အပိုင်း ၄၂•၂
” နတ်ဘုရားကို ဖန်တီးချင်တယ်လား ”
°°°
ဟို့ယွိဟောင်အနေနဲ့ မိုးကောင်းကင်ဆီကို ခြေတစ်လှမ်းထဲနဲ့ ခုန်တက်သွားနိုင်မယ်လို့ မမျှော်လင့်ထားခဲ့ပေမဲ့ သူ့ကိုယ်တိုင်းကလဲ ရေခဲကျောက်စိမ်းဧကရီသာ ရှိလာခဲ့မယ်ဆိုရင် ရိုးရှင်းတဲ့ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တစ်ယောက်အဖြစ်သာ အဆုံးသတ်သွားမှာမဟုတ်ဘူး…နောက်တစ်နည်းပြောရမယ်ဆိုရင် အားကောင်းတဲ့တိုက်ခိုက်နိုင်စွမ်းကိုပါ ပိုင်ဆိုင်လာမှာပါ။ ရေခဲဧကရီက ဘယ်လောက်ပဲအားကောင်းတဲ့ ၀ိညာဥ်စွမ်းရည်ကို ပေးစွမ်းပါစေ ကိစ္စမရှိပါဘူး။ သေချာပေါက် ကြောက်စရာကောင်းလွန်းလှတဲ့ တိုက်ခိုက်နိုင်စွမ်းကို သူပိုင်ဆိုင်လာပါလိမ့်မယ်။ သူမရဲ့စွမ်းအားကြောင့်သာ သူမက မြောက်၀င်ရိုးစွန်းမှာ ဧကရီအဖြစ်နေရာကိုရယူထားနိုင်ခဲ့တာပါ။ ဒါ့အပြင် နှစ်ပေါင်းလေးသိန်းသက်တမ်းရှိတဲ့၀ိညာဥ်သားရဲကောင်လဲ ဖြစ်နေခဲ့ပါသေးတယ်။ သူ့ကို သေချာပေါက် ၀ိညာဥ်အရိုးတစ်ခုလဲရဖို့အတွက် အထောက်အပံ့ပြုနိုင်ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ဒါကို ဘယ်လိုများ စိတ်မလှုပ်ရှားပဲ နေနိုင်မှာလဲ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က နောက်တစ်ကြိမ် ထပ်ပြီး တိုက်တွန်းပါတော့တယ်။
” ဒါဆိုရင်ကော်ဘယ်လိုလဲ မင်းဒါကို သေသေချာချာ တွေးတောလို့ရတယ်…အခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူး..အကယ်၍ ဒီအခွင့်အရေးကသာ လက်လွှတ်သွားမယ်ဆိုရင်တောင် နောက်တစ်ကြိမ် ရောက်မလာနိုင်ဘူးနော် ငါကလဲ အရင်ကငါမဟုတ်တော့ဘူး…ဒါပေမယ့် မင်းငါရဲ့ အကြံပြုချက်ကို လက်မခံချင်ဘူးဆိုရင် မင်းကို သာမန်၀ိညာဥ်စက်ကွင်းတစ်ခုအဖြစ် ရွေးချယ်စရာမရှိပဲ ငါပြောင်းလဲရမှာပေါ့ ငါ့ရဲ့ကိုယ်ပိုင် သက်တမ်းအတွက်ကော် ငါရဲ့သခင်ပိုပြီး သန်မာလာဖို့အတွက်ကော် လုပ်ရလိမ့်မယ်…အဲ့ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် မင်းလဲ အသိစိတ်ပျောက်သွားလိမ့်မယ်..ငါ့မှာမင်းကို ဒီလိုမျိုး ပိတ်လှောင်ထားပြီးပြီဆိုမှတော့ သတ်ဖြတ်ဖို့အတွက် နည်းလမ်းတွေအများကြီးရှိမှာကို သိမှာပါ အများဆုံးအချိန်ကုန်ရုံကလွဲပြီ ဘာမှမဖြစ်နိုင်ပါဘူး…ဒါကြောင့် တခြားတစ်ဖက်မှာ မင်းအနေနဲ့လက်ခံလိုက်မယ်ဆိုရင် ထာ၀ရရှင်သန်နိုင်မဲ့ အခွင့်အရေးကို ရနိုင်မယ်…တစ်ဖက်မှာကတော့ အဆုံးမဲ့ပျက်စီးမှုရှိတယ်…ဘယ်လမ်းကို ရွေးချင်လဲ စိတ်ကြိုက်သာရွေးလိုက် ”
သူ့ရဲ့စကားတွေက ခြိမ်းခြောက်မှုနဲ့အပြည့် ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ၀ိညာဥ်သားရဲကောင်တွေရဲ့ လောကက လူသားတွေလောကနဲ့လုံး၀ကို မတူညီပါဘူး။ တစ်ဖက်လူကို ခြိမ်းခြောက်တာက ညှိနိုင်တာထက်ကိုပိုပြီး ကောင်းမွန်တဲ့ရလဒ်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က နှစ်ပေါင်းသန်းနဲ့ချီအောင် ရှင်သန်လာပြီးဖြစ်တာကြောင့် သူ့ရဲ့ပထမနှစ်ပေါင်းကိုးသိန်းရှင်သန်ခဲ့မှုက စာရွက်ဖြူလေးတစ်ရွက်လိုမျိုး ဖြူစင်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နေကုန်အိပ်နေရလို့ပါ။ မဟာကြယ်တာရာသစ်တောထဲမှာ ဆက်တိုက်ဆိုသလို အကြံအစည်နဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့ခဲ့ရပြီတဲ့နောက် သူ့ရဲ့အပြောင်းအလဲတွေနဲ့ ကြောက်စရာကောင်းလွန်လှတဲ့ ဖြတ်ကျော်ရမှုတွေက တစ်ဘ၀တာလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒါကြောင့်သာ ကောက်ကျစ်မှုနဲ့ ထက်မြက်တဲ့သူအဖြစ်ကို ပြောင်းလဲသွားစေခဲ့တာပါ။
” ငါမှာတခြားရွေးချယ်စရာရှိသေးလို့လား ”
ရေခဲဧကရီက ပြောလာခဲ့ပါတယ်။ သူမရဲ့လေသံအရတော့ လူသတ်ချင်စိတ်တွေက အပြည့်ရှိလို့နေခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပူးပေါင်းဖို့အတွက်ကို ရွေးချယ်လိုက်ပါပြီ။ သူ့ရဲ့လွတ်လပ်မှုကို မလှဲလှယ်ချင်ပေမဲ့လဲ သေနေတာထက် ရှင်နေတာက ပိုကောင်းပါသေးတယ်။ အထူးသဖြင့် သူ့လို ၀ိညာဥ်သားရဲကောင်တစ်ယောက်အနေနဲ့ပေါ့။
ကောင်းကင်အိပ်မက်ရေခဲအပိုးကောင်ကလဲ စိတ်သက်သာရာရသွားခဲ့ပါတယ်။
” မင်းက ငါအချစ်ရဆုံးသူဖြစ်နေရတာကြောင့်သာ မဟုတ်ရင် ငါလဲဒီလောက်အထိ ကြိုးစားနေမိမှာမဟုတ်ဘူးအနာဂတ်မှာတော့ မင်းဒီနေ့လုပ်လိုက်တဲ့ ရွေးချယ်မှုကြောင့် သေချာပေါက် ပျော်ရွှင်ရမှာပါ ”
” ကောင်းကင်အိပ်မက် မင်းလိုမျိုး အမှိုက်သရိုက်က ဒီအဘွားကြီးကိုလာပြီ အခွင့်အရေးယူချင်တယ်လား မင်းတို့နှစ်ယောက်သေတွင်းသာ တူးထားလိုက်တော့ အကယ်၍ ငါ့အသက်ကို စွန့်စားရမယ်ဆိုရင်တောင် နှစ်ကောင်လုံးကို တစ်ခါထဲသတ်ပြစ်မယ်…ဒီဖန်တီးထားတဲ့ ထောင်ကိုငါကိုယ့်ဘာသာကိုယ် ဖျက်ဆီးလိုက်မယ်ဆိုရင် မပျက်စီးဘူးလို့ မယုံကြည်ဘူး..ဒီလိုသာ ဖြစ်လာလို့ကတော့ နှစ်ယောက်စလုံးလဲ ငါနဲ့အတူ သေရမယ်…နင်နဲ့အတူတူ နတ်ဘုရားတစ်ပါးကို ဖန်တီးတာက အဆင်ပြေတယ်..ဒါပေမယ့် တောင်းဆိုစရာတစ်ခုရှိတယ်…အပိုစကားတွေ သိပ်ပြောမနေနဲ့ ”
” ဒီလောက်ကြီးသနားညှာတာစိတ် မရှိပဲမနေပါနဲ့ ငါဒီကိုတကယ်မင်းကြောင့်လာတာပါ ”
” ကောင်းပြီလေ ကောင်းပြီ ငါသဘောတူတယ်..မင်းရဲ့စိတ်၀ိညာဥ်မူလအရင်းအမြစ်ကို ငါအတွက် ထုတ်လွှတ်ထားလိုက် ဒီလိုမျိုး မင်းကိုလွှတ်ပေးလိုက်ဖို့ မမျှော်လင့်ပါဘူး…မင်းရဲ့ဒေါသက ဘယ်ကိစ္စကိုမှ အာမမခံချက်မရှိနိုင်ဘူးလေ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အတော်လေးကို ပါးစပ်ဖွာတဲ့သူဖြစ်ပေမဲ့ ဂရုစိုက်ပြီ အသေအချာအသေးစိတ်စေ့စပ်တဲ့သူပါ။ ရေခဲဧကရီရဲ့ အင်အားက ဒီမြောက်၀င်ရိုးစွန်းမှာ နံပါတ်တစ်ဖြစ်တဲ့သူ့က အလွယ်လေး လွှတ်ပေးတာက ကောင်းမွန်တဲ့ကိစ္စမဟုတ်နိုင်ပါဘူး။ ဒါ့အပြင် စွန့်စားမှုကလဲ များလွန်ပါတယ်။ တစ်ချိန်ထဲမှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ သူမပြောလိုက်တဲ့ ကိုယ့်ကိုကိုယ်ဖျက်ဆီးမှုနည်းလမ်းဆိုတာကိုလဲ စိုးရိမ်ရဦးမှာ ဒါ့အပြင် ၀ိညာဥ်သားရဲကောင်တွေအားလုံးက အသက်ရှင်ဖို့လမ်းကြောင်းကိုသာ အဓိက ရွေးချယ်ကြပါတယ်။ အနည်းဆုံးအသက်ရှင်ဖို့ ကောက်ရိုးလေးတစ်မျှင်းအထိဆွဲထားကြမှာပါ။
ရေခဲဧကရီရဲ့ မျက်လုံးထဲမှာ တွေဝေမှုက ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက် သူမရဲ့ စိတ်၀ိညာဥ်အရင်းအမြစ်ကို ထုတ်လွှတ်လိုက်ပါပြီ။ သူနဲ့ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကြားမှာ စိတ်၀ိညာဥ်စွမ်းအား ကွာခြားမှုက အတော်ကို ကြီးမားနေခဲ့ပါတယ်။ အကယ်၍ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကသာ သူမကို လိမ်ညာမယ်ဆိုရင်တောင် သူမအနေနဲ့ အခြေအနေတွေကို ပြောင်းပြန်လှန်ပြစ်ဖို့ မျှော်လင့်ချက်မရှိတော့ပါဘူး။
သူ့မျက်လုံးထဲက သံသယကို မြင်ချိန်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က တည်တည်ကြည်ကြည်နဲ့ ပြောလာခဲ့ပါတယ်။
” အစွမ်းထက်လှတဲ့ ရေခဲနတ်ဘုရား ကျွန်တော်ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ရေခဲတွေနဲ့ အမည်နာမကို တိုင်တည်ပြီ ကျိန်ဆိုပါတယ်…ကျွန်တော်ရဲ့ တစ်ဘ၀တာလုံးမှာ ရေခဲဧကရီကို လိမ်ညာခဲ့သည်ရှိသော် သူမကို အသိဉာဏ်ရှိတဲ့ ၀ိညာဥ်စက်ကွင်းအဖြစ် မပြောင်းလဲနိုင်ခဲ့သည်ရှိသော် ကျွန်တော်အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရပြီသေပါစေ ”
ဒီကျိန်ဆိုမှုက ဟို့ယွိဟောင်အနေနဲ့ သိပ်ပြီပြဿနာမရှိပေမဲ့ ရေခဲဧကရီရဲ့ အမြင်နဲ့ကတော့ မတူပါဘူး။ သူတို့ရဲ့မြောက်၀င်ရိုးစွန်းတစ်ခုလုံးမှာ ဒီကျိန်ဆိုမှုက ၀ိညာဥ်သားရဲကောင်တစ်ကောင်အနေနဲ့ လုပ်နိုင်တဲ့ အရေးကြီးဆုံးနဲ့ ကြောက်စရာအကောင်းဆုံးကျိန်ဆိုမှုပါပဲ။
” ကောင်းပြီ ငါနင့်ကိုယုံတယ်.”
မြောက်၀င်ရိုးစွန်းမှာ နေထိုင်တဲ့သူဖြစ်တာကြောင့် သူမရဲ့ သတ်ဖြတ်နိုင်စွမ်းက အရမ်းကို ကြီးမားလွန်လှပါတယ်။ တခဏတာ တွေဝေနေပြီတဲ့နောက် သူမဆုံးဖြတ်ချက်ချလိုက်ပါပြီ။ နောက်ဆုံးတော့လဲ လက်ရှိအချိန်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ရဲ့ခန္ဓာကိုယ်ကို ဆုံးရှုံးပြီသားဖြစ်နေခဲ့တယ်။ သူပြောလိုက်သလိုပဲ သူမအနေနဲ့လဲ ပြာမှုန့်ကနေ ပြန်လည်မွေးဖွားလာဖို့ စိတ်ကူးမရှိပါဘူး။ ဒါ့အပြင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင် သူ့ကို ဘယ်လောက်အထိ နှစ်သက်မြတ်နိုးတယ်ဆိုတာကို သူကိုယ်တိုင်းရှင်းရှင်းလင်းလင်းသိနေခဲ့ပါတယ်။ ဒါကြောင့် အဖက်ဖက်ကနေ စဥ်းစားချင့်ချိန်ပြီတဲ့နောက် သူမ နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။
ကြည်လင်တောက်ပနေတဲ့စိမ်းပွင့်လို မျက်လုံးတွေက ကျောက်စိမ်းရောင်လိုတောက်ပပြောင်းလဲလာခဲ့ပါပြီ။ သူမရဲ့အမြီးကလဲ လေပေါ်ကို မြင့်တက်သွားတော့တယ်။ သူမကို ဖမ်းချုပ်ထားရာကနေ လွှတ်ပေးလိုက်တဲ့အရာပါ။ လှပပြီ နူးညံ့တဲ့ ကျောက်စိမ်းရောင်အလင်းတန်းက သူမအမြီးဆီကနေ ဆက်တိုက်ထွက်ပေါ်လာခဲ့ရင်း ဘောလုံးလေးတွေအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ တစ်ချိန်ထဲမှာပဲ သူမရဲ့မျက်လုံးတွေကတော့ မတောက်ပတော့ပဲ မှိန်ဖျော့လို့သွားခဲ့တယ်။ ဒါက သူ့ရဲ့စိတ်၀ိညာဥ်အရင်းအမြစ်ပါ။
လူတစ်ယောက်ရဲ့စိတ်၀ိညာဥ်အရင်းအမြစ်ကို လွှင့်ထုတ်တဲ့ကိစ္စက ရိုးရှင်းတဲ့ကိစ္စဖြစ်ပေမဲ့ ၀ိညာဥ်သားရဲကောင်တွေအတွက်တော့ လုပ်ယူဖို့မလွယ်ကူပါဘူး။ ၀ိညာဥ်သားရဲကောင်အနေနဲ့ သူ့တို့ရဲ့ သက်တမ်းအကန့်အသတ်တစ်ခုကို ဖြတ်ကျော်ပြီ နှစ်ပေါင်းတစ်သိန်းကို ရောက်ရှိမှသာ ဒါမျိုးကို လုပ်နိုင်တာပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လိုမျိုး ဒီလိုပြိုင်ဘက်ကင်းတဲ့ သူအတွက်တော့ ဒါမျိုးက သိပ်ပြီမခက်ခဲပါဘူး။
သက်ပြင်းချရင်းနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ရဲ့ကိုယ်ပိုင်ရွှေရောင်အလင်းလုံးတွေကို အသုံးပြုပြီး သူ့ရဲ့အရေခွံမှာ ပြန်ကပ်လိုက်ပါတော့တယ်။ ရွှေရောင်အလင်းတန်းက ချက်ချင်းဆိုသလို ပိုပြီး အရွယ်အစား ကြီးသွားခဲ့ပါပြီ။ ကျောက်စိမ်းရောင်အလင်းလုံးကလဲ ရွှေရောင်အလင်းတန်းတွေကြားမှာ ချက်ချင်း၀ါးမြိုခံလိုက်ရပါတော့တယ်။ ဒီလို၀ါးမြိုပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို ပြန်လည်၀င်ရောက်သွားပါတယ်။
အဲ့ဒီနောက် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အရေပြားက ဟို့ယွိဟောင်ရဲ့ အေးခဲနေတဲ့ခန္ဓာကိုယ်ထဲကို ပြန်လည်၀င်ရောက်လို့ သွားခဲ့တယ်။
စိတ်၀ိညာဥ်အရင်းအမြစ်ကို ဆုံးရှုံးပြီတဲ့နောက် ရေခဲဧကရီရဲ့ မူလခန္ဓာကိုယ်က မြေပြင်ပေါ်ကို ပြုတ်ကျသွားပါတယ်။ စိတ်၀ိညာဥ်အရင်းအမြစ်က မထိန်းချုပ်ထားတော့တဲ့အတွက် သူမရဲ့ခန္ဓာကိုယ်ကလဲ စတင်ပြီ ကြောက်စရာကောင်းလွန်လှတဲ့ လူသတ်ငွေ့တွေကို ထုတ်လွှတ်နေခဲ့ပါပြီ။ ကျောက်စိမ်းရောင်အလင်းတန်းက ကောင်းကင်ပေါ်မှာပေါ်လာပါတော့တယ်။ ဒီအချက်ကိုကြည့်လိုက်ရုံနဲ့တင် သူမဘယ်လောက်အထိ ကြောက်စရာကောင်းနေလဲဆိုတာကို သိနိုင်နေခဲ့ပါပြီ။
” ကျွန်တော်ခဲပြီ သေတော့မယ် ”
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” ကောင်းကင်အိပ်မက် မင်းတကယ်ကို ရွေးချယ်မှုလုပ်တဲ့နေရာမှာ ညံ့လွန်တာပဲ ဒီကောင်က နင်လိုအမှိုက်သရိုက်လုံး၀ ဖြစ်နေတယ် ..ဒီလောက်အားနည်းတဲ့ခန္ဓာကိုယ်က ငါစွမ်းအားတွေကို တောင့်ခံနိုင်မယ်လို့ထင်လား ဒီလိုကိစ္စမျိုးဖြစ်လာမယ်ထင်လား ”
ရေခဲဧကရီက စိတ်ပျက်လက်ပျက်နဲ့ ၀င်ရောက်လာရင်း ပြောခဲ့ပါတယ်။ ဒါက ဟို့ယွိဟောင်ရဲ့စိတ်ထဲကို ရောက်ရှိနေခဲ့ပါပြီ။
ဟို့ယွိဟောင်အနေနဲ့လဲ ရုတ်တရက်ဆိုသလို စိတ်ထဲမှာ ထူးဆန်းတဲ့အတွေးတွေးမိလိုက်ပါတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ရေခဲဧကရီ မီးခိုရောင်အကြီးအကဲနဲ့ သူ့ကိုယ်တိုင်းသာ ပေါင်းလိုက်မယ်ဆိုရင် မာကျောက်စာပွဲကို စပြီကစားဖို့အတွက် သေချာပေါက် လူပြည့်သွားတော့မှာပါ။ သူတို့တွေသာ ရှိမယ်ဆိုရင် သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကြီးကတော့ အတော်ကို ပျော်စရာကောင်းနေပါတော့မယ်။
” ရေခဲဧကရီ သိပ်ပြီ စိတ်မရှည်မဖြစ်ပါနဲ့ အကယ်၍ မင်းသေသွားမယ်ဆိုရင် သူ့အနေနဲ့ မင်းရဲ့သိုင်းပညာ၀ိညာဥ်ကို စုပ်ယူဖို့မဖြစ်နိုင်ဘူး..သူ့ရဲ့လက်ရှိခန္ဓာကိုယ်က နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းကို လက်ခံမယ်ဆိုရင်တောင် ပေါက်ကွဲသွားလိမ့်မယ်…ဒီလိုမျိုး နှစ်ပေါင်းလေးသိန်းရှိတဲ့ သက်တမ်းကိုမပြောနဲ့ ဒါပေမယ့် လက်ရှိအခြေအနေမှာ ငါကူညီပေးနေမယ်ဆိုရင် လုံး၀ကို ကွာခြားသွားလိမ့်မယ်…ဒီအတိုင်းသူ့ကို ကျရှုံးစေမယ်လို့ မင်းထင်နေတာလား ”
အပိုင်း ၄၂•၂ ပြီး၏။