Switch Mode

Chapter – 43.1

တုန်လှုပ်ခြောက်ခြားဖွယ် နာကျင်မှု

အပိုင်း ၄၃•၁

” တုန်လှုပ်ခြောက်ခြားဖွယ်နာကျင်မှု ”
°°°
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စကားကိုကြားပြီချိန်မှာတော့ ရေခဲဧကရီက တွေဝေသွားခဲ့ပါတယ်။

” နင်သေချာရဲ့လား ”

သူမဆုံးဖြတ်ချက်ချပြီတဲ့နောက် ကိုယ်တိုင်လဲကြိုးစားရမှာပါ။ အကယ်၍ ကျရှုံးခဲ့မယ်ဆိုရင် သူမရဲ့ စိတ်၀ိညာဥ်စွမ်းအားက မူလခန္ဓာကိုယ်ကို ပြန်လည်ရောက်ရှိနိုင်ရင်တောင် စွမ်းအင်ရဲ့တိုးတက်မှုကို လုပ်ဆောင်နိုင်တော့မှာမဟုတ်ပါဘူး။ သူမနေနဲ့ ဘယ်လိုလုပ်သတိကြီးကြီးမထားပဲ နေနိုင်မှာလဲ။

” မင်းသာ ငါနဲ့အတူတူ ကြိုးစားမယ်ဆိုရင် ကိုးဆယ့်ရာခိုင်နှုန်းကအောင်မြင်တယ် ..ကျန်ရစ်တဲ့ ဆယ့်ရာခိိုင်နှုန်းက ယွိဟောင်ကို အားကိုးရမှာပဲ ဒီမှာ ငါမင်းကို မိတ်ဆက်စရာရှိတယ်…ယွိဟောင် ဒါက ပင်းပင်းလို့ခေါ်တယ်အယ်ငါပြောချင်တာ ရေခဲဧကရီ ဒါ့အပြင် အဲ့ဒီရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီက မြောက်၀င်ရိုးစွန်းရဲ့ ဧကရာဇ်သုံးပါးထဲမှာ နံပါတ်နှစ်နေရာကိုရရှိထားတဲ့ ရေခဲဧကရီ ဒါက ဟို့ယွိဟောင် သူကစိတ်၀ိညာဥ်မျက်လုံးကို ပိုင်ဆိုင်ထားတဲ့သူ ဒါ့အပြင် ငါအခြေခံပြီ သင်ပေးထားတာ​ကြောင့် ရေခဲအမျိုးအစားသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့လက်ရှိအချိန်မှာ သူ့ရဲ့ ရေခဲအမျိုးအစား သိုင်းပညာ၀ိညာဥ်က အဓိက ၀ိညာဥ်စက်ကွင်းကို လိုအပ်တယ်..ပြောရမယ်ဆိုရင် ငါလိုမျိုးနောက်ထပ် အသိဉာဏ်ရှိတဲ့ ၀ိညာဥ်စက်ကွင်းတစ်ခုကို လိုအပ်တာပေါ့ ဒီရေခဲအမျိုးအစားစွမ်းရည်က ဘာမှန်းမသိရသေးတာကြောင့် မင်းအနေနဲ့ ပေါင်းစည်းပြီရယူဖို့ လိုအပ်တယ်..မင်းသာ သူနဲ့ပေါင်းစည်းလိုက်ပြီဆိုရင် ပထမဆုံးရေခဲအမျိုးအစား သိုင်းပညာ၀ိညာဥ်ရဲ့ ၀ိညာဥ်စက်ကွင်းဖြစ်လာလိမ့်မယ်…ဒါ့အပြင် မင်းကိုယ်တိုင်းကလဲ သိုင်းပညာ၀ိညာဥ်ဖြစ်လာတယ်…ဒါကြောင့် မင်းက သူ့ရဲ့ ဒုတိယမြောက် သိုင်းပညာ၀ိညာဥ်ပဲ ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီပေါ့ ”

” မင်္ဂလာပါ ရေခဲဧကရီ “‘

ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။ သူ့အသံကတော့ အတော်လေးကို နှိမ့်နှိမ့်ချချ ရှိနေခဲ့ပြီ သူ့ရဲ့ခံစားချက်တွေကို မထုတ်ဖော်မိအောင် ကြိုးစားနေခဲ့တယ်။

ရေခဲဧကရီက တခဏတာ တွေဝေသွားပြီတဲ့နောက် ပြောလာခဲ့ပါတယ်။

” မင်္ဂလာပါ ဒီဖြစ်ရပ်မှာ တောင့်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ် ..အကယ်၍ မတောင့်ခံနိုင်ဘူးဆိုရင် ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံးက ပျက်သုန်းသွားလိမ့်မယ်…ဒါ့အပြင် ဆိုးကျိုးကိုလဲ ခံစားရမှာပဲ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကိုပြောတဲ့လေသံနဲ့မတူညီပဲ ဟို့ယွိဟောင်ကိုပြောတဲ့ သူမရဲ့လေသံက အများကြီးပိုပြီး နူးညံ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တော့မှာကို ကိုယ်တိုင်လက်ခံထားတာကြောင့် ဒီလူသားလေးနဲ့ မိတ်ဆွေဖွဲ့ဖို့ ရည်ရွယ်လိုက်တာလဲ ဖြစ်မှာပါ။

ရေခဲဧကရီရွေးချယ်ပြီတဲ့နောက် သူမအနေနဲ့ အံ့ဩစရာတစ်စုံတစ်ရာကို လုပ်ဆောင်လိုက်ပါတယ်။ ဒီလိုရွေးချယ်မှုက သူမရဲ့ မြင့်မားတဲ့နေရာကို လုံး၀ ပြောင်းလဲသွားစေမှာပါ။ ဟို့ယွိဟောင်အနေနဲ့လဲ ဒီလိုပြောင်းလဲနိုင်တဲ့ ပုံစံကိုကြည့်ရင်း စိတ်ထဲမှာ ချီးမွမ်းနေခဲ့မိတယ်။ ရေခဲဧကရီက ပုံမှန်အတိုင်းသူ့ရဲ့ သိုင်းပညာ၀ိညာဥ်စက်ကွင်း ဖြစ်လာတော့မှာကြောင့် ဒါတွေလုပ်ဖို့အတွက်ဆိုရင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို မှီခိုရမယ်မှန်း သူသိနေခဲ့ပါတယ်။

” ငါတို့တွေ အခုမြောက်၀င်ရိုးစွန်းရဲ့ အပြင်နယ်မြေကို ရောက်နေပြီ ရေခဲဧကရီရဲ့ ခန္ဓာကိုယ်က မကြာခင်မှာ အားကောင်းတဲ့အရာတစ်ခုအဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်..နှင်းဧကရီကလွဲလို့ ဘယ်သူမှ ငါတို့အနားကို မကပ်နိုင်ဘူး..သူ့ရဲ့ခန္ဓာကိုယ်သာ ရှိနေလို့ကတော့ ဧရာမရေခဲနတ်ဆိုးဘုရင်တောင်မှ ဒီနေရာကို လုံး၀မကပ်၀ံ့ပဲ ရှောင်ရှားသွားရမှာပဲ ဒီလိုအဟန့်အတားမျိုးနဲ့ ငါတို့လုံလုံခြုံခြုံနေနိုင်မှာ သေချာတယ်..ဘယ်လိုပြဿနာမှလဲ မရှိနိုင်ဘူး…လက်ရှိငါတို့အချိန်မှာ ပေါင်းစည်းတဲ့ကိစ္စကိုပဲ ဆွေးနွေးရတော့မယ်…ရေခဲဧကရီ ဟို့ယွိဟောင်ပေါင်းစည်းမဲ့နည်းလမ်းကို ငါပြောပြမယ်…ဒါကြောင့် ခဏလောက် စကားပြောကြစို့ ”

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်က အတော်ကို ငြိမ်သက်သွားခဲ့ပါတယ်။ စိတ်အခြေအနေကို ထိခ်ိုက်မှာမျိုး မဖြစ်စေဖို့အတွက် ဒီပေါင်းစည်းမှုဘယ်လိုသွားမလဲဆိုတာ သူတို့ကသူ့ကို မသိစေချင်ပါဘူး။ ဒါကြောင့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီ နှစ်ယောက်က တခြားနည်းလမ်းကို အသုံးပြုကြပါတယ်။

အချိန်တခဏတာပြီတဲ့နောက် ရေခဲဧကရီက သက်ပြင်းချလိုက်ပါတယ်။

” အကယ်၍ ငါတို့ဒီအတိုင်းသာလုပ်မယ်ဆိုရင် အောင်မြင်နိုင်ချေများတာပေါ့ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က အားနည်းနေသေးတယ်…ဒါကြောင့် ပေါင်းစည်းတဲ့ပုံစံကိုတော့ ပြောင်းလဲရမယ်…ပထမဆုံးအနေနဲ့ သူ့ခန္ဓာကိုယ်ကို အားကောင်းအောင်လုပ်ပြီ ပေါင်းစည်းမှုအပြည့်အ၀ အောင်မြင်လာအောင် လေ့ကျင့်ပေးရမယ်…ငါက အသိဉာဏ်ရှိတဲ့ ၀ိညာဥ်စက်ကွင်းဖြစ်တော့မှာဆိုတော့ တတ်နိုင်သလောက် ငါ့ရဲ့အင်အားတွေအားလုံးကို သူ့ခန္ဓာကိုယ်ဆီ လွှဲပြောင်းပေးချင်တယ် ”

” မင်းပြောချင်တာ မင်းရဲ့အရိုး မင်းရဲ့၀ိညာဥ်နဲ့ နောက်ဆုံးမင်းရဲ့၀ိညာဥ်စက်ကွင်းအထိ သူ့ကို လွှဲပြောင်းပေးချင်တယ်ပြောနေတာလား ”

” ဟုတ်တယ် အကယ်၍ ငါတို့သာ နင်ရဲ့နည်းလမ်းကို အသုံးပြုမယ်ဆိုရင် ရှစ်ဆယ့်ရာခိုင်နှုန်းအောင်မြင်နိုင်ချေရှိတယ်..ငါ့မှာရှိတဲ့ ၀ိညာဥ်စွမ်းအားကို လျှော့တွက်ထားမိပုံပဲ ငါ့ရဲ့၀ိညာဥ်စွမ်းအားက ကြောက်စရာကောင်းလွန်တယ်…ဆက်တိုက်ချိတ်ပိတ်ပြီး တားဆီးထားနိုင်မယ်ဆိုရင်တောင် တစ်စုံတစ်ရာက အပြင်ကို လွှင့်ထွက်သွားမှာပဲ ဟို့ယွိဟောင်အနေနဲ့လဲ ဒီလိုလွှင့်ထွက်သွားတာကို တောင့်ခံနိုင်မှာ မဟုတ်တာ ငါစိုးရိမ်မိတယ်…ဒါကြောင့် ပိုပြီး သတိထားစေချင်တာပေါ့ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အသံက ပြောင်းလဲလို့သွားရင်း နူးညံ့လာခဲ့ပါတယ်။

” ပင်းပင်း မင်းက ငါ့ကို ဒီလောက်အထိယုံကြည်တယ်ပေါ့ အကယ်၍ ငါတို့ဒီလိုလုပ်မယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်ကို တိုက်ရိုက်ဖျက်ဆီးလိုက်ပြီ လုံး၀ လွှတ်လမ်းမရှိမှာ သေချာတယ်နော် ငါတကယ်စိတ်ထိခိုက်သွားမိတယ် ”

” နင်အခုပဲ သွားသေလိုက်တော့ ”

ရေခဲဧကရီရဲ့အသံက အေးစက်လို့သွားပါတယ်။

“ငါသာလွှတ်လမ်းရှိနေဦးမယ်ဆိုရင် ဒါတွေကိုဘာလို့ လာလုပ်နေရဦးမှာလဲ ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ သေချာပေါက် အစွမ်းကုန်လုပ်ရမယ်လေ အလွဲအချော်လေးတစ်ခုဖြစ်မှာကိုတောင် ငါစိုးရိမ်မိတယ်..ဒါကြောင့် လုံး၀ကို အမှားမခံနိုင်ဘူး …ငါ့ကို ဒီလိုလိုက်ပြီတွယ်ကပ်မနေနဲ့တော့ ကောင်းကင်အိပ်မက် ငါရဲ့စွမ်းအားတွေက ယွိဟောင်ခန္ဓာကိုယ်ထဲမှာ သူ့နဲ့ပေါင်းစည်းပြီတာနဲ့ ပေါ်လာမှာကိုသိတယ်မလား အဲ့ဒီအချိန်မှာ သိကြသေးတာပေါ့ ”

ရေခဲဧကရီရဲ့စကားတွေကို ကြားချိန်မှာတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လဲ ချက်ချင်းဆိုသလို လိမ်မာသွားပါတော့တယ်။

” ရေခဲဧကရီပြောတဲ့ အရိုးနဲ့၀ိညာဥ်တွေဆိုတာ ဘာတွေလဲ ”

ရေခဲဧကရီရဲ့ အပြုအမူနဲ့ စကားပြောဆိုပုံတွေက ဟို့ယွိဟောင်ကို ရည်ညွှန်ပြောဆိုချိန်မှာ အတော်လေး နူးညံ့ပါတယ်။ သူမ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတယ်။

” ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ နည်းလမ်းအရဆိုရင် ငါက ရေခဲအမျိုးအစား သိုင်းပညာ၀ိညာဥ်အဖြစ်ကို တိုက်ရိုက်ပုံသွင်းပြီး ဖြစ်ပေါ်လာရမယ်…အဲ့ဒီနောက်မှာ ငါခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအင်တွေက ၀ိညာဥ်စက်ကွင်းအဖြစ်ကို ပြောင်းလဲသွားလိမ့်မယ်…လူသား၀ိညာဥ်ပညာရှင်တစ်ယောက်အနေနဲ့ ငါတို့လို နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်တွေက ၀ိညာဥ်အရိုးဖန်တီးနိုင်တယ်ဆိုတာ သိမှာပါ ငါလဲအတူတူပဲ နှစ်ပေါင်းလေးသိန်းနီးပါးကျင့်ကြံလာခဲ့တဲ့အတွက် ငါ့ရဲ့အသားအပြည့်နဲ့ခန္ဓာကိုယ်က အရိုးတွေအများကြီးအဖြစ်ကို ပြောင်းလဲပေးနိုင်တယ်..ဒါပေမယ့် ငါပေးနိုင်တဲ့အရိုးက သာမန်နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ထက် အများကြီးကောင်းလွန်တယ်..ဒါ့အပြင် ပုံစံကိုလဲ ပြောင်းလဲနိုင်သေးတယ်…စိတ်ကြိုက်အရိုးကို ရွေးချယ်လို့လဲရတယ်..ဒါကြောင့်သာ ပထမဆုံးအနေနဲ့ ၀ိညာဥ်အရိုးနဲ့ပေါင်းစည်းဖို့ကူညီပေးမယ်.. ဒီလိုနည်းနဲ့ခန္ဓာကိုယ်ကလဲ အရမ်းကို သန်မာလာလိမ့်မယ်…ဒါပြီးရင်းတော့မှ ၀ိညာဥ်စွမ်းအားကို ခန္ဓာကိုယ်ထဲ ထည့်ပေးရင်းကနေ ၀ိညာဥ်အရိုးနဲ့ ပေါင်းစည်းစေမယ်…ပေါင်းစည်းတဲ့အခြေအနေကတော့ ပိုပြီး မြန်ဆန်းလာမှာပေါ့ ”

လက်ရှိအချိန်မှသာ သူမပြောချင်တာကို ဟို့ယွိဟောင်လဲနားလည်သွားခဲ့ပါတော့တယ်။ ဒါကြောင့် လွှတ်လမ်းမရှိဘူးလို့ ပြောလာခဲ့တာပါ။ အမှန်ပါပဲ သူမရဲ့ခန္ဓာကိုယ်က ပထမဆုံးအနေနဲ့ စတေးလိုက်ရင်း သူ့ခန္ဓာကိုယ်နဲ့ လာပေါင်းစည်းမှာပါ ကျရှုံးခဲ့မယ်ဆိုရင် သူသေမှာအမှန်ပါပဲဲ။ ဒီလိုနည်းလမ်းက တကယ်ကိုလွှတ်လမ်းမရှိနိုင်ပါဘူး။ ဟို့ယွိဟောင်အနေနဲ့လဲ သူ့မအပေါ်မှာ အတော်ကို အမြင်ကြည်သွားခဲ့ရပါတယ်။ ဒါကြောင့် သူအလေးအနက်ပြောလာခဲ့တယ်။

” ရေခဲဧကရီ ဒါဆိုရင် ကျွန်တော်ဘာများကူညီပေးရပါ့မလဲ ”

သူကျေးဇူးတရားအပြည့်နဲ့ ပြောနေရုံမက ဒီအရာက နှစ်ဖက်စလုံးအကျိုးရှိမဲ့ကိစ္စကို လုပ်ဆောင်ရမဲ့အရာပါ။ ရေခဲဧကရီအတွက်တော့ သူမရဲ့ပေါင်းစည်းတာက အအောင်မြင်ဆုံးရလဒ်ကို ရရှိအောင်ဖန်တီးဖို့ ဖြစ်နေခဲ့ပါတယ်။

” ငါက ကိုယ်စိတ်ကိုယ်သဘောချပြီ လုပ်တာကြောင့် ဒီလိုပေါင်းစည်းတဲ့အချိန်မှာ ဘာပြဿနာမှရှိမှာမဟုတ်ဘူး..ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ အရိုးထဲက ရှိရှိသမျှ စွမ်းအားတွေအားလုံးအပြင်ကို လျှံမထွက်ပဲနဲ့ ရှိနေလိမ့်မယ်…ဒါပေမယ့် အဲ့ဒီမှာ ပြဿနာရှိတယ်…ပြင်းထန်လွန်လှတဲ့ နာကျင်မှုကို ခံစားရမှာဖြစ်တာကြောင့် သေချာပေါက် တောင့်ခံထားရမှာပဲ ငါဒီအကြောင်းကို တွေးထားခဲ့ပြီးပြီ နင်အတွက်အသင့်တော်ဆုံး၀ိညာဥ်အရိုးက ကျောရိုးပဲ ငါ့ရဲ့နှစ်လေးသိန်းရှိတဲ့ ကျင့်ကြံမှုနဲ့ဆိုရင် ရှိရှိသမျှအရိုးတွေအားလုံးကို အစားထိုးပေးနိုင်ဖို့အတွက် ယုံကြည်ချက်အပြည့်ရှိနေတယ်…ဥပမာအားဖြင့်ဆိုရင် နံရိုးနဲ့တစ်ကိုယ်လုံးကခြေတံရိုးတွေပဲ ဒါပေမယ့် ငါ့ရဲ့၀ိညာဥ်အရိုးမှာပါ၀င်တဲ့ စွမ်းအားပမာဏက အရမ်းကို များပြားလွန်တာကြောင့် အရိုးတစ်ခုထည့်ပေးလိုက်ရုံနဲ့ကို တည်ဆောက်မှုတွေအားလုံးက ပြောင်းလဲသွားလိမ့်မယ် ..ဒီဖြစ်စဥ်က ကြာမြင့်ရုံတင်မကပဲ နာကျင်မှုကလဲ အဆုံးစွန်းအထိကို ရောက်ရှိလိမ့်မယ်..ရှိသမျှအရိုးတွေအားလုံး ချိုးခံရပြီ အသစ်ပြန်တည်ဆောက်တာကို ခံစားရမှာပဲ နာကျင်မှုကို တောင့်ခံနိုင်ပါ့မလား ငါ့ရဲ့စွမ်းအင်က ခန္ဓာကိုယ်ကိုကာကွယ်ထားမှာဖြစ်ပေမဲ့ စိတ်ကိုတော့ ကိုယ်တိုင်းပဲ ထိန်းချုပ်မှရမယ်..အကယ်၍ ပြင်းထန်တဲ့ နာကျင်မှုကို မခံစားနိုင်ပဲ စိတ်လွှတ်သွားခဲ့မယ်ဆိုရင် အားလုံးက အလဟာသဖြစ်သွားလိမ့်မယ်”

ဟို့ယွိဟောင်ရဲ့၀ိညာဥ်အရိုးအပေါ်နားလည်မှုက ကျောင်းမှာသင်ကြားခဲ့ရတာကြောင့် မနှိမ့်ပါးခဲ့ပါဘူး။ ဒါ့အပြင် တန်ဖိုးအကြီးဆုံးအရာက ဦးခေါင်းခွံအရိုးနဲ့ ရင်ခေါင်းရိုးတို့ပါ။ အဲ့ဒီနောက် ခြေလက်အရိုးလေးဘက်ဖြစ်ပါတယ်။ ရင်ခေါင်းရိုးကတော့ အမှန်အတိုင်ပြောရမယ်ဆိုရင် ကျောရိုးနဲ့အတော်လေးကို နီးစပ်လို့နေခဲ့ပါတယ်။ ဒါပေမယ့် ရင်ခေါင်းရိုးထဲမှာရှိတဲ့ အရိုးတွေအကုန်လုံးတော့ မဟုတ်ပါဘူး။ ဥပမာအားဖြင့် အဲ့ဒီရင်ခေါင်းရိုးအပြင် နံရိုးနဲ့တခြားအရိုးအသေးတွေလဲ ထပ်ရှိနေခဲ့ပါသေးတယ်။ သူတို့တွေအားလုံးကို ပေါင်းစည်းနိုင်ဖို့အတွက် နှစ်တစ်သိန်းသားရဲကောင်တွေအများကြီးကို သတ်ဖြတ်ပြီရယူဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်တဲ့အရာပဲ။

ရေခဲဧကရီအနေနဲ့ သူ့ကို အရိုးတစ်ခုပဲပေးနိုင်မှာပါ။ ဒီအရိုးကလဲ ရင်ခေါင်းရိုးနဲ့ နောက်ထပ်အရိုးနှစ်ခုကို ပြောင်းလဲပေးစေနိုင်တဲ့ အစွမ်းသတ္တိနဲ့ညီမျှပါတယ်။ သူမဆီကနေ ဘယ်လို၀ိညာဥ်စွမ်းရည်ကိုပဲ ရရှိနိုင်ပါစေ သေချာပေါက် သူမတူအောင်ထူးခြားတဲ့ အင်အားကိုလဲ ပိုင်ဆိုင်နိုင်မှာပါ။ နှစ်ပေါင်းတစ်သိန်းရှိတဲ့ ၀ိညာဥ်စက်ကွင်းနဲ့ ၀ိညာဥ်အရိုးတွေက သူ့ကို ၀ိညာဥ်စွမ်းရည်နှစ်ခု ပေးနိုင်ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ သူ့ကို အဆင့်နှစ်ဆယ်အထိ ရောက်အောင်အတင်းအကြပ်တွန်းအားပေးခိုင်းပြီ လောကကို ပြောင်းလဲစေနိုင်တဲ့ စွမ်းအားပေါင်းစည်းမှုကို ပြုလုပ်ပေးမယ်ဆိုတာ လိမ်ညာခဲ့တာမဟုတ်ရပါဘူး။

” ရေခဲဧကရီ ကျွန်တော်တောင့်ခံနိုင်တယ်…ဘယ်လောက်ပဲ နာကျင်ပါစေ အဆင်ပြေတယ် ”

ဟို့ယွိဟောင်ရဲ့အသံက အရမ်းကို နှိမ့်ချနေရင်း အရမ်းလဲစိတ်အားထက်သန်နေခဲ့ပါတယ်။ အင်အားဆိုတာက ဘာမှမကြိုးစားပဲ ရနိုင်တဲ့အင်အားမဟုတ်ပါဘူး။ ဒါ့အပြင် လက်လျှော့လိုက်မယ်ဆိုလို့ကတော့ ဘာများရိတ်သိမ်းနိုင်ဦးမှာလဲ လွန်ခဲ့တဲ့နှစ်မှာ သူ့အနေနဲ့ တခြားကျောင်းသားတွေထက် နှစ်ဆပိုပြီး ကြိုးစားခဲ့ပါတယ်။ ဒါကြောင့်သာ လက်ရှိအနေအထားအထိ ရောက်ရှိနိုင်ခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့အရှေ့မှာရှိနေတဲ့ အခုအခွင့်အရေးက ဘယ်လောက်ပဲ ပြင်းထန်တဲ့နာကျင်မှုဖြစ်ပါစေ လက်မလွှတ်နိုင်တဲ့အခွင့်အရေးဖြစ်နေခဲ့တယ်။

” ကောင်းပြီလေ ဒီလိုဖြစ်မှတော့ နောက်ထပ်အချိန်မဖြုန်းကြနဲ့တော့ ”

” ယွိဟောင် ငါတို့ပေါင်းစည်းမှုကို စတော့မယ် .ပထမဆုံးအနေနဲ့ မင်းရဲ့ လျှို့၀ှက်ဥပဒေသအရိုးကို ထုတ်ယူလာလိမ့် ဒီအရာကို ကြားခံပစ္စည်းအဖြစ် အသုံးပြုပြီး အရိုးနဲ့ပေါင်းစည်းလိုက်မယ် ..ဒါဆိုရင် နောက်ထပ်ပိုပြီး မြန်သွားလိမ့်မယ်..နာကျင်မှုလဲ နည်းနည်းလျော့တာပေါ့ အပြင်ကိုစွမ်းအားမလိုလားပဲ စိမ့်ထွက်တာလဲ ကာကွယ်ပေးနိုင်လိမ့်မယ် ”

ဟို့ယွိဟောင်လဲ လျှို့၀ှက်ဥပဒေသအရိုးကို ထုတ်ယူလာပါတော့တယ်။ ဒီတစ်ကြိမ်မှာပဲ ရေခဲဧကရီက မေးလိုက်တယ်။

” ဟို့ယွိဟောင် အဆင်သင့်ဖြစ်ပြီလား ”

ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်း ပြောလာခဲ့ပါတယ်။

” စတင်ပါတော့မယ် ”

ဒီအသံထွက်ပေါ်လာချိန်မှာပဲ အရိုးကွဲမတတ်အေးစက်မှုက ဦးနှောက်ကိုလာပြီ တိုက်ခိုက်တော့တယ်။ ဟို့ယွိဟောင် ချက်ချင်းတစ်ချက်တုန်ရီလို့သွားခဲ့ပြီ ရေခဲပြင်ထဲကို နောက်တစ်ကြိမ် ပြန်နစ်၀င်လို့သွားခဲ့ပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ခံစားရတဲ့ကွာခြားချက်က အစောပိုင်း မြောက်၀င်ရိုးစွန်းရဲ့ရေခဲအခန်းထဲမှာရှိတဲ့ ခံစားချက်နဲ့ ကွာခြားနေခဲ့ပါတယ်။ ဒီအေးစက်မှုက သူ့ရဲ့၀ိညာဥ်အထိကို လာရောက်ရိုက်ခတ်နေခဲ့တာပါ။ စိတ်တစ်ခုလုံးတောင် အေးခဲသွားသလိုပါပဲ။

” အအေးဓာတ်ကို အသုံးပြုပြီး နာကျင်မှုတွေကို ထုံကျင်သွားအောင် ပြုလုပ်ပေးမယ်..ဒါဆိုရင် ခံစားရတဲ့နာကျင်မှုကလဲ အနည်းဆုံးဖြစ်သွားမယ်.. ခန္ဓာကိုယ်က အများကြီးမဖွံ့ဖြိုးသေးဘူးမလို့ ငါလဲ မူလအရိုးတွေကို ပေါင်းစည်းပြီတဲ့အချိန်မှာ အတော်လေး ဂရုစိုက်ပေးမယ်…ဒါကြောင့်သာ ဒီဖြစ်စဥ်က အတော်ကြာမှာပဲ အဆုံးစွန်းထိရောက်မှုကို ရဖို့အတွက် မင်းလုံး၀ သတိလစ်သွားလို့မဖြစ်ဘူး…ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုတွေအပေါ်မူတည်ပြီ အပြောင်းအလဲတွေလုပ်ဖို့အတွက်သတိရှိနေမှဖြစ်မှာ ”

ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်အနေနဲ့ ပြန်မဖြေနိုင်တော့ပါဘူး။ ရေခဲဧကရီအနေနဲ့လဲ နောက်ထပ် ရွေးချယ်စရာနည်းလမ်းမရှိတော့ကြောင့် သူမလဲ အစီအစဥ်အတိုင်းဆက်လုပ်ရပါတော့တယ်။

ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာ ကျောက်စိမ်းရောင်အလင်းတန်းက ဆက်တိုက်ဆိုသလို လွှမ်းခြုံလို့ထားခဲ့ပါတယ်။ စိတ်၀ိညာဥ်မျက်လုံးတွေကလဲ ကျောက်စိမ်းရောင်ပြောင်းလဲသွားခဲ့ပါပြီ။ လက်ရှိအချိန်မှာတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က တိတ်ဆိတ်လို့သွားပါတော့တယ်။ ရေခဲဧကရီကို ပေါင်းစည်းဖို့အတွက် သူ့ဘာသာသူ လုပ်ခွင့်ပြုနေခဲ့တယ်။

ကျောက်စိမ်းရောင်အလင်းတန်းနှစ်ခုက ဟို့ယွိဟောင်ရဲ့မျက်လုံးထဲကနေ ထွက်ပေါ်လို့လာခဲ့ပြီ ရေခဲဧကရီရဲ့ ကင်းမြီးကောက်ခန္ဓာကိုယ်ပေါ်ကို ကျရောက်လို့လာပါတော့တယ်။ အဲ့ဒီနောက် သူမရဲ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါလို့သွားခဲ့ပြီ အမြီးကနေ အလင်းတန်းတွေ ထွက်ပေါ်လာခဲ့တယ်။ ကျောက်စိမ်းလိုတောက်ပနေခဲ့တဲ့ ခန္ဓာကိုယ်ရဲ့အဆိပ်ဆူးတွေအားလုံးကတော့ ပိုမိုပြီး လင်းလက်တောက်ပလို့လာခဲ့ပါပြီ။

အပိုင်း ၄၃•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset