Switch Mode

Chapter – 42.1

နတ်ဘုရားကို ဖန်တီးချင်တယ်လား

အပိုင်း ၄၂•၁

” နတ်ဘုရားကို ဖန်တီးချင်တယ်လား ”
°°°
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ခေါင်းညိတ်ရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ဟုတ်တယ်လူသားတွေပဲ ငါတို့လိုမျိုး မြင့်မြတ်တဲ့၀ိညာဥ်သားရဲကောင်တွေ ရှိပြီ အင်အားကြီးတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့သူတွေက သူတို့ထက် သာလွန်နိုင်ပေမဲ့ ငါတို့တွေက လူသားတွေရဲ့ ပါရမီကို ယှဥ်လို့မရဘူးလေ လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်က မင်းရဲ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်နိုင်ပဲ သူတို့က မင်းကို နှစ်ပေါင်းတစ်သောင်းအတွင်းမှာ အလွယ်လေးယှဥ်ပြိုင်နိုင်တယ် .ဒါ့အပြင် ဆယ့်စုနှစ်အတွင်းမှာ နှစ်တစ်သိန်းသားရဲကောင်ကိုတောင် ပြန်ယှဥ်ပြိုင်နိုင်တယ်…ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အနာဂတ်အလားအလာကတော့ ငါတို့အများကြီးပိုပြီး မြင့်မားလို့လေ သူ့ခန္ဓာကိုယ်က ငါတို့လောက် အားမကောင်းပဲ သက်တမ်းလဲတိုးပေမဲ့ သူတို့ရဲ့အနာဂတ်တိုးတက်နိုင်စွမ်းကြောင့် မိုးကောင်းကင်ရဲ့ ကောင်းချီးမင်္ဂလာကို ရရှိထားတယ်လို့ ပြောလို့ရနိုင်တယ်…သူ့ကို ယှဥ်ပြိုင်နိုင်လို့မရဘူး..ဒါက လူသားတွေရှိတဲ့ အကျိုးကျေးဇူးပဲ ဒါပေမယ့် ငါတို့အတွက်တော့မရှိတဲ့ကိစ္စပေါ့ ”

” ဒါ့အပြင် အရေးကြီးဆုံးက လူသားတွေရောက်နိုင်တဲ့ အမြင့်ဆုံးအနေအထားအထိ ငါတို့တွေ မျှော်လင့်လို့မရနိုင်ဘူး..လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက ဘာတွေဖြစ်သွားလဲဆိုတာ မင်းမှတ်မိသေးလား ”

” ကောင်းကင်နဲ့ မြေကြီးနှစ်ခုစလုံး အရောင်ပြောင်းသွားတယ်လေ ဒါ့အပြင် နတ်ဘုရားတစ်ပါးရုတ်တရက်မွေးဖွားလာခဲ့တယ် ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြောလာခဲ့တယ်။

” အမှန်ပဲ အဲ့ဒီအချိန်မှာ ငါ့အနေနဲ့ အနည်းဆုံးနတ်ဘုရားငါးပါးအထိ ပေါ်ထွက်လာတာကို မြင်တွေ့ခဲ့ရတယ်…ဒါ့အပြင် မဟာကြယ်တာရာသစ်တောထဲက သားရဲကောင်ဘုရင်နှစ်ယောက်ကတော့ သေဆုံးသွားခဲ့ရပြီ သူတို့တွေက မဟာကြယ်တာရာသစ်တောထဲမှာ အဓိကနေထိုင်တဲ့ အင်အားအကြီးဆုံးဖြစ်တည်မှုတွေပဲ ပြောရမယ်ဆိုရင် ငါ့ရဲ့စွမ်းအားတွေကို စုပ်ယူထားပြီ အချိန်အကြာကြီးလေ့ကျင့်ထားတာကြောင့် သူတို့ရဲ့အစွမ်းအစက အားကောင်းလွန်လှတယ်..ဒါ့အပြင် သူတို့ထဲမှာ တစ်ယောက်က ဧရာမရေခဲနတ်ဆိုးဘုရင်နဲ့ တူညီတဲ့မျိုးနွယ်အသွေးအသားကို ပိုင်ဆိုင်ထားသေးတယ်..နောက်တစ်ယောက်ကတော့ နဂါးရဲ့အသွေးအသားရှိတယ်..ဒါတောင်မှ သူတို့တွေ သေဆုံးကြရသေးတာပဲ ဒါပေမယ့် သူတို့ရဲ့ရန်သူတော်တွေ သတ်ဖြတ်တာကို ခံရလို့သေဆုံးတာမဟုတ်ပဲ အင်အားအကြီးဆုံးလူသားတွေနဲ့ ပြိုင်ဆိုင်ခဲ့ရလို့ သေဆုံးခဲ့တာ ဒါ့အပြင် သူတို့ကို သတ်ဖြတ်သွားတဲ့သူက နောက်သိပ်မကြာခင်အချိန်အတွင်းမှာ အင်အားအကြီးဆုံး နတ်ဘုရားဖြစ်လာခဲ့တယ် ”

ဒီတစ်ကြိမ်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ရပ်တန့်လို့သွားရင်း ပိုမိုနက်ရှိုင်းလေးနက်တဲ့အသံနဲ့ ဆက်ပြောလာခဲ့ပါတယ်။

” ရေခဲဧကရီ မင်းရော ငါရော အမှန်တရားကို သိထားပါတယ်.. နတ်ဘုရားတွေသာ အဆုံးမဲ့တဲ့ သက်တမ်းကို ပိုင်ဆိုင်နိုင်တယ်. ”

ရေခဲဧကရီက တိတ်ဆိတ်လို့သွားခဲ့ပါတယ်။ သံကိုပူတုန်းရိုက်ရမှာဖြစ်တာကြောင့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဆက်ပြောတော့တယ်။

” ငါတို့ရဲ့၀ိညာဥ်သားရဲကောင်တွေ နှစ်ပေါင်းတစ်သိန်းသက်တမ်းကို ရောက်ရှိတဲ့အချိန်တိုင်းလူသားအဖြစ် ပြန်လည်လေ့ကျင့်ဖို့ရွေးချယ်နိုင်တယ်…ဒါပေမယ့် ဒီလိုမျိုး ပြန်လည်လေ့ကျင့်ဖို့ ရွေးချယ်၀ံ့တဲ့သူက အရမ်းကို နည်းပါးလွန်တယ်…ဘာကြောင့်လဲဆိုတော့ ငါတို့တွေ နှစ်ပေါင်းတစ်ရာအတွင်းမှာ သော့်လော့ဆိုတဲ့နေရာကို ပြန်လည်ရယူနိုင်ဖို့အတွက် အာမခံချက်မရှိတာကြောင့်ပဲ အကယ်၍ ငါတို့တွေ အဆင့်ကျော်တိုးတက်နိုင်တယ်ဆိုရင်တောင် သက်တမ်းက ငါးရာအထက်ကို ကျော်လွန်ဖို့ခက်ခဲလိမ့်မယ်..ငါတို့အတွက်တော့ နတ်ဘုရားနတ်ဘုရားတစ်ပါးဖြစ်လာဖို့ဆိုတာက ယုံတမ်းပုံပြင်သက်သက်ပဲ သော့်လော့တိုက်ကြီးတစ်ခုလုံးမှာ တည်ရှိခဲ့တဲ့ကာလက နှစ်ပေါင်းသန်းတစ်ရာကျော်နေပြီ ငါတို့လို ၀ိညာဥ်သားရဲကောင်တွေက လူသားတွေမတိုင်ခင်အချိန်က တည်ရှိခဲ့တာ ဒါပေမယ့် ငါတို့ထဲမှာ ဘယ်သူကများ ပြန်လည်ကျင့်ကြံတဲ့နည်းလမ်းကို အောင်မြင်ပြီ အဆုံးမဲ့တဲ့သက်တမ်းနဲ့ နတ်ဘုရားဖြစ်လာခဲ့ဖူးလဲ ”

” ဒါကြောင့်သာ မင်းတို့ငါတို့လို ၀ိညာဥ်သားရဲကောင်တွေက မြင့်မြတ်တဲ့သွေးသားကို ပိုင်ဆိုင်ပေမဲ့ လူသားအဖြစ် ပြန်လည်မမွေးဖွားချင်တာပေါ့ ဟုတ်တယ်ဟုတ် ”

” ငါအနေနဲ့ ဝေ၀ါးပြီ မယုံကြည်ရတဲ့ နည်းလမ်းတွေကို လေ့ကျင့်ပြီ လုပ်ဆောင်ဖို့အတွက် စိတ်ကူးမရှိခဲ့ဘူး…ဒါ့အပြင် ပြန်လည်လေ့ကျင့်တဲ့အချိန်ကာလမှာလဲ မသေဆုံးချင်ဘူး.
ဒါကြောင့် နောက်ထပ်အကောင်းဆုံးနည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့တယ်…ဒါက နတ်ဘုရားတစ်ပါးကို ဖန်တီးဖို့ပဲ နတ်ဘုရားတစ်ပါးကို ဖန်တီးတာက ငါကိုယ်တိုင်နတ်ဘုရားမဖြစ်နိုင်ပေမဲ့ ဒီနတ်ဘုရားနဲ့အတူတူ လိုက်လံပြီရှင်သန်ရင်းကနေ အဆုံးမဲ့တဲ့ သက်တမ်းကို ပိုင်ဆိုင်နိုင်တယ်…ဒါ့အပြင် အဲ့ဒီနတ်ဘုရားရဲ့ အစိတ်အပိုင်းတစ်ခုလဲ ဖြစ်လာနိုင်တယ်..ဒါကြောင့် ၀ိညာဥ်စက်ကွင်းတစ်ခုဖြစ်လာဖို့ ရွေးချယ်ခဲ့တာပဲ ဒါ့အပြင် အသိဉာဏ်ရှိတဲ့ ၀ိညာဥ်စက်ကွင်းလဲ ဖြစ်လာချင်ခဲ့တယ်…ငါရဲ့စွမ်းအားတွေက်ို အသုံးပြုပြီး သူ့ကိုနတ်ဘုရားတစ်ပါးလိုဖြစ်လာအောင် တစ်ဆင့်ပြီတစ်ဆင့် မြေတောင်မြောက်မွေးမြူးပေးမယ် ”

” မင်းပြောတာမှန်တယ်..ငါက မင်းရဲ့မျက်လုံးထဲမှာ အမှိုက်သရိုက်တစ်ခုသက်သက်ပဲ ငါက နှစ်ပေါင်းတစ်သန်းကျော်ကြာအောင် အသက်ရှင်သန်တာကလွဲပြီ တခြားဘာမှမရှိဘူး..အသိဉာဏ်ရှိတဲ့ ၀ိညာဥ်စက်ကွင်းဖြစ်လာပြီတဲ့နောက် သူ့ကို ၀ိညာဥ်စွမ်းရည်လေးခုတိတိ ပေးခဲ့တယ်…မင်းလိုနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ပေးနိုင်တဲ့ နှစ်ဆပမာဏပဲ ငါအနေနဲ့သူ့ကို ၀ိညာဥ်အရိုးတစ်ခုမပေးနိုင်ပေမဲ့ သိုင်းပညာ၀ိညာဥ်တစ်ခုပေးနိုင်တယ်…သူ့ကို အမွှာသိုင်းပညာ၀ိညာဥ်နဲ့ မွေးဖွားလာတဲ့သူဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်တယ်…ဒီလူငယ်လေးက အသက်ဆယ့်နှစ်နှစ်ပဲ ရှိသေးတယ်…ဒါပေမယ့် ငါ့ရဲ့အကူအညီနဲ့ သူ့ရဲ့ပါရမီတွေကို ကောင်းကောင်းထုတ်ဖော်ပြနိုင်နေပြီ သက်တူရွယ်တူတွေထက်လဲ အများကြီး ပိုပြီး တည်ငြိမ်သေးတယ်…ဒါ့အပြင် စိတ်ခွန်အားကလဲ အတော်ကြီးကို ကောင်းမွန်တယ်..အကယ်၍ သူသာ ငါ့ရဲ့အကူအညီရှိနေမယ်ဆိုရင် နှစ်ပေါင်းတစ်သောင်းက အဲ့ဒီလိုမျိုး နတ်ဘုရားတစ်ပါးဘာလို့မဖြစ်လာနိုင်ရမှာလဲ ဘာကြောင့်သူက နတ်ဘုရားတစ်ပါး ဘာလို့မဖြစ်လာနိုင်ရမှာလဲ ”

” နင်ဘယ်လောက်ယုံကြည်ချက်ရှိလဲ ”

ရေခဲဧကရီက နောက်ဆုံးမှာ စိတ်လှုပ်ရှားလာပြီ မေးလာခဲ့ပါတယ်။

” ငါတစ်ယောက်ထဲနဲ့ဆိုရင် သုံးဆယ့်ရာခိုင်နှုန်းပေါ့ ဒါပေါ့ ငါက တိုက်ခိုက်တဲ့နေရာမှာမတော်ဘူးလေ မင်းသိတဲ့အတိုင်း ငါ့ရဲ့စွမ်းရည်က သူ့ကို ကာကွယ်မပေးနိုင်ဘူး…ဒါပေမယ့် ”

ဒီတစ်ကြိမ်မှာ သူရပ်တန့်လိုက်ပါတယ်။

” ဒါပေမယ့် ဘာဖြစ်လဲ ”

ရေခဲဧကရီက ဆက်ပြီးမေးလာခဲ့တယ်။

” မင်းတွေးနေတဲ့ကိစ္စကို ငါသိတယ်…နောက်ထပ်လူသားတစ်ယောက်ကို ရှာဖွေပြီ ငါလိုပဲ နတ်ဘုရားတစ်ပါးကိုဖန်တီးဖို့ပေါ့ မင်းတွေးတာလဲမှန်ပါတယ်…မင်းက ငါထက်သန်မာတဲ့နေရာတွေ အများကြီးရှိနေတယ်..အကယ်၍ နတ်ဘုရားတစ်ပါးကို ဖန်တီးဖို့ကြိုးစားချင်တယ်ဆိုရင် ငါထက်ပိုပြီး အောင်မြင်နိုင်ချေများတာပေါ့ ဒါပေမယ့် မင်းမေ့နေတဲ့ တစ်စုံတစ်ရာရှိနေတယ်…မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားက ငါလောက်မသန်မာဘူး…အရေးကြီးဆုံးကတော့ ဒီလိုလေ့လာရှာဖွေမှုကို မင်းမှာလုပ်ဖို့အချိန်ရှိရဲ့လား မင်းကနှစ်ပေါင်းတစ်ရာတောင် သက်တမ်းမကျန်တော့ဘူး..ငါက ဒီကိစ္စကို နှစ်ပေါင်းသောင်းနဲ့ချီပြီ စဥ်းစားလာခဲ့တဲ့သူ ဒါ့အပြင် အစောပိုင်းတုန်းကလဲ စမ်းသပ်ချက်တွေအများကြီးလုပ်ခဲ့တယ်..နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ရတယ်….ဒါ့အပြင် တစ်ခေါက်ထဲနဲ့ အောင်မြင်ခဲ့တာမဟုတ်ဘူး…အကယ်၍ ငါမင်းကို ဒီလိုလုပ်ခွင့်ပြုလိုက်မယ်ဆိုရင်တောင် ငါသွားတဲ့လမ်းက မင်းအတွက် သင့်တော်မှာမဟုတ်ဘူး ”

” ဒါဆိုရင် ငါ့ကို ဘာလို့ဒါတွေလာပြောပြနေတာလဲ ”

ရေခဲဧကရီက ဒေါသထွက်လာပါတော့တယ်။ သူမရဲ့နှလုံးသားထဲမှာ ဖြစ်ပေါ်လာခဲ့တဲ့ မျှော်လက့်ချက်ကလေးက ပြန်လည်ရိုက်ချိုးတာ ခံလိုက်ရပါပြီ။ ဒါကြောင့် သူဒေါသမထွက်မှာ ထူးဆန်းနေမှာပါ။

” ငါမဟုတ်တရမ်းတာတွေ ပြောပြနေတာမဟုတ်ဘူး ငါက ဘယ်လိုများ မင်းကို သေခွင့်ပြုနိုင်မှာလဲ ဒီနည်းလမ်းကို ပြောပြပြီဆိုမှတော့ ငါမင်းကို သေချာပေါက် ကူညီဖို့ နည်းလမ်းတစ်ခုလဲထပ်ရှိလို့ပေါ့ မင်းတစ်ယောက်ထဲအနေနဲ့ နတ်ဘုရားတစ်ပါးကို ဖန်တီးဖို့ဆိုတာက ဖြစ်နိုင်တဲ့ကိစ္စမဟုတ်နိုင်တာအမှန်ပဲ ဒါ့အပြင် မင်းနဲ့ ပေါင်းစည်းပြီ လက်ခံဖို့လူသားတစ်ယောက်ကို ရှာဖွေတာက ပိုပြီး ခက်ခဲဦးမယ် ..မင်းရဲ့အသိစိတ်ကို သူ့ရဲ့ မူလစွမ်းအားအရင်းအမြစ်နဲ့ ပေါင်းစည်းဖို့က မလွယ်ကူနိုင်ဘူး…ဒါပေမယ့် ငါကတော့ အတွေ့အကြုံရှိတဲ့လူ လုပ်လဲလုပ်ခဲ့ပြီးပြီ ဒါ့အပြင် ငါ့ရဲ့အောင်မြင်နိုင်ချေက မင်းထက်အများကြီးပိုပြီး မြင့်မားတယ်…အနည်းဆုံးတော့ ငါ့မှာအားကောင်းတဲ့ စိတ်၀ိညာဥ်မူလအရင်းအမြစ်ရှိတယ်လေ လက်ရှိအချိန်မှာ အကယ်၍ ငါကိုယ်တိုင်းလုပ်မယ်ဆိုရင်တော့ နတ်ဘုရားတစ်ပါးကို ဖန်တီးနိုင်ဖို့ သုံးဆယ့်ရာခိုင်နှုန်းပဲ အခွင့်အရေးရှိနိုင်တယ်..ဒါပေမယ့် မင်းသာ ငါနဲ့အတူတူ ကြိုးစားမယ်ဆိုရင် အနည်းဆုံးငါးဆယ့်ရာခိုင်နှုန်းအထိကို တိုးတက်သွားနိုင်တယ်…ဒါက အနည်းဆုံးနော် ဒီလိုငါးဆယ့်ရာခိုင်နှုန်းနဲ့ ထာ၀ရအတွက်ရှင်သန်ဖို့အတွက် စွန့်စားရမှာထိုက်တန်လား ”

ရေခဲဧကရီရဲ့အကြည့်တွေက ဗလာဟင်လင်ဖြစ်သွားပါတော့တယ်။ နောက်ဆုံးမှာတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ဒီလောက်အထိ ရှင်းပြနေတဲ့ကိစ္စကို သူနားလည်သွားခဲ့ပါပြီ။ သူမရဲ့ကြည်လင်တောက်ပတဲ့ မျက်လုံးတွေက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်ကို ရောက်ရှိလို့သွားပါတော့တယ်။

ဟို့ယွိဟောင်ကတော့ ဒီစကားကိုနားထောင်နေခဲ့ရင်း သူ့ခန္ဓာကိုယ်ကတော့ အေးစက်မှုကြောင့် အတော်လေးကို အေးခဲနေခဲ့ပါပြီ။ လက်ရှိအချိန်မှာ စိတ်ထဲကတော့ အတော်ကို စိတ်အားထက်သန်နေခဲ့ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့စကားတွေအားလုံးက အတော်ကိုထိရောက်မှန်း သူလက်ခံနေခဲ့ရတယ်။ အထူးသဖြင့် သက်တမ်းကုန်ဆုံးလုနီးပါးဖြစ်နေတဲ့ ရေခဲဧကရီပါပဲ။ ဒီမျှော်လင့်ချက်တစ်စုံတစ်ရာက သူ့အတွက် ဆွဲဆောင်မှုရှိလွန်နေခဲ့ပါတယ်။ ရေခဲဧကရီကို ဒီနေရာအထိခေါ်လာတာ အံ့ဩစရာမရှိတော့ပါဘူး။ အသိဉာဏ်ကိုကောင်းကောင်းအသုံးချနိုင်စွမ်းက သူ့ကိုလုံခြုံစေပါတယ်။ ဒါ့အပြင် ရေခဲဧကရီရဲ့ အားအနည်းဆုံးအချက်ကို သူက ဆက်တိုက်ဆိုသလို ထိုးနှက်နေခဲ့တာပါ။

ရေခဲဧကရီက သူ့ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ် တကယ်ပဲ ဖြစ်လာမှာလား ပထမဆုံး၀ိညာဥ်စက်ကွင်းကနေ ဒုတိယ၀ိညာဥ်စက်ကွင်းအဖြစ်ကို ပြောင်းလဲတိုးတက်နိုင်မှာလား ဒါက မြောက်၀င်ရိုးစွန်းရဲ့ ဧကရာဇ်သုံးပါးထဲက ဒုတိယအဆင့်ရှိတဲ့ ဧကရီပါ။

အပိုင်း ၄၂•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset