတော့ ဟို့ယွိဟောင်အနေနဲ့ ၀ိညာဥ်အရိုးတွေကို ရှာယူတာထက်အများကြီး ပိုပြီးကြီးမားနေခဲ့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က နှစ်တစ်သန်း၀ိညာဥ်သားရဲကောင်ဖြစ်နေခဲ့ပေမဲ့ ရေခဲဧကရီနဲ့ ယှဥ်လိုက်မယ်ဆိုရင် သူက ရှုံးနှိမ့်နေဆဲပါ။ ရေခဲဧကရီက မြင့်မြတ်တဲ့သွေးကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် မွေးဖွားလာချိန်ကထဲက အထွဠ်အထိပ်နေရာမှာ ရောက်နေခဲ့သူပါပဲ။ ဒါ့အပြင် သူမက အချိန်အကြာကြီးလေ့ကျင့်ထားခဲ့တဲ့သူပါ။ ဒီလိုမြင့်မားတဲ့ စွမ်းအားက ဟို့ယွိဟောင်ကို နားလည်သဘောပေါက်စေနိုင်ပါတယ်။
မူလအနေအထားအရ ဟို့ယွိဟောင်အနေနဲ့ ပြင်းထန်တဲ့ သူမရဲ့စွမ်းအားတွေကို အစိတ်အပိုင်းတစ်ချို့အထိသာ တောင့်ခံနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် အများစုကိုလဲ သူမကချိတ်ပိတ်ပေးထားခဲ့တယ်။ ဟို့ယွိဟောင်ရဲ့တောင့်ခံနိုင်စွမ်း တိုးမြင့်လာတာနဲ့အမျှ သူမလဲ ဖြည်းဖြည်းချင်းဆိုသလို အင်အားကို ထုတ်လွှတ်ပေးခဲ့မှာပါ။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ရဲ့ အစွမ်းအစက ကြောက်စရာကောင်းလွန်လှတဲ့ သည်ခံနိုင်စွမ်းကို ရောက်ရှိနေခဲ့ပါပြီီ။ ၀ိညာဥ်ပညာရှင်တွေအများစုအတွက်တော့ ၀ိညာဥ်စွမ်းအားတစ်ခုက်ို တိုးမြင့်စေတာက အတော်လေး စိန်ခေါ်စရာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သန်မာတဲ့၀ိညာဥ်စွမ်းရည်တစ်ခုကို ဆက်တိုက်ဆိုသလို တိုးတက်အောင် လေ့ကျင့်ဖို့လုပ်နိုင်တဲ့ကိစ္စက သူများတွေမှာ ဖြစ်နိုင်ပေမဲ့ ဟို့ယွိဟောင်အတွက်တော့ ဖြစ်နိုင်နေခဲ့တယ်။ သူသာအနာဂတ်မှာဆက်တိုက်ဆိုသလို တိုးတက်အောင်မြင်ခဲ့မယ်ဆိုရင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့တောင်မှ သူဘယ်လောက်အထိ မြင့်မားအောင်တက်နိုင်မလဲဆိုတာကို မသိနိုင်တော့ပါဘူး။
နတ်ဘုရားကို ဖန်တီးတယ်ဆိုတဲ့ နည်းလမ်းက လုံး၀ကို ခန့်မှန်းဖို့ခက်ခဲလှပါတယ်။ သော့်လော့တိုက်တစ်ခုလုံးမှာတောင် မရှိဘူးတဲ့အရာပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ ဒီအစီအစဥ်ကို ချမှတ်ဖို့အတွက် နှစ်ပေါင်းတစ်သိန်းနီးပါးစီစဥ်ခဲ့ရပါတယ်။ ဟို့ယွိဟောင်နဲ့ ပြီးပြည့်စုံအောင်ပေါင်းစည်းပြီတဲ့အချိန်မှာ သူမရဲ့စိတ်၀ိညာဥ်အရင်းအမြစ်ကို အောင်အောင်မြင်မြင် ချိတ်ပိတ်နိုင်လိုက်ပြီ အပိုင်းအစတွေအများကြီးအဖြစ်ကို ခွဲထုတ်လိုက်ပါတယ်။ ဒီအခြေအနေက အများကြီးပိုပြီး လွယ်ကူခဲ့သလို သေးငယ်တဲ့ပြင်ဆင်မှုတွေကိုလဲ ပြုလုပ်လို့ထားခဲ့ရတယ်။ လက်ရှိအချိန်မှာတော့ ရေခဲဧကရီကို ဆက်တိုက်ဆိုသလို ညွှန်ကြားပေးနေရင်း ဟို့ယွိဟောင်ရဲ့စွမ်းအားကို အသုံးပြုကာ တောင့်ခံခိုင်းနေခဲ့ရပါတယ်။ ဒါမှသာ ပေါင်းစည်းမှုက အောင်မြင်မှာပါ။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကလဲ ပြင်းပြင်းထန်ထန် တုန်ခါလို့နေခဲ့ပါတယ်။ သူ့ရဲ့အရေပြားပေါ်မှာ ရေခဲတွေက အလုံးလေးတွေတောင် ဖြစ်လာခဲ့ပါပြီ။ ဒါကလဲ ထွက်လာခဲ့တဲ့ ချွေးတွေကနေ အလုံးဖြစ်သွားတာပါပဲ။ ဒွာယခုနှစ်ပေါက်ကနေလဲ သွေးတွေကဆက်တိုက်စိမ့်ထွက်လို့လာခဲ့ပါတယ်။ အရေပြားရဲ့ အလွှာတွေပေါ်မှာရှိတဲ့ ရေခဲအလုံးတွေကလဲ နီရဲလို့သွားပါပြီ။ သူ့အရိုးတွေရဲ့ ပြန်လည်တည်ဆောက်ပြီ သွေးလှည့်ပတ်နေတဲ့ အရှိန်နှုန်းက ကြောက်စရာကောင်းလောက်အောင် မြန်ဆန်းလို့နေခဲ့တယ်။ အကယ်၍ ဒီနေရာမှာ တခြားတစ်ယောက်ယောက်ကသာ ရှိခဲ့မယ်ဆိုရင် သေချာပေါက် ပေါက်ကွဲပြီသေဆုံးသွားမှာပါ။ လက်ရှိအချိန်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့က သူ့ကို ကာကွယ်ထားတဲ့အတွက်ကြောင့် ဒီလိုမပေါက်ကွဲပဲ ရှိနေခဲ့ပါတယ်။
သွေးလှည့်ပတ်မှုကို အရှိန်မြင့််တင်လိုက်တာက အရိုးကိုပေါင်းစည်းတဲ့အချိန်မှာလဲ ပိုမို မြန်ဆန်လာစေပါတယ်။ တခြားတစ်ဖက်မှာ သူတို့နှစ်ယောက်က ဟို့ယွိဟောင်ရဲ့အတွင်းကလီစာတွေ စွမ်းအင်အရင်းအမြစ်တွေ အသားတွေအရိုးတွေကာကွယ်ပေးနေခဲ့ပါတယ်။ အတွင်းခန္ဓာကိုယ်တွေအားလုံးကို အလွှာတစ်လွှာနဲ့ ထုတ်ပိုးပြီ ကာကွယ်ထားသလိုပါပဲ။ သွေးဘယ်လောက်ပဲမြန်မြန်ဆန်ဆန် လှည့်ပတ်ပါစေ သူတို့နှစ်ယောက်က ဟို့ယွိဟောင်ရဲ့ အတွင်းပိုင်းကို မထိခိုက်အောင် တားဆီးလို့ထားနိုင်ပါတယ်။ ပြင်းထန်တဲ့ပေါင်းစည်းမှုကြောင့် ခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာ ကြောက်စရာကောင်းတဲ့ပုံရိပ်တစ်ခုပေါ်လာတာကို မြင်တွေ့လိုက်ရပါတယ်။ ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေက ရွှေရောင်တောက်ပနေဆဲပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကို စိတ်၀ိညာဥ်ပင်လယ်မှာ ကာကွယ်မပေးထားပေမဲ့ သိုင်းပညာ၀ိညာဥ်ကိုတော့ ကာကွယ်ပေးထားပါတယ်။
အသိဉာဏ်ရှိတဲ့ ၀ိညာဥ်စက်ကွင်းဖြစ်နေတဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်မျက်လုံးကို အဓိက ကာကွယ်ပေးတဲ့သိုင်းပညာ၀ိညာဥ်ပါပဲ။ ဒါ့အပြင် စိတ်၀ိညာဥ်မျက်လုံးရဲ့ အနာဂတ်ကို အပြည့်အ၀ထိန်းချုပ်ပေမဲ့သူပါ။ ရေခဲဧကရီကတော့ ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီ သိုင်းပညာ၀ိညာဥ်ဖြစ်လာပါလိမ့်မယ်။ ဟို့ယွိဟောင်အနေနဲ့လဲ အမွှာသိုင်းပညာ၀ိညာဥ်နှစ်ခုအဖြစ်ကို ရောက်ရှိလိမ့်မယ်။
အစပိုင်းမှာ ကျောက်စိမ်းရောင်အလင်းတန်းတွေက သူ့ရဲ့ကျောရိုးတွေနဲ့ နံရိုးတွေကိုသာ စတင်ပြန့်နှံ့တာပါ။ အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ပိုပိုပြီး ကျယ်ပြန့်လို့လာသလို ခန္ဓာကိုယ်ရဲ့ရှိရှိသမျှ အရိုးအဆစ်တွေအားလုံးဆီ ရောက်ရှိ လာပါတော့တယ်။
ဟို့ယွိဟောင် ခံစားနေရတဲ့နာကျင်မှုကလဲ ပြောင်းလဲလို့သွားပြန်ပါပြီ။ အစောပိုင်းတုန်းက ပြန့်နှံ့နေခဲ့တဲ့ နာကျင်မှုကလက်ရှိအချိန်မှာ ပူပြင်းမှုအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါတော့တယ်။
အပိုင်း ၄၃•၂ ပြီး၏။