Switch Mode

Chapter – 41.3

ရေခဲ ကျောက်စိမ်း ကင်းမြီးကောက် ဧကရီ

အပိုင်း ၄၁•၃

” ရေခဲကျောက်စိမ်းကင်မြီးကောက် ဧကရီ ”
°°°
ထူးထပ်တဲ့နှင်းတွေအပေါ်မှာ ဟို့ယွိဟောင်က လှဲကျသွားပါတော့တယ်။ လက်ရှိအချိန်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ဘယ်လိုပဲပြောပါစေ ပြန်ပြီး မထနိုင်တော့ပါဘူး။ ခန္ဓာကိုယ်စွမ်းအင်ကို အလွန်အမင်ပဲအသုံးချလိုက်ရတဲ့အတွက် သူ့က မောပန်းမှုရဲ့အဆုံးအစွန်းကို ရောက်ရှိသွားခဲ့ပါပြီ။ ကံကောင်းစွာနဲ့ပဲ ပတ်၀န်းကျင်အပူရှိန်က တိုးမြင့်လာခဲ့တာကြောင့်အခုအချိန်ထိ သတိမလစ်သေးတာပါ။ အနည်းဆုံးတော့ လက်ရှိအချိန်မှာ နှင်းတွေကို စားသောက်ခဲ့ရတာက အနည်းငယ်ရေဓာတ်ပြည့်လာခဲ့ပါပြီ။

” နောက်ထပ်မသွားနိုင်တော့ဘူး အစ်ကိုကြီးရေ နောက်ထပ်တကယ်ထပ်ပြီးမပြေးနိုင်တော့ဘူး…ကျွန်တော်အနားယူဖို့လိုတယ်…ကျွန်တော်အခုနှင်းတွေလဲ ထပ်ပြီးမစားနိုင်တော့ဘူး…သေသာသေလိုက်ချင်တော့တယ် ”

ဟို့ယွိဟောင်က ဆက်တိုက်ဆိုသလို စိတ်ထဲမှာအော်ဟစ်နေခဲ့ပါတယ်။ နှင်းတွေအပေါ်မှာရှိတဲ့ လေထုကို အသက်ပြင်းပြင်းရှုရှိုက်နေခဲ့ရင်း ပါးစပ်ထဲကနေ အဖြူရောင်မြူခိုတွေက ပြန်လည်ထွက်လာခဲ့ပါပြီ။ မြင်ကွင်းကလဲ ဝေ၀ါးသွားခဲ့သလို မူးဝေမှုက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေခဲ့ပါတော့တယ်။ လက်ရှိအချိန်မှာ သူက အရမ်းကိုအားနည်းတဲ့အနေအထားမှာ ရှိနေခဲ့တဲ့အတွက် စိတ်၀ိညာဥ်ထောက်လှမ်းရေးကိုတောင် အသုံးမပြုနိုင်တော့ပါဘူး။ သူလုပ်ချင်တဲ့တစ်ခုတည်သောအရာက အိပ်စက်ချင်တာပါပဲ။ ဒီလိုပင်ပန်းမှုမျိုးကို မခံစားရတာကြာပါပြီ ကျောင်းတော်ထဲမှာ သူလေ့ကျင့်ခဲ့တာတောင် ဒီလောက်အထိ မကြုံတွေ့ခဲ့ဖူးပါဘူး။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလာခဲ့ပါတယ်။

” ဒါဆိုရင် ဒီမှာပဲလုပ်ကြမယ်လေ ငါခပ်မြန်မြန်ရှာဖွေလိုက်ဦးမယ်..ငါတို့ရဲ့ပတ်ပတ်လည် မိုင်တစ်ရာကတောင် အတော်လေး တိတ်ဆိတ်နေပြီးပြီ ဒီနေရာမှာ ၀ိညာဥ်သားရဲကောင်လဲ မရှိလောက်ဘူး..ဒါပေမယ့် ယွိဟောင် မင်းအနားယူလို့မဖြစ်ဘူး တကယ်ကျော်ဖြတ်ရမဲ့ကိစ္စက အခုမှလာမှာ ”

” အခုအထိ ဆက်ပြီ စမ်းသပ်ချက်ကို ကျော်ဖြတ်ခိုင်းချင်နေတာလား ကျွန်တော်ကိုသာ သေခွင့်ပြုလိုက်ပါတော့ ”

နောက်ဆုံးတစ်ခေါက် စကားပြောပြီတဲ့အချိန်ကစပြီ သူတို့ရဲ့ဆက်ဆံရေးက သိသိသာသာကို တိုးတက်လို့လာပါတော့တယ်။ ဒါကြောင့် ဟို့ယွိဟောင်အနေနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ စကားပြောချိန်မှာ အထစ်အငေါ့လေးတွေ ပါလာခဲ့ပါပြီ။

” မင်းတကယ် ဒီကိစ္စကို မလုပ်ချင်တော့ဘူးလား ”

” ဒါဆိုရင် ဘာလုပ်ရမှာလဲ ”

ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။

” မြောက်၀င်ရိုးစွန်းကို မင်းလာတာ ဘာကြောင့်လာလဲ ပြန်တွေးကြည့်လေ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ထူးထူးဆန်းဆန်းကြီးပြုံးပြရင်းပြောနေခဲ့ပါတယ်။

” ကျွန်တော်ရဲ့ သ်ိုင်းပညာ၀ိညာဥ်ကို ဒုတိယ၀ိညာဥ်နိုးထလာအောင် လုပ်ဖို့ပေါ့ ဘာပြောတယ် ဒီနေရာမှာ ရေခဲဧကရီကို ခေါ်လာတာ အဲ့ဒါလုပ်ဖို့လား ”

ဟို့ယွိဟောင် နောက်ဆုံးတော့ အသိပြန်၀င်လာခဲ့ပါပြီ။ ဒါပေမယ့် လက်ရှိအချိန်မှာ ထထိုင်ဖို့တောင် စွမ်းအားမရှိတော့ပါဘူး။ နောက်ဆုံးကျန်ရစ်တဲ့ အားလေးတစ်ချို့နဲ့ ခေါင်းထောင်ရုံသာ တတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်သူလဲ ပြန်လှဲချလိုက်ပါတော့တယ်။

” ဒါပေါ့ ငါ့ရဲ့ အခွံချွတ်ထားတဲ့ အရေပြားကို အသုံးပြုပြီးရေခဲဧကရီရဲ့ခန္ဓာကိုယ်ကို ဖမ်းဆီးထားတာ အဲ့ဒါပြီတဲ့နောက် သူ့ကို စိတ်၀ိညာဥ်ထောင်ထဲထည့်လိုက်တယ်…ဒါပေမယ့် ငါ့ရဲ့စိတ်၀ိညာဥ်စွမ်းအားက မူလစွမ်းအားဖြစ်နေတာကြောင့် အကြာကြီးတော့ ထိန်းထားနိုင်မှာမဟုတ်ဘူး…ရေခဲဧကရီက သန်မာလွန်နေတယ်…ဒါကြောင့် သူ့ကိုတကယ်အချိန်အကြာကြီး မဖမ်းထားနိုင်ဘူး”

” စိတ်၀ိညာဥ်ထောင်ဆိုတာ ဘာကြီးလဲ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလာခဲ့ပါတယ်။

” စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုရတဲ့ အရာတစ်ခုပဲလေ ငါ့ရဲ့ခန္ဓာကိုယ်ကို မင်းနဲ့ပေါင်းစည်းလိုက်ပြီတဲ့နောက် စွမ်းအားအရင်းအမြစ်က ငါခန္ဓာကိုယ်ကနေ အပြင်ကို ရောက်ပြီ အမှီအခိုမဲ့သွားတယ်…ဒါကြောင့် ငါလဲ စွမ်းရည်တစ်ခုတစ်ချို့တစ်လေကို သုံးလာနိုင်တယ်…ကံမကောင်းစွာနဲ့ပဲ ငါ့ရဲ့ ပေါင်းစည်းနိုင်စွမ်းက မင်းခန္ဓာကိုယ်ကနေ ထွက်ခွာလာပြီတဲ့နောက် ပိုပြီး များပြားလို့သွားတယ်…ဒါကြောင့် နောက်တစ်ကြိမ် ထပ်ပြီး လုပ်နိုင်မှာမဟုတ်တော့ဘူး .အခုငါမင်းရဲ့လက်အောက်ငယ်သားပဲ လုပ်လို့ရတော့မယ် ..မင်းကိုယ်မင်း သေချာပြင်ဆင်ထားလိုက် ဒါ့အပြင် ရေခဲဧကရီနဲ့ မင်းပေါင်းစည်းပြီ မင်းရဲ့သိုင်းပညာ၀ိညာဥ်ဖြစ်လာစေဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒနဲ့ လုပ်မှရမှာ ဒါပေမယ့်အကယ်၍ သူက လက်ခံလိုက်တယ်ဆိုရင်တောင် မင်းအနေနဲ့ များပြားတဲ့ဖိအားတွေကို ခံစားလိုက်ရမယ်….ဒီကိစ္စက သေချာပေါက် လွယ်ကူတဲ့အရာမဟုတ်ဘူး မင်းနဲ့ငါနဲ့ပေါင်းစည်းတဲ့အချိန်မှာ ငါကလုံး၀ကို စွမ်းအားကုန်နေခဲ့ပြီ နောက်ဆုံးကျန်ရစ်တာက စိတ်၀ိညာဥ်မူလအရင်းအမြစ်တွေပဲ နောက်တစ်နည်းပြောရမယ်ဆိုရင် သူက တကယ်ကို စစ်မှန်တဲ့ အနှစ်သုံးသိန်းကျော်သက်တမ်းရှိနေတဲ့ သားရဲကောင် ဒါ့အပြင် သူ့ရဲ့ကျင့်ကြံဆင့်ကလဲ နှစ်ပေါင်းသုံးသိန်းက်ိုးသောင်းကိုးထောင်အထိကို ရောက်နေပြီ ဒီလိုကြောက်စရာကောင်းတဲ့စွမ်းအားတွေအားလုံးကို မင်းတစ်ယောက်ထဲစုပ်ယူနိုင်ဖို့က မလွယ်ကူဘူး ဒါကြောင့် ငါအနေနဲ့ သူ့ရဲ့စွမ်းအားတွေအားလုံးကို ချိတ်ပိတ်ထားပြီ မင်းပေါက်ကွဲထွက်မသွားအောင်လို့ လုပ်ပေးရဦးမယ်…ဒါပေမယ့် ဒီကိစ္စက မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အများကြီးထိတ်လန့်သွားစေနိုင်တယ်..မင်းအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် တောင့်ခံထားမှရမယ်…အကယ်၍ မတောင့်ခံထားနိုင်ဘူးဆိုရင်တော့ ငါတို့သုံးယောက်စလုံးတော့ သေပြီးပဲ နားလည်လား ”

“ကျွန်တော်နားလည်ပါတယ်. ဒါပေမယ့် ရေခဲဧကရီက သဘောတူမှာလား ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ထူးထူးဆန်းဆန်းကြီး ပြုံးပြရင်း ပြောလာခဲ့ပါတယ်။

” ငါတို့တွေက နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်ခဲ့ပြီ ဖြစ်ပေမဲ့ တကယ်တမ်းမှာသေရမဲ့ကိစ္စကို မင်းတို့လူသားတွေထက်တောင် ပိုပြီး ကြောက်သေးတယ်…နောက်ဆုံးတော့လဲ ဘယ်သူကမှ ရှည်လျားလွန်တဲ့ ဘ၀သက်တမ်းကို စွန့်လွှတ်ချင်မှာလဲ သူဘယ်လိုပဲ ငါ့ကိုအထင်သေးနေပြီ ဘယ်လောက်ပဲ မလိုလားပါစေ သူ့အသက်ကို ထိန်းသိမ်းထားနိုင်ဖို့က ပိုအရေးကြီးတယ်လေ ငါဒီလိုအခြေအနေမျိုးကို ဖန်တီးထားတာက သူ့ကို ဖိအားပေးဖို့ပဲ ဒါ့အပြင် သူ့ရဲ့လက်အောက်ငယ်သားတွေနဲ့ မျိုးဆက်တွေကလဲ ငါတို့ကို ရှာတွေ့နိုင်မှာမဟုတ်ဘူး ..ငါ့ကို ကြည့်နေလိုက် လက်ရှိအချိန်မင်းငြိမ်ငြိမ်လေးနဲ့သာ လှဲနေလိုက်ဦး ”

ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေက ဖြည်းဖြည်းချင်း တောက်ပလာခဲ့ပါပြီ။ အားကောင်းတဲ့ ရွှေရောင်အလင်းတန်းက မျက်လုံးတွေထဲမှာ လှည့်ပတ်နေခဲ့ပါတယ်။ ချက်ချင်းဆိုသလို သူ့ရဲ့စိတ်တစ်ခုလုံး ထုံထိုင်သွားစေလောက်တဲ့အထိ အေးစက်မှုကို ခံစားလိုက်ရပါတယ်။ အစောပိုင်းတုန်းက အရိုးကွဲမတတ်ပြင်းထန်တဲ့ နာကျင်မှုလောက် မအေးပေမဲ့ သူချက်ချင်းဆိုသလို တုန်ရီလို့သွားခဲ့ရတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ရဲ့အခွံချွတ်ထားခဲ့တဲ့ အ​ရေခွံကို ပြန်ယူသွားခဲ့ပါပြီ။

ရွှေရောင်အလင်းတန်းက ဟို့ယွိဟောင်ရဲ့ မျက်ခုံးတွေအလယ်မှာ ထွက်ပေါ်လာပါတော့တယ်။ အဲ့ဒီနောက် လေထဲကို ဖြည်းဖြည်းချင်းဆိုသလို လွှင့်မျောလို့သွားပါတယ်။ အဲ့ဒီလို လွှင့်မျောနေရင်းကနေ မျက်တောင်တစ်ခတ်အတွင်းမှာ တစ်မီတာ၀န်းကျင်ရှိတဲ့ အလင်းပြားလေးတစ်ခုကို ပြောင်းလဲသွားခဲ့ပြီ ဝေ၀ါးလို့သွားတော့တယ်။ အနီးကပ်သေချာကြည့်မယ်ဆိုရင်တော့ အဆုံးမဲ့တဲ့ ချောက်နက်ကြီးစုပ်ယူခံလိုက်ရတဲ့အတိုင်း မြင်တွေ့ရမှာပါ။ အလင်းတန်းထွက်ပေါ်လာပြီတဲ့နောက် လူတစ်ယောက်ကလဲ အပြင်ကို ခုန်ထွက်လာပါတော့တယ်။ လေထုကလဲ ပျောက်ကွယ်လို့သွားခဲ့ပြီ လက်သီးဆုပ်လောက်အရွယ် ရွှေရောင်ဘောလုံးလေးက ဟို့ယွိဟောင်ရဲ့ နဖူးကနေ ထွက်ပေါ်လာရင်း လေထဲမှာ လွှင့်မျောနေတော့တယ်။ အဲ့ဒီအလုံးလေးထဲမှာ ဖမ်းဆီးခံထားရတဲ့သူကတော့ ရေခဲဧကရီပါပဲ။

လက်ရှိအချိန်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အရေခွံထဲ ဖမ်းဆီးချုပ်ခံထားရတဲ့အတွက် သူဘယ်လောက်ပဲ ရုန်းကန်နေပါစေ မလွှတ်မြောက်နိုင်ပါဘူး။ သူ့ရဲ့အရေခွံက နှစ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့တဲ့ စွမ်းအားကနေ ဖြစ်ပေါ်လာခဲ့တာကြောင့် မဟာကြယ်တာရာသစ်တောထဲက သားရဲကောင်တွေ စုပ်ယူတာတောင် မကုန်ဆုံးပဲ ရှိခဲ့တာပါ။ ဒါ့အပြင် ဒီလိုခံနိုင်ရည်အားကောင်းတဲ့ ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လို့ကတော့ သူဘယ်လောက်တောင် အကြိမ်ကြိမ်များများ သေဆုံးပြီးပြီလဲဆိုတာ မိုးနတ်မင်းသာ သိနိုင်ပါလိမ့်မယ်။

ခန္ဓာကိုယ်ကို လက်လျှော့ပြီ ဟို့ယွိဟောင်နဲ့ ပေါင်းစည်းဖို့အတွက် ဆုံးဖြတ်လိုက်ပြီတဲ့နောက် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အရေခွံတွေက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာဖြစ်လာခဲ့ပါတယ်။ ရေခဲဧကရီရဲ့ ကြောက်စရာစွမ်းအားနဲ့တောင်မှ လွှတ်မြောက်ဖို့ မလွယ်ကူခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့လက်ရှိအခြေအနေကတော့ ဒါကိုထိန်းချုပ်ဖို့အဝေးကြီးလိုပါသေးတယ်။ ဒါကြောင့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကိုယ်တိုင်းသာ ထိန်းချုပ်လို့နေခဲ့ရတယ်။ စိတ်၀ိညာဥ်စွမ်းအားတွေရဲ့ ကုန်ဆုံးမှုကတော့ ဒီလိုလုပ်ချိန်တိုင်းမှာ အများကြီးပိုပြီး ကြီးမားတာကြောင့် အချိန်အခိုက်အတန့်တစ်ခုချင်းဆီတိုင်းက အရမ်းကို အရေးကြီးလွန်လှပါတယ်။

” ရေခဲဧကရီ ဒီလိုခုခံနေတာ ရပ်လိုက်တော့ မင်းအများကြီး ကြိုးစားခဲ့ပြီးပြီပဲ အခုအသုံးမ၀င်ဖြစ်နေပြီဆိုတာ သိသင့်ပြီမလား ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပျင်းရိတဲ့အသံနဲ့ ပြောလာခဲ့ပါတယ်။

” မင်းဘာလိုချင်လို့လဲ ”

” ငါချစ်ရတဲ့သူနဲ့ တစ်သက်လုံး နေချင်ရုံသက်သက်ပါ ”

” ဒီလိုနည်းနဲ့ နင်ငါ့ကို ဘယ်လောက်ချစ်တဲ့အကြောင်း ပြောပြနေတာလား “‘

တစ်နေ့တာလုံးလုံး ဆက်တိုက်ဆိုသလို ရုန်းကန်နေခဲ့ပြီတဲ့နောက် သူမ လှည့်စားခံလိုက်ရပြီဆိုတာကို ရေခဲဧကရီ နားလည်လာပါတော့တယ်။ ဒီတစ်ချိန်မှာ သူမက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ နီးနီးကပ်ကပ် ရှိလွန်နေခဲ့တာကြောင့်သာ မဟုတ်ရင် သူ့ရဲ့အအစီအစဥ်တွေက သေချာပေါက် ကျရှုံးခဲ့မှာပါ။ ကံမကောင်းစွာနဲ့ပဲ သူမ ဘယ်လိုပဲ တောင်းပန်ပါစေ အသုံးမ၀င်ခဲ့ပါဘူး။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ လက်ထဲကို ကျရောက်သွားပြီဖြစ်တာကြောင့် ဒီထူးဆန်းတဲ့စွမ်းအင်အောက်က မလွှတ်မြောက်ပဲရှိနေခဲ့ပါတယ်။ သူမလို ပြိုင်ဘက်ကင်းတဲ့ သက်တမ်းလေးသိန်းနီးပါးရှင်သန်လာခဲ့သူ ထိပ်တန်းဧကရီက ဘယ်လိုကြောင့်များ အလွယ်တကူလက်လျှော့ရမှာလဲ။ ဒါကြောင့် သူ့ရဲ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုရင်းနဲ့သာ နောက်တစ်ကြိမ် ထပ်ပြီ ထိုးဖောက်ပါတော့တယ်။

” အရမ်းစိတ်မရှည်လက်မရှည်မဖြစ်ပါနဲ့ ငါ့စကားကို နားထောင်ပါဦး ”

” ဘာပြောဦးမလို့လဲ ချစ်တဲ့အကြောင်းတွေပဲ ပြောဦးမလို့လား တကယ်ချစ်တယ်ဆိုရင် ဘာကြောင့် နင်ရဲ့ မူလခန္ဓာကိုယ်ကို ထုတ်လွှတ်မပေးတာလဲ ငါက နင်ရဲ့ ထောင်ချောက်ထဲရောက်နေပြီပဲ ဘာကိုများကြောက်နေသေးတာလဲ ”

” ငါမင်းကို မကြောက်ပါဘူး ငါရဲ့မူလခန္ဓာကိုယ်ကို ထုတ်ပေးဖို့နည်းလမ်းမရှိတော့လို့လေ အဲ့ဒီခန္ဓာကိုယ်က မတည်ရှိတော့ဘူး..ငါ့ရဲ့စိတ်၀ိညာဥ်နဲ့ဖန်တီးထားတဲ့ ခန္ဓာကိုယ်ကိုပဲ မြင်နေရတာတောင် မင်းနားမလည်သေးဘူးလား မင်းနယ်မြေမှာ နေတာအရမ်းကြာသွားလို့ နောက်ထပ် သတိမကြီးတော့ဘူးနဲ့တူပါတယ်…အကယ်၍ မင်းသာ သတိကြီးကြီးထားမယ်ဆိုရင် ငါတောင် ဒီလောက်အလွယ်လေးအောင်မြင်နိုင်မှာမဟုတ်ဘူး ”

ရေခဲဧကရီလဲ မျက်လုံးပြူးသွားပြီ ပြန်​မေးပါတော့တယ်။

” ဘာဖြစ်တယ် နင်က ဒီလိုအရင်းအမြစ်ပဲ ရှိတော့တာလား ဒါဆိုရင် နင်ရဲ့ခန္ဓာကိုယ်က ”

နောက်ဆုံးမှာတော့ မြေပြင်ပေါ်မှာ လှဲလှောင်နေတဲ့ ဟို့ယွိဟောင်ကို သတိထားမိသွားပါတော့တယ်။ အရမ်းကို အေးစက်လွန်တဲ့ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ရော မျက်နှာကိုပါ ရေခဲရိုက်မတတ် ဖြူဖျော့လို့နေခဲ့ပါပြီ။ ကံကောင်းစွာနဲ့ပဲ အအေးကိုခံနိုင်စွမ်းက အတော်လေးကို တိုးတက်လာတဲ့အတွက်ကြောင့်သာ ခဲပြီမသေသေးတာပါ။

” ဒီလူသားကို ပြောချင်နေတာတော့ မဟုတ်ဘူးမလား နင်ငါ့ကို ဒီလိုမျိုး ထောင်ချောက်ဆင်နိုင်ခဲ့ပေမဲ့ သူက လုံး၀ကို မထင်ရှားတဲ့သေးငယ်လွန်တဲ့ဖြစ်တည်မှုပဲ ငါ့မျက်လုံးတွေကိုသုံးမယ်ဆိုရင်တောင် ဒီကောင်ကိုမမြင်နိုင်တဲ့အနေအထားမှာရှိတယ်…ဒီကောင်က နင်ရဲ့ရုပ်သေးရုပ်လား ”

” သေချာပေါက် ဘယ်ဟုတ်မလဲ သူက ငါရဲ့လက်ခံခန္ဓာကိုယ်လေ ငါ့ရဲ့သခင်လို့လဲ ပြောလို့ရတာပေါ့…လက်ရှိအချိန်မှာ ငါက သူ့ပိုင်ဆိုင်တဲ့၀ိညာဥ်စက်ကွင်းဖြစ်နေတယ်..၀ိညာဥ်စက်ကွင်းတွေအကြောင်းကို မင်းသိတယ်မလား တခြားတစ်ဖက်မှာငါက တိုက်ကြီးတစ်ခုလုံးနဲ့ ယှဥ်လိုက်မယ်ဆိုရင် ပထမဆုံးဖြစ်တည်လာတဲ့ အသိဉာဏ်ရှိ၀ိညာဥ်စက်ကွင်းပဲ ”

” ဘာဖြစ်တယ် နင်က လူသားတစ်ယောက်ရဲ့ ၀ိညာဥ်စက်ကွင်းဖြစ်လာရတယ်…ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ နင်ဘယ်လောက်ပဲ အမှိုက်သရိုက်ဖြစ်နေပါစေဦး ဒီလောက်အသက်ရှင်လာပြီးပြီဆိုမှတော့ ဒီလိုအားနည်းတဲ့ လူသားခန္ဓာကိုယ်ကို အသုံးပြုပြီး ဘာကြောင့်နေထိုင်ရမှာလဲ ”

” ဒီကိစ္စကို မပြောပါတော့နဲ့လား ငါ့ရဲ့ကံဆိုးမိုးမှောင်ကျမှုတွေက မင်းနဲ့ပဲ စတင်ခဲ့တာပဲလေ အဲ့ဒီအချိန်က မင်းငါ့ကို စားချင်သောက်ချင်လို့ လိုက်ဖမ်းခဲ့တယ်မလား ငါလဲ ထွက်ပြေးလို့လွှတ်ကိုမလွှတ်နိုင်ဘူး…ဒါ့အပြင် ငါအနေနဲ့လဲ မင်းက်ိုဆက်ပြီ ချစ်ခင်နေသေးဖို့အတွက် ခန္ဓာကိုယ်တစ်ခုလိုအပ်တယ်လေ ဒါကြောင့် သမုဒ္ဒရာတစ်လျှောက်တာကို စုန်းဆင်းသွားခဲ့ရင်း တောင်ဘက်ကိုရောက်သွားခဲ့တယ် ”

သူ့ရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းသိန်းချီအတွင်းမှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြနေတဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံက အရမ်းကို သနားစရာကောင်းနေခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ဒီအကြောင်းကို အစအဆုံးကြားခဲ့ဖူးသားဖြစ်နေပေမဲ့ ဒီတစ်ကြိမ်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ပြောပြနေတဲ့ လေသံက သူကြားဖူးခဲ့တုန်းကထက် အများကြီးပိုပြီး သနားစရာကောင်းနေခဲ့တယ်။ ဒါ့အပြင် သူ့ကိုယ်သူ ဘယ်လောက်အထိ ရိုက်နှက်ခံခဲ့ရလဲ ဒဏ်ရာတွေ ဒလပွနဲ့ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့အကြောင်းတွေကိုပါ ဖန်တီးပြီးပြောဆိုနေခဲ့ပါတယ်။ ဒါ့အပြင် အသက်ဆက်ရှင်ဖို့အတွက် သေခြင်းတရားကို ရွေးချယ်ချင်တယ်ဆိုတဲ့အကြောင်းတွေအထိ ဆက်တိုက်ဆိုသလို ဇာတ်စုံရှင်းပြနေခဲ့တယ်။

” ငါတို့ရဲ့သက်တမ်းခန့်မှန်းချက်က ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မင်းသိမှာပါ ဒါ့အပြင် ငါထက်အသက်ရှည်တဲ့ ၀ိညာဥ်သားရဲကောင်ဆိုတာကလဲ မရှိတော့ဘူး .မင်းရဲ့နှလုံးသားထဲမှာ ငါက အမှ်ိုက်သရိုက်တစ်ခုသာ ဖြစ်နိုင်ပေမဲ့ အသက်ရှင်ရတာ အရမ်းကိုရှည်ကြာနေပြီဖြစ်တဲ့ အမှ်ိုက်သရိုက်ပဲလေ ငါ့ရဲ့ အရင်းအမြစ်ကလဲ ကုန်ဆုံးလို့သွားခဲ့ပြီ ဒါ့အပြင် သက်တမ်းကန့်သတ်ချက်ကလဲ ရောက်တော့မယ်…ဒီလောက်အထိ အချိန်အကြာကြီး အသက်ရှင်လာပြီးပြီဆိုမှတော့ ငါလဲဘယ်သေချင်တော့မလဲ မင်းလဲငါနဲ့အတူတူပဲ ခံစားမိမယ်လို့ ယုံကြည်ပါတယ်…ဒါ့အပြင် မင်းရဲ့သက်တမ်းက လာမဲ့နှစ်တစ်ရာအတွင်းမှာ ရောက်တော့မှာလေ ဒါကြောင့် ငါစိုးရိမ်နေတာပေါ့ ”

“မင်းရောငါရော နှစ်ယောက်စလုံးက မသေချင်တဲ့သူတွေလေ ငါတို့ဒီလောက်အထိ အသက်ရှင်လာပြီးပြီဆိုမှတော့ ဖုံးမှုန့်ဘယ်လိုလုပ်ဖြစ်ချင်မှာလဲ ဒါကြောင့် ဒါကိုအကောင်းဆုံးနည်းလမ်းနဲ့ ကျော်ဖြတ်ဖို့ စဥ်းစားထားတယ် ”

သူ့ရဲ့သနားစရာဇာတ်ကြောင်း ပြီးသွားချိန်မှာတော့ ရေခဲဧကရီရဲ့ စိတ်၀င်စားမှုကလဲ မြင့်တက်လာပါတော့တယ်။

” ဘယ်လိုလုပ်မှာလဲ ”

” နတ်ဘုရားတစ်ပါးကို ဖန်တီးကြမယ်လေ ”

ရေခဲဧကရီလဲ မျက်လုံးပြူးသွားပါတော့တယ်။

” နတ်ဘုရားကို ဖန်တီးမယ်ဆိုတာက ဘာကိုပြောချင်တာလဲ ”

” ငါ့ရဲ့အချစ်ကလေးရေ ငါမင်းကို မေးပါရစေ ဒီလောကကြီးတစ်ခုလုံးမှာ ဘယ်သတ္တ၀ါမျိုးနွယ်က အမြင့်မားဆုံးအလားအလာကို ပိုင်ဆိုင်ထားတာလဲ ”

သူ့စကားကိုကြားပြီချိန်မှာပဲ ရေခဲဧကရီက ချက်ချင်းတွေးလိုက်မိပါတော့တယ်။

” လူသားတွေကို နင်ပြောချင်တာလား ”

အပိုင်း ၄၁•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset