အပိုင်း ၄၁•၂
” ရေခဲကျောက်စိမ်းကင်းမြီးကောက် ဧကရီ ”
°°°
” မင်းငါ့ကို ဘာမေးနေလဲ ငါသိပြီ ဘာကြောင့်သူ့ကိုချစ်မိလဲ ငါတို့မျိုးနွယ်စုမတူတာတောင် ဘာကြောင့်ဒီလိုဖြစ်သွားတယ်ဟုတ်တယ်မလား ပြောရမယ်ဆိုရင် မျိုးနွယ်စုမတူတဲ့ကိစ္စက ငါတို့အဆင့်အတန်းမှာ သိပ်ပြီကိစ္စမရှိတော့ဘူး…ဒါ့အပြင် ငါက စိတ်၀ိညာဥ်ဆိုင်ရာ ဆက်ဆံရေးမျိုးကိုလိုချင်တာလေ မင်းမြင်တဲ့အတိုင်း သူကငါ့ကို အစာအဖြစ်ပဲ တွေးနေတာသိမှာပေါ့ အမှန်အတိုင်းပြောရမယ်ဆိုရင် ငါအနေနဲ့ မင်းရဲ့၀ိညာဥ်စက်ကွင်းဖြစ်လာချင်တဲ့ ကိစ္စက နောက်ထပ်လုံး၀မစောင့်နိုင်တော့လို့ပဲ သူသက်တမ်းပြည့်ပြီ သေဆုံးသွားမှာကို ငါတကယ်ကြောက်လန့်မိတယ်..ငါသူ့ကိုဘယ်လိုပဲ ချစ်ပါစေ သူ့ငါ့ကိုပြန်ချစ်လာစေဖို့အတွက် ဖိအားမပေးချင်ဘူး…ဒါပေမယ့် သူ့အသက်ဆက်ပြီရှင်နိုင်ဖို့အတွက် အကုန်လုံးကို ငါလုပ်မှာပဲ ဘယ်လိုပဲဖြစ်ပါစေ ငါ့ရဲ့အသားအတွက် သူ့ကိုငါဘေးနားမှာဆက်ပြီ အသက်ရှင်စေချင်တယ်..သူငါ့ကိုဆက်တိုက်နေ့တိုင်းကျိန်ဆဲနေတယ်ဆိုရင်တောင် သူ့အသံကိုကြားရရင်း အဆင်ပြေပါပြီ မင်းဒါကိုနားလည်ရဲ့လား ဒါကအချစ်ပဲ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အသံက စိတ်ခံစားချက်တွေအပြည့် ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ပုံမှန်ပျင်းရိပျင်းတွဲအသံနဲ့တောင် မတူတော့ပါဘူး။ ဟို့ယွိဟောင်တောင်မှ သူ့ရဲ့စကားလုံးတွေကြောင့် အနည်းငယ်စိတ်ဓာတ် ယိမ်းယိုင်သွားခဲ့ရပါတယ်။ ဟို့ယွိဟောင်က အသက်ဆယ့်နှစ်နှစ်သာရှိသေးတဲ့ ကလေးပါ။ ဒါကြောင့် ချစ်ခြင်းမေတ္တာတွေအကြောင်းကို သိပ်ပြီးနားမလည်သေးပါဘူး။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့စကားတွေကြောင့်တော့ အတော်လေးစိတ်လှုပ်ရှားသွားတာ အမှန်ပါ။
” အကယ်၍ ရေခဲဧကရီကို မတွေ့ခဲ့ဘူးဆိုရင်ကော ဘယ်လိုဖြစ်မလဲ သူ့ကို မဖမ်းနိုင်ဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲ “‘
ဟို့ယွိဟောင်က ပြန်မေးပါတော့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အေးအေးဆေးဆေး ပြန်ဖြေလိုက်တယ်။
” ဒါမျိုးဖြစ်လာဖို့လုံး၀မရှိဘူး…ဒါ့အပြင် သူ့အနေနဲ့ ငါ့လက်ထဲမှာ သေချာပေါက် မိမှာပဲ ငါသေသွားတဲ့အချိန် ငါ့ရဲ့အလောင်းက လောကမှာရှိသမျှ ၀ိညာဥ်သားရဲကောင်တွေအားလုံးကို ဖမ်းဆီးနိုင်တဲ့ အသန်မာဆုံးလက်နက်အဖြစ်ကို ပြောင်းသွားတယ်…သူမပြောနဲ့ ပထမအဆင့်မှာရှိနေတဲ့ နှင်းဧကရီကိုတောင် ငါနဲ့မီတာငါးဆယ့်အတွင်းမှာ ရှိလို့ကတော့ သေချာပေါက် ဖမ်းနိုင်တယ်..ကံမကောင်းစွာနဲ့ပဲ ဒါကိုတစ်ခေါက်ပဲ သုံးလို့ရတယ်…ဒါ့အပြင် မင်းခန္ဓာကိုယ်နဲ့ ပေါင်းစည်းပြီတဲ့အချိန်ကနေစလို့ အပြင်ကိုထွက်လို့ရတာလဲ အချိန်တစ်ခေါက်ပဲရှိတယ်…ဒီတစ်ခေါက်က ပထမဆုံးနဲ့ နောက်ဆုံးပဲ ငါရဲ့စိတ်၀ိညာဥ်အင်အားက ငါ့ကိုဒီလိုဆက်ပြီလုပ်ဖို့ ခွင့်မပြုပေးတော့ဘူး…နောက်ဆုံးတော့လဲ ငါက မင်းရဲ့၀ိညာဥ်စက်ကွင်းပဲလေ ငါက မင်းနဲ့အပြည့်အ၀ ပေါင်းစည်းသွားပြီ မင်းစိုးရိမ်ပူပန်းနေတဲ့ အန္တရာယ်တွေကလဲ နောက်ထပ် ဖြစ်မလာနိုင်တော့ဘူး ..ဒါ့အပြင် ငါအနေနဲ့ မင်းကို နောက်ဆုံးအခြေအနေသာ ဖြစ်လာလို့ကတော့ မိုင်ပေါင်းရာနဲ့ချီတဲ့ အကွာအဝေးကို ချက်ချင်းပို့လွှတ်လိုက်လို့ရတယ်..ဒါကြောင့် မင်းသာ လုံခြုံမယ်ဆိုရင် ငါအနေနဲ့လဲ ဘာပြဿနာမှမရှိနိုင်ဘူး ..ယွိဟောင် မင်းသိထားရမှာ တစ်ခုပဲရှိတယ်…ငါက တစ်ခါတလေမှာ မင်းကို ကြမ်းတမ်းကောင်း ကြမ်းတမ်းနိုင်ပေမဲ့ ငါတို့က တစ်သားထဲပဲလေ ငါတို့က အောင်မြင်မှုရော ကျရှုံးမှုကိုရော အတူတူမျှဝေကြတယ်လေ ”
ဟို့ယွိဟောင်လဲ တိတ်ဆိတ်လို့သွားပြန်ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ လိမ်ညာမှုက သူ့ကိုအတော်လေး အထိနာစေခဲ့တာအမှန်ပါ။ ဒါပေမယ့် ရှင်းပြတဲ့စကားကိုကြားပြီချိန်မှာတော့ ၀မ်းနည်းမှုတွေကလဲ ပြေပျောက်လို့သွားခဲ့ပါပြီ။ နောက်ထပ် ခံစားချက်တစ်ခုကသာ အစားထိုး၀င်ရောက်လာခဲ့ပါတော့တယ်။
” ငါကတော့ လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ခဲ့ပြီးပြီပဲ ဒါ့အပြင် ရေခဲဧကရီနဲ့ ငါရဲ့ကြားမှာ ဘာခံစားချက်မှမရှိခဲ့ဘူးဆိုရင်တောင် မင်းကို ဒီနေရာခေါ်လာပြီ ၀ိညာဥ်စက်ကွင်းရှာရမှာပဲ ဒါ့အပြင် ဒီနေရာတစ်ခုထဲကသာ ငါ့ရဲ့အစွမ်းအစကို အပြည့်အ၀အသုံးပြုပြီး မင်းရဲ့သိုင်းပညာ၀ိညာဥ်ကို နိုးထအောင်လုပ်နိုင်မဲ့နေရာဖြစ်နေတာ ”
ဟို့ယွိဟောင်က ဆက်ပြောလာခဲ့ပါတယ်။
” အစ်ကိုကြီးကောင်းကင်အိပ်မက် ကျွန်တော်ရဲ့နှလုံးသားက အရမ်းကို ထိခိုက်လွယ်နေတာလား ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလာခဲ့ပါတယ်။
” မဟုတ်ဘူး မင်းကို ဒီကိစ္စအတွက် အပြစ်တင်လို့မရဘူး လူတစ်ယောက်ရဲ့ စိတ်ပိုင်ဆိုင်ရာအခြေအနေက အတိတ်အချိန်မှာ ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေ အပေါ်မူတည်ပြီ ပြောင်းလဲနိုင်တယ်…မင်းကငါ့ကို အများကြီးမှီခိုမိနေရုံသက်သက်ပဲ မင်းနားမလည်ဘူးလား လေ့ကျင့်တဲ့အချိန်မှာပဲဖြစ်ဖြစ် စာမေးပွဲဖြေတဲ့အချိန်မှာပဲဖြစ်ဖြစ် အန္တရာယ်ကြုံရတဲ့အချိန်တိုင်း မင်းကိုယ်မင်းအမြဲတမ်းပြောနေမိတယ်…ဘယ်လိုပဲဖြစ်ပါစေ ငါမှာအစ်ကိုကြီးကောင်းကင်အိပ်မက်ရှိနေသေးတယ်…အစ်ကိုကြီးကောင်းကင်အိပ်မက်က ငါ့ဘေးနားမှာရှိနေတယ်…ဒီလိုအမြဲတမ်းပြောတယ်လေ ဒါကြောင့် ငါသာကောင်းကောင်းမွန်မွန် ကျင့်ကြံမယ်ဆိုရင် အစ်ကိုကြီးကောင်းကင်အိပ်မက်က ငါ့ပိုပြီးသန်မာလာဖို့ လေ့ကျင့်ပေးမယ်…ပြုစုပျိုးထောင်ပေးမယ်တဲ့ ဟုတ်တယ်မလား ”
ဟို့ယွိဟောင် ခေါင်းညိတ်လိုက်မိပါတယ်။ လက်ရှိအချိန်မှာတော့ ခန္ဓာကိုယ်ရဲ့အေးခဲမှုက အတော်လေး လျော့ပါးသွားခဲ့ပါပြီ။ သွေးတွေလဲ ပြန်လည်လှည့်ပတ်လို့လာပါတော့တယ်။ ၀ိညာဥ်စွမ်းအားကို အသုံးချလိုက်ချိန်မှာတော့ နွေးထွေးတဲ့ခံစားချက်က ပြန်လည်ဖြစ်ပေါ်လို့လာခဲ့ပါပြီ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဆက်ပြောလိုက်ပါတယ်။
” ဒီလိုမှီခိုတာက တစ်ခါတလေမှာ မင်းအတွက် ကောင်းတဲ့အရာပဲ ဒါပေမယ့် ဆိုးတဲ့အရာလဲဖြစ်နေသေးတယ်..ငါ့ကိုအများကြီးမှီခိုတာက မင်းအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ပျောက်ဆုံးသွားစေတယ်လေ…မင်းကမင်းကိုယ်တိုင်ပဲ မင်းကဟို့ယွိဟောင်ပဲ လူသား၀ိညာဥ်ပညာရှင်တစ်ယောက်ဒါ့အပြင် လူသား၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက် တခြားတစ်ဖက်မှာ ငါကတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် လက်ရှိအချိန်မှာ အသိဉာဏ်ရှိတဲ့ ၀ိညာဥ်စက်ကွင်းတစ်ခုပဲ ဒါ့အပြင် ငါ့ကိုပိုင်ဆိုင်တဲ့သူက ဘယ်သူလဲ ”
” ကျွန်တော်ပေါ့ ”
ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။
” အမှန်ပဲလေ ငါက မင်းရဲ့၀ိညာဥ်စက်ကွင်း ငါဘယ်လောက်ပဲ အသိဉာဏ်ရှိပါစေဦးတော့ မင်းပိုင်ဆိုင်တဲ့အရာပဲလေ ဒါကြောင့် မင်းအနေနဲ့ မှတ်သားထားဖို့လိုတယ်…ငါက မင်းရဲ့အစိတ်အပိုင်းတစ်ခု မင်းက ငါ့ရဲ့အစိတ်အပိုင်းမဟုတ်ဘူး…မင်းကငါ့ရဲ့သခင် ဒါကြောင့် ဒီခန္ဓာကိုယ်ကို ငါတို့က မျှဝေနေကြတာ ဒါကြောင့်သာ ငါကသာ မင်းကို မှီခိုရမဲ့သူဖြစ်ပြီ မင်းကငါ့ကို မမှီခိုသင့်ဘူး…အကယ်၍ ဒီနည်းနဲ့တွေးတောလိုက်မယ်ဆိုရင် ငါ့ကိုသံသယရှိနေမှာမဟုတ်ဘူး… ဒီအတိုင်းသာဆက်သွားလို့ကတော့ ငါဘယ်လိုပဲ လုပ်ဆောင်ပါစေမင်းနဲ့ငါရဲ့ကြား ဆက်ဆံရေးကလဲ ပျက်ပြားသွားနိုင်တော့မှာမဟုတ်ဘူး…မင်းအဆင်ပြေနေရင်း ငါလဲအဆင်ပြေမယ်..ဒါကို နားလည်လား ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စကားတွေကိုကြားပြီချိန်မှာ ဟို့ယွိဟောင်ရဲ့စိတ်ကလဲ ကြည်လင်ရှင်းလင်းသွားခဲ့ပါပြီ။ နောက်ဆုံးမှာတော့ သူတစ်စုံတစ်ရာကို ခံစားလိုက်ရပါတော့တယ်။ ဒါကတော့ ရင့်ကျက်တည်ငြိမ်မှုပါပဲ။ အချိန်တိုလေးအတွင်းမှာ သူနှလုံးသားက အတော်ကို ရင့်ကျက်လို့သွားခဲ့ပါတယ်။ အမုန်းတရားတွေကလဲ အတော်လေးကို လျော့ပါးလို့သွားခဲ့ပါပြီ။ အရေးကြီးဆုံးကတော့ သူ့ရဲ့နှလုံးသားက အဆင့်အတန်းတစ်ခုကို ရောက်ရှိလို့သွားတာပါပဲ။ တည်ငြိမ်ပြီအေးချမ်းသွားတဲ့နှလုံးသားက မာကျောလို့လဲ လာပါတယ်။ ဒါ့အပြင် ကိုယ့်ကိုကိုယ်လဲ ပြန်လည်သုံးသပ်ပြီတဲ့အချိန်ခဏတာမှာ ၀မ်းနည်းနာကျင်မှုတွေကလဲ ပျောက်ကွယ်လို့သွားရတယ်။
ဒါကိုနားလည်ပြီချိန်မှာတော့ သူ့မျက်လုံးတွေက ယုံကြည်ချက်အပြည့်နဲ့ တောက်ပလို့သွားခဲ့ပါပြီ။ ငါက ဒီနေရာမှာ သေချာပေါက် ဆရာပဲ ဒါ့အပြင် တစ်နေ့မှာ နေမင်းနဲ့ လမင်းကိုဆွဲယူပြီ ကောင်းကင်မှာကြယ်တာရာတွေကို စိုက်ပျိုးခူးစွတ်နိုင်မဲ့သူ ရေခဲအိမ်ကနေ ထွက်လာပြီတဲ့နောက် ဟို့ယွိဟောင်က နှင်းတွေအောက်မှာရှိနေဆဲပါ။ အဲ့ဒီနောက် ရုတ်တရက်ဆိုသလို ကောင်းကင်ကြီးပေါ်ကို ပြန်တက်ချင်စိတ်တောင် ထွက်ပေါ်လာပါတော့တယ်။
” သိပ်ပြီ ဆူဆူညံညံ မလုပ်နဲ့ ငါ့မင်းကိုပြောတဲ့နယ်မြေဆီ အရင်ဆုံးပြေးတော့ ရေခဲဧကရီရဲ့ မျိုးနွယ်စုလူတွေက လာနေပြီ ဒါ့အပြင် သူမရဲ့ အရှိန်အ၀ါပျောက်ကွယ်သွားတာကို အာရုံခန့်မှန်းမိလို့ပဲ ဖြစ်ရမယ်…အကယ်၍ ငါတို့ဒီနေရာကနေ မထွက်ခွာဘူးဆိုရင် သေချာပေါက် သူတို့တွေငါ့တို့ကို အမြန်ဆုံးရှာတွေ့လိမ့်မယ်…ဒီနေရာကနေ အမြန်ဆုံးသွားပေရော့ အကယ်၍ အေးဆေးတဲ့နေရာကိုသာ ပြန်ရောက်သွားတာနဲ့ ရေခဲဧကရီနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ငါ့ကောင်းကောင်းကိုင်တွယ်နိုင်လိမ့်မယ် ”
” ကောင်းပါပြီ ”
ဟို့ယွိဟောင်က နောက်ထပ် အချိန်မဖြုန်းတော့ပဲ သူတို့လာခဲ့တဲ့နေရာကို အမြန်ဆုံးပြေးပါတော့တယ်။ စိတ်ကကြည်လင်သွားပြီဖြစ်တာကြောင့် ခြေလှမ်းတွေကလဲ ပုံမှန်ထက်ပိုပြီး မြန်ဆန်းနေခဲ့တယ်။ စိတ်ကလဲ ကြည်လင်သွားပြီဖြစ်တာကြောင့် ချက်ချင်းဆိုသလို ခြေလှမ်းတွေကမြန်လာပါတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အားကောင်းတဲ့စိတ်၀ိညာဥ်စွမ်းအားတွေကသာ သူ့ရဲ့ခန္ဓာကိုယ်ကို ဖုံးကွယ်ပေးထားခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့ ခြေရာကျန်ခဲ့မှာကို စိုးရိမ်စရာမလိုပါဘူး။ အေးခဲနေတဲ့ ရေခဲနှင်းတွေရဲ့လောကထဲမှာ သူတည်ရှိခဲ့တဲ့ အခြေအနေတွေအားလုံးက လေတစ်ချက်တိုက်လိုက်ရုံနဲ့ အကုန်လုံး ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
ပြေးလွှားနေရင်းနဲ့ ဟို့ယွိဟောင်က ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို ပြောနေခဲ့တယ်။
” အစ်ကိုကြီးကောင်းကင်အိပ်မက် ကျွန်တော်မှားသွားခဲ့တယ်…အစ်ကိုကြီးကို သံသယမ၀င်သင့်ဘူး…ဒါပေမယ့် စိတ်တော့ဆိုးနေတုန်းပဲ အဆုံးသတ်မှာကျွန်တော်ကို လိမ်ခဲ့တယ်မဟုတ်လား ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလိုက်ပါတယ်။
” ကောင်းပြီလေ စိတ်မဆိုးပါနဲ့ အနာဂတ်မှာ ရေခဲဧကရီကို ငါတို့ ထိန်းချုပ်ပြီသွားရင် ဘယ်လောက်အထိ ဒီခရီးစဥ်က အကျိုးရှိသွားမလဲဆိုတာ မင်းသိလာရမှာပါ ”
” ရေခဲဧကရီက ကျွန်တော်နဲ့ ဘာဆိုင်လဲ သူက အစ်ကိုကြီးချစ်ရတဲ့သူလေ အစ်ကိုကြီးက သူ့ကိုသတ်ပြီ ကျွန်တော်ရဲ့၀ိညာဥ်စက်ကွင်းဖြစ်လာစေဖို့လောက်အထိ နှလုံးသားမဲ့တော့မလို့လား ”
” ဟီးဟီးး ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သွားဖြီးပြီရယ်နေခဲ့ပါတယ်။
“မင်းတွေ့ရမှာပေါ့ အခုတော့ မဟုတ်သေးဘူး ဒါပေမယ့် ဒီတစ်ခေါက် လုံး၀မင်းကို မလိမ်ဘူး…မင်းငါ့ရဲ့စမ်းသပ်ချက်ကို အောင်မြင်သွားပြီ ”
“ဘာစမ်းသပ်ချက်လဲ ”
ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။
” သေချာပေါက် မင်းရဲ့နှလုံးသားပဲပေါ့ မင်းရဲ့ဒီနှလုံးသားက အတော်လေးကို အထိအရှလွယ်နေတယ် စိတ်ခံစားချက်တွေကလဲ အလွယ်လေး ပြောင်းလဲနိုင်တယ်…ဒါ့အပြင် ငါအနေနဲ့ မင်းဘယ်လောက်အထိ ငါ့ကို ယုံကြည်ချက်ရှိနေသလဲဆိုတာကို ခံစားမိပြီးပြီ ဒါ့အပြင် အဲ့ဒီကိစ္စက မကောင်းဘူးလို့ငါပြောခဲ့တယ်မဟုတ်လား ဒါ့အပြင် ငါတို့ကြားမှာရှိတဲ့ နောက်ဆုံးအတားအဆီးကိုလဲ ကျော်ဖြတ်ပြီးသွားပြီ ”
” ပြောတဲ့ကိစ္စကတော့ အတော်မကောင်းတဲ့ပုံပဲ ”
ဟို့ယွိဟောင်က ပြန်ဖြေလာခဲ့ပါတယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ရယ်နေခဲ့မိတယ်။
” ဘာများမကောင်းလို့လဲ အတွေ့အကြုံတစ်ခုချင်းဆီတိုင်းက သေချာပေါက် အကျိုးအမြတ်ရှိတယ်လေ…ဒါ့အပြင် မင်းအတွက်ဆိုးတဲ့ကိစ္စလဲ မဟုတ်ပါဘူး…အနည်းဆုံးတော့ မင်းအနေနဲ့ နောင်တစ်ချိန်မှာ သူငယ်ချင်းတွေကိုပိုပြီးတော့ ယုံကြည်လာလိမ့်မယ်…သူတို့ကို အလွယ်လေး သံသယ၀င်တော့မှာမဟုတ်ဘူး ”
” အစောပိုင်းကထဲက အစီအစဥ်ကို မပြောပြခဲ့ဘူးဆိုရင် သူနဲ့ အစ်က်ိုကြီးကြားက ဇာတ်လမ်းကိုတော့ ပြောသင့်တယ်မဟုတ်လား ဒါ့အပြင် အဲ့ဒီအချစ်ဆိုတဲ့ကိစ္စအကြောင်း ကြားချင်သေးတယ် ”
” ကောင်းပြီ မင်းကို ပုံပြင်လေးတစ်ခု ပြောပြသေးတာပေါ့ မြန်မြန်လေးပြေးလိုက် အကယ်၍ ငါတို့ကိုမိသွားလို့ရှိရင်း အစောပိုင်းတုန်းက ကြိုးစားထားခဲ့သမျှအားလုံး ပျက်စီးသွားလိမ့်မယ် ”
“ကျွန်တော်ပြေးတာ အမြန်ဆုံးဖြစ်နေပြီးပဲ ”
ဟို့ယွိဟောင်က စိတ်၀ိညာဥ်စွမ်းအားကို အဆုံးစွန်းအထိ မြင့်တင်လိုက်ရင်း ရှိရှိသမျှ စွမ်းအားအားလုံးကို အသုံးပြုပြီး သရဲအရိပ်ခြေရာကိုပါ ထည့်သွင်းအသုံးချရင်းနဲ့ ပြေးနေခဲ့ပါတော့တယ်။ သူ့ရဲ့အရှိန်နှုန်းနဲ့ ပြေးနေခဲ့တာတောင် နှင်းတွေက ဆက်တိုက်ဆိုသလို ကျဆင်းနေတုန်းပါပဲ။ အဲ့ဒီနောက် ခပ်တိမ်တိမ်ခြေရာတွေကို နှင်းပေါ်မှာချန်ထားရင်းနဲ့ အမြန်ဆုံးအရှိန်နှုန်းကို အသုံးပြုပြီး အရှေ့ကိုပြေးပါတော့တယ်။
” လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်သိန်းလောက်တုန်းက ငါရေခဲဧကရီကို စပြီချစ်ခဲ့မိတာလေ ငါအဲ့ဒီအချိန်မှာ ပြန်ပြီနိုးလာခါစပဲ ဒါ့အပြင် နောက်ထပ် အိပ်ဖို့တစ်နေရာတစ်နေရာကို ဆက်ပြီးရှာနေတာပေါ့ ဒါပေမယ့် သူ့က ရုတ်တရက်ပေါ်လာခဲ့တယ်…သူကလဲ ငါစားလိုက်တဲ့ရေခဲအဆီအနှစ်တွေကို လိုက်ရှာနေတာ ကံမကောင်းစွာနဲ့ပဲ ဒီအစ်ကိုကြီးက အကုန်လုံးကို စားလို့ကုန်သွားခဲ့ပြီလေ ဒါကငါတို့ ပထမဆုံးတွေ့ဆုံခဲ့ရတဲ့အချိန်ပဲ နှစ်ယောက်စလုံးလဲ လန့်သွားခဲ့ရတယ်…မင်းငါ့ရဲ့ မူလခန္ဓာကိုယ်ကို မြင်ဖူးတယ်မဟုတ်လား အရမ်းကို ကြီးမားလုံး၀င်းပြီတော့ ရွှေရောင်တွေလဲ တောက်ပနေတယ်…သူ့ကလဲ အရမ်းလှတယ်လေ ပထမဆုံးအနေနဲ့ သူ့ရဲ့လှပတဲ့ခန္ဓာကိုယ်နဲ့ ကျောက်စိမ်းရောင်အမြီးကိုမြင်ပြီချိန်ကထဲက ငါသူ့ကို အရမ်းစွဲလမ်းသွားရတာပဲ တကယ်တော့ ရက်စက်ပြီ အေးစက်တဲ့ပုံစံကိုလဲ သဘောကျမိတာလဲပါတယ် ..သူငါ့ကို ကျိန်ဆဲနေတဲ့အချိန်မှာတောင် အရမ်းလှတာပဲ ငါ့အတွက်တော့ သူ့ငါ့ကို ဘယ်လောက်ပဲ သတ်ချင်နေတယ်ဆိုရင်တောင် ကိစ္စမရှိဘူး..သူ့ရဲ့ အကျင့်စရိုက်က ငါ့အတွက် အရမ်းကို ပြီးပြည့်စုံလွန်နေတယ် ”
ဒါကိုကြားချိန်မှာ ဟို့ယွိဟောင်အနေနဲ့လဲ ဘာပြောရမှန်းမသိ ဖြစ်သွားရပါတော့တယ်။
” အစ်ကိုကြီးရေ အစ်ကိုကြီးနောက်ထပ် ပိုပြီး စဥ်းစားဖို့လိုပြီနဲ့တူတယ်နော် အစ်ကိုကြီးပြောတဲ့အချစ်က ကျွန်တော်တကယ်ပဲ နားမလည်နိုင်ဘူး…သူ့ကို ဒေါသမထွက်တာ ကိစ္စမရှိပေမဲ့ သူသတ်ချင်နေတာတောင်မှ ပြီးပြည့်စုံတယ်လို့ ပြောနေသေးတယ် ”
ဒေါသထွက်လာတဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်အော်ပါတော့တယ်။
” ဟို့ယွိဟောင် မင်းကငါ့ကို ရယ်၀ံ့တယ်လား မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်ကို ငါမဖျက်ဆီး၀ံ့ဘူးလို့ ထင်နေတာလား ”
” မယုံပါဘူး အကယ်၍ လုပ်နိုင်ရင် အစွမ်းအစရှိရင်လုပ်လိုက်ပေါ့ ဒါပေမယ့် ကျွန်တော်ရဲ့စိတ်၀ိညာဥ်ပင်လယ်ကို ဖျက်ဆီးပြစ်လိုက်မယ်ဆိုရင် အစ်ကိုကြီးလဲ သေသွားရမှာပဲ ဒီလိုသာ ဖြစ်လာလို့ကတော့ တစ်သက်လုံးရေခဲဧကရီကို ပြန်တွေ့ရတော့မှာမဟုတ်ဘူး…ဒီအတိုင်းဆက်ပြီ သွားချင်လို့လား လုပ်ချင်တယ်ဆိုရင် လုပ်လိုက်လေ ကြောက်မနေဘူး ”
ဟို့ယွိဟောင်ရဲ့စကားတွေက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အထိမခံနိုင်တဲ့နေရာကို ထိခိုက်လို့သွားပါတော့တယ်။ ဒါကြောင့် သူပြန်ဖြေလာခဲ့တယ်။
” ငါနဲ့ပုံစံအရမ်းတူနေတာက ငါ့အတွက် မကောင်းဘူး အခုတော့ ငါတို့တွေအတော်လေးကို နီးစပ်နေကြပြီ မင်းကငါ့ကို ဒီလိုမျိုးပြောဆိုပြီဖြစ်လာမဲ့ကိစ္စကိုတောင် မင်းမကြောက်တော့ဘူး..ကြည့်ရတာ ငါတော့ ဒီကိစ္စမှာ အရှုံးပေါ်ပြီနဲ့တူပါတယ် ”
ဟို့ယွိဟောင်က နှာခေါင်းရှုံ့ရင်း ပြောလာခဲ့ပါတယ်။
” တစ်ခါတရံမှာ အရှုံးဆိုတာက ကောင်းမွန်တဲ့ကိစ္စတွေကို ဖန်တီးပေးနိုင်တယ်ဆိုတာ မကြားဖူးဘူးလား ဒါပေမယ့် အခုနည်းနည်းလောက် ပါးစပ်ပိတ်နေပါဦး ကျွန်တော်အာရုံလွဲလို့မဖြစ်ဘူး ”
ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်အနေနဲ့ အစွမ်းအစအကုန်လုံးကို ထုတ်သုံးနေခဲ့တာပါ။ သူ့ရဲ့လက်ရှိအခြေအနေမှာ ဘာစားပြီ ဘာသောက်ရမလဲတောင် မသိဖြစ်နေခဲ့တယ်။ ဒါ့အပြင် တစ်ကိုယ်လုံးကလဲ စွမ်းအားက ကုန်လုမတတ်ဖြစ်နေခဲ့တာကြောင့် ၀ိညာဥ်စွမ်းအားက ရပ်တန့်လိုက်မယ်ဆိုရင် လုံး၀ကုန်ဆုံးသွားမှာပါ။ ဒါကြောင့် ပါးစပ်ထဲမှာ နှင်းတွေထည့်ပြီ မြိုချလိုက်ရပါတယ်။ ဆက်တိုက်ဆိုသလို ပြေးလွှားနေရင်း ထူးဆန်းကောင်းကင်နည်းလမ်းကို စတင်ပြီ အသုံးပြုတော့တယ်။
သူယူလာတဲ့ အစားအသောက် အခြောက်အခြမ်းတွေကို စားဖို့တောင် မတွေးတောနေအားပါဘူး။
ကုန်ဆုံးသွားတဲ့ခန္ဓာကိုယ်စွမ်းအင်ကို ရေတစ်ခုထဲနဲ့အသုံးပြုပြီ ဖြည့်တင်းဖို့လုပ်တာက တွေးတောလို့မရတဲ့ ကိစ္စဖြစ်နေခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ရွေးချယ်စရာမရှိတော့တာကြောင့် လုပ်ဆောင်နေခဲ့ရပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကိုဆက်တိုက်ဆိုသလို တွန်းအားပေးနေခဲ့တာကြောင့် ဒါကြောင့် စုစုပေါင်းနှစ်ဆယ့်ရှစ်နာရီတိတိ ဆက်တိုက်မရပ်မနားတမ်းပြေးလွှားခဲ့ရတယ်။ အဲ့ဒီအချိန်မှသာ မြောက်၀င်ရိုးစွန်းရဲ့ အဓိက နယ်မြေကနေ ထွက်ခွာနိုင်ခဲ့ပြီ နယ်စပ်ကိုပြန်လည်ရောက်ရှိလို့လာခဲ့ပါတယ်။
အပိုင်း ၄၁•၂ ပြီး၏။