အပိုင်း ၄၁•၁
” ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီ ”
°°°
ဒါ့အပြင် သူ့ရဲ့ အမြီးတစ်ဆစ်ချင်းဆီတိုင်းကလဲ အရမ်းကိုလှပနေခဲ့ပါတယ်။ ခန္ဓာကိုယ်ရဲ့အရှေ့ပိုင်းကတော့ စိန်ပွင့်တွေလိုမျိုး တောက်ပနေခဲ့ပြီ သေးသွယ်တဲ့ အဆင့်ခြောက်ဆင့်ကတော့ ခြေထောက်အဖြစ်နဲ့ တည်ရှိနေခဲ့တယ်။ အစိမ်းရောင်ကောင်းကင်ကြီးရဲ့ အောက်မှာ သူမရဲ့တောက်ပမှုက ဘယ်သူမှ နိုင်ယှဥ်လို့မရနိုင်ခဲ့ပါဘူး။ ဒါ့အပြင် အလင်းတန်းတွေရဲ့ မူလအရင်းအမြစ်တွေဖြစ်နေခဲ့ပြီ ထူးဆန်းတဲ့ ရောင်စဥ်တန်းတွေကိုလဲ ထပ်ဟပ်နေစေခဲ့ပါတယ်။
ဒါ့အပြင် ရှည်လျားတဲ့ လက်နှစ်ဖက်ကတော့ တစ်မီတာအထိ အရှည်ရှိနေခဲ့ပြီ ထူးဆန်းတဲ့ အဋ္ဌဂံပုံစံလက်တွေကိုလဲ ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ပါးစပ်အနားမှာတော့ ငွေဖြူရောင်မှန်တစ်ချပ်လိုမျိုး အစွယ်ချွန်တွေ ရှိနေခဲ့တယ်။
ဟို့ယွိဟောင်အနေနဲ့ အာရုံစိုက်မိဆုံးအရာကတော့ သူ့ရဲ့မျက်လုံးတွေပါပဲ။ ဒီအ၀ါရောင်မျက်လုံးတွေက စိန်ပွင့်နှစ်ပွင့် နစ််မြုပ်ထားတဲ့အတိုင်း တောက်ပလို့နေခဲ့ပါတယ်။
အပေါ်ယံခန္ဓာကိုယ်က အတော်လေး ကြီးမားပေမဲ့ ခန္ဓာကိုယ်အောက်ပိုင်းကတော့ ရှည်လျားပြီ အပေါ်ကိုထောင်တက်နေတဲ့အမြီးတစ်ခုရှိပါတယ်။ ဒါ့အပြင် တောက်ပမှုတွေအားလုံးရဲ့ အရင်းအမြစ်ပါပဲ။ သာမန်ကင်းမြီးကောက်တွေရဲ့ အဆင့်ပါတဲ့အမြီးနဲ့မတူပဲ ရေခဲဧကရီရဲ့အမြီးကတော့ အဆင့်ငါးဆင့်သာ ရှိနေခဲ့တယ်။ ဒါ့အပြင် အဆင့်တစ်ခုချင်းဆီတိုင်းကလဲ ကျောက်စိမ်းတုံးတွေလိုအသွင်သဏ္ဍာန်ကို ဆောင်ယူနေခဲ့ပြီ အလင်းတန်းတွေလဲ ဆက်တိုက်ထုတ်လွှတ်လို့နေခဲ့ပါသေးတယ်။ အဆုံးသတ်မှာတော့ အမြီးထိပ်က ချွန်ထက်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် စိန်တုံးရဲ့အဖျားလိုမျိုး အမြီးချွန်ချွန်က မှန်တစ်ချပ်လိုတောက်ပနေခဲ့တယ်။
ကျောက်မျက်ရတနာနဲ့ ထွင်းထုထားသလိုမျိုး လှပနေတဲ့ သားရဲကောင်တစ်ကောင်က လှပတယ်ဆိုတဲ့စကားထက်တောင် ပိုပြီး ကျော်လွန်နေခဲ့ပါသေးတယ်။ သူ့ရဲ့အလှတရားကို ဒီလောက်ဖွင့်ဆိုပြရင်တောင် မလုံလောက်သေးပါဘူး။
ရေခဲဧကရီပေါ်လာတာနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အကြည့်ကလဲ ပြောင်းလဲလို့သွားပါတယ်။ ရေခဲဧကရီကို ကြည့်နေတဲ့သူ့ရဲ့အကြည့်တွေက အရမ်းကို နူးညံ့လို့နေခဲ့တယ်။
” မင်းရောက်လာပြီပဲ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ တောက်ပတဲ့ရွှေရောင်ခန္ဓာကိုယ်ကို မြင်ချိန််မှာ ရေခဲဧကရီက လန့်သွားခဲ့ပါတယ်။
” ကောင်းကင်အိပ်မက် မင်းရဲ့ခန္ဓာကိုယ်ကို ဒီလိုဖုံးကွယ်ထားရုံနဲ့ ငါမရှာနိုင်ဘူးလို့ ထင်နေတာလား မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားက ဖန်တီးနိုင်ဖို့ ဒီလောက်သန်မာနေမယ်ဆိုရင်တောင် မူလခန္ဓာကိုယ်နဲ့ အဝေးကြီးရှိမှာ မဟုတ်ဘူး..ဘာကြောင့် လူသားခန္ဓာကိုယ်ကို အသုံးပြုထားရတာလဲ ”
ရေခဲဧကရီက မေးလာခဲ့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ပြုံးနေခဲ့ပါတယ်။
” မင်းကအရင်လို ဆွဲဆောင်မှုရှိနေတုန်းပဲ နောက်ဆုံးတစ်ကြိမ် တွေ့ခဲ့တုန်းက မင်းရဲ့အမြီးမှာ အဆင့်ခြောက်ဆင့်ပဲရှိတယ်..အခုတော့ ငါးဆင့်ပဲဖြစ်သွားပြီ ဒီလိုတောက်ပနေတဲ့ အစိမ်းရောင်လေးကို ငါအရမ်းသဘောကျတာပဲ ကြည့်ရတာ ငါမမှားဘူးဆိုရင် မင်းသက်တမ်းကုန်ဖို့ သိပ်မလိုတော့ဘူးနဲ့တူတယ် ”
မာကျောတဲ့ အမျိုးသမီးအသံက ရေခဲဧကရီဆီမှာ ထွက်ပေါ်လို့လာခဲ့ပြန်တယ်။
” သေခါနီးကို အချိန်ဆွဲဖို့အတွက် အသုံးမ၀င်တဲ့စကားတွေလာမပြောနဲ့ ဒီနှစ်တွေမှာ နင်က အမြဲတမ်းပုန်းနေခဲ့တာမဟုတ်လား အခုရုတ်တရက်ပြန်လာပြီ ဘာလုပ်မလို့လဲ ဒီနေရာကိုလာပြီ ကိုယ့်ဘာသာကိုယ် အသေခံမလို့လား ”
အရမ်းကို ချစ်ခင်မြတ်နိုးတဲ့အသံနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြောလာခဲ့ပါတယ်။
” ငါဒီကိုလာတာ မင်းဆက်ပြီအသက်ရှင်နိုင်ဖို့ကြိုးစားပေးမလို့လေ ငါ့ရဲ့တစ်ဖက်သတ်အချစ်က ဘယ်လိုပဲဒုက္ခခံရပါစေ အဆုံးမသတ်သွားခဲ့ဘူး..ဒီလောက်နှစ်တွေကြာပြီခဲ့တာတောင် ငါအိပ်ပျော်နေတဲ့အချိန်မှာ မင်းအကြောင်းကိုပဲ အိပ်မက်မက်တယ်..ငါတို့တွေ နောက်ဆုံးတော့ အတူတကွရှိနိုင်တော့မယ်လေ ”
ရေခဲဧကရီအနေနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ပြောဆိုမှုကို ဆက်ပြီး သည်းမခံနိုင်တော့တဲ့အတွက် ချက်ချင်းဆိုသလို အမြီးကိုထောင်ရင် တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့လဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စွမ်းအားတွေက ပြင်းပြင်းထန်ထန် လှုပ်ခတ်လို့လာခဲ့ပြီ သူ့အမြင်လဲ ဝေ၀ါးသွားတာကို ခံစားလိုက်မိလိုက်တယ်။
” နင့်မှာဘာအစီအစဥ်ရှိမှန်း ငါမသိပေမဲ့ ဒီနေရာကိုလာပြီဆိုမှတော့ သေချာပေါက် သေရမယ်…နင်ရဲ့စွမ်းအားတွေကို စုပ်ယူပြီတဲ့နောက် တိုက်ကြီးတစ်တိုက်လုံးမှာ အသန်မာဆုံး၀ိညာဥ်သားရဲကောင်ဖြစ်လာမယ် ”
ကောင်းကင််အိပ်မက်ရေခဲပိုးကောင်ရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီတာတောင် အဖြူရောင်အလင်းတန်းက ပျောက်ကွယ်မသွားခဲ့ပါဘူး။ တခြားတစ်ဖက်မှာတော့ ရွှေရောင်ခန္ဓာကိုယ်ကို ဆက်တိုက်ဆိုသလို ဖျက်ဆီးပြီ အရူးဆန်ဆန် ရိုက်ခတ်လို့နေပါတော့တယ်။
ဒါပေမယ့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ နာကျင်တဲ့ပုံစံမရှိပဲ နောင်တအပြည့်နဲ့သာ ပြောလာခဲ့တယ်။
” ငါအစတုန်းကတော့ မင်းနဲ့စကားခဏလောက် ပြောမလို့ စဥ်းစားထားတာ မင်းက တကယ်ကို နှလုံးသားမရှိပဲ ဒါပေမယ့် အခုငါစရတော့မယ်..ဒါ့မှသာ ငါတို့အတူတူရှိနိုင်မှာ ”
ဒီအခြေအနေထိရောက်အောင် လေ့ကျင့်ပြီတဲ့နောက် ရေခဲဧကရီက အန္တရာယ်အငွေ့အသက်ကို ကောင်းကောင်းခံစားနိုင်ပါတယ်။ တစ်စုံတစ်ရာလွဲမှားနေတာကို သူသိလိုက်မိတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက်ဆိုသလို ဝေ၀ါးလို့သွားခဲ့ပြီ သူမရဲ့ရှေ့တည့်တည့်မှာပေါ်လာခဲ့ပါပြီ။ သူမရဲ့အရှိန်နှုန်းက ရုတ်တရက်နှေးကွေးသွားတာကို ခံစားလိုက်မိပါတယ်။ ပတ်ပတ်လည်မှာရှိရှိသမျှ လေထုအားလုံးကလဲ တင်းမာလို့သွားခဲ့ပြီ စိတ်၀ိညာဥ်စွမ်းအားတွေက ကြီးမားတဲ့ ပင်လယ်ကျယ်ကြီးတစ်ခုလိုမျိုး ဖမ်းဆီးပါတော့တယ်။ ရေခဲဧကရီရဲ့အကြည့်တွေက အရမ်းကို စူးရှလို့သွားခဲ့ပြီ သူမရဲ့အမြီးကို ဝှေ့ရမ်းရင်းနဲ့ စတင်တိုက်ခိုက်ပါတယ်။
“ကောင်းကင်အိပ်မက် နင်သေချင်နေတာပဲ ငါ့ကို ဒီလိုမျိုး တိုက်ခိုက်၀ံ့တယ်လား နင်ရဲ့မူလခန္ဓာကိုယ်ကို မပြန်နိုင်မှာ မကြောက်ဘူးလား နင်ဘယ်လောက်ပဲ ကြိုးစားပါစေ နင်က အမှိုက်သရိုက်ပဲ ငါကိုဒီနေရာမှာ ဘယ်လောက်အထိ ထိန်းထားနိုင်မယ်ထင်လဲ တစ်စက္ကန့်လား နှစ်စက္ကန့်လား ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ နူးညံ့တဲ့အသံနဲ့ ပြောလာခဲ့ပါတယ်။
” သိပ်မကြာပါဘူး တစ်စက္ကန့်လောက်ဆို လောက်ပါတယ် ”
ဒီတစ်ကြိမ်မှာပဲ ဖြူဖျော့နေတဲ့အလင်းတန်းနဲ့ အမှေးပါးတစ်ခုက မြေပြင်မှာရုတ်တရက်လှုပ်ရှားလို့လာခဲ့ပါပြီ။ ရေခဲဧကရီ ဘယ်လောက်ပဲသန်မာနေပါစေ သူသတိမပြုပါဘူး။ တခြားတစ်ဖက်မှာတော့ ပုန်းအောင်နေတဲ့ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကလဲ တုန်ခါလို့လာပါတော့တယ်။ အံကိုကြိတ်ထားရင်း ပြင်းထန်တဲ့အအေးဓာတ်ကို အဆုံးစွန်းအထိ ခုခံနေခဲ့တယ်။ သူ့ရဲ့ ရေခဲအခန်းက အပြင်ရဲ့လောကရဲ့အအေးဒဏ်ကို အနည်းငယ်ခုခံနိုင်ခဲ့ပေမဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ဖန်တီးထားတဲ့အရေခွံလောက်တော့ မနွေးထွေးပါဘူး။ ဒါ့အပြင် သူဒီနေရာမှာ ရေခဲတုံးဖြစ်တော့မှာပါ။ ဘယ်လောက်အထိ အပူရှိန်နှိမ့်သွားလဲဆိုတာကို မသိတော့ပါဘူး။ နှလုံးခုန်သံတောင် အချိန်မရွေးရပ်တော့မလို ခံစားနေခဲ့ရပါတယ်။ ဒါ့အပြင် ဒီဘ၀မှာ ၀ိညာဥ်စွမ်းအားသာ မရှိလို့ကတော့ ဒီနှလုံးခုန်သံကိုတောင် ထိန်းမထားနိုင်တော့အခြေအနေ ရောက်ရှိလို့သွားပါပြီ။
တကယ်ပဲ တစ်စက္ကန့်အချိန်က ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အတွက် လုံလောက်ခဲ့ပါတယ်။ ရေခဲဧကရီ အင်အားအကုန်သုံးပြီတိုက်ခိုက်ပေမဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကို အိတ်တစ်အိတ်နဲ့ထုပ်ပြီ ချက်ချင်းဆိုသလို ဖမ်းဆီးလိုက်ပါတယ်။ သူမအနေနဲ့ မလှုပ်ရှားနိုင်တော့ပါဘူး။
ထိတ်လန့်သွားတဲ့ရေခဲဧကရီက ပြင်းပြင်းထန်ထန်ထိုးထွက်ပြီ တိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်။ သူမရဲ့ ကြောက်စရာစွမ်းရည်တွေက တစ်စက်လေးမှကို အညှာအတာမရှိခဲ့ပါဘူး။
နှစ်ပေါင်းသိန်းနဲ့ချီအောင်အားကောင်းတဲ့ ၀ိညာဥ်သားရဲကောင်အနေနဲ့ မကြာခင်အချိန်မှာပဲ အကြောက်တရားကို ခံစားလိုက်မိပါတော့တယ်။ သူမဘယ်လောက်ပဲ ရုန်းကန်ပါစေ လုံး၀ကို အသုံးမ၀င်ခဲ့ပါဘူး။
ဒါ့အပြင် သူ့ကိုတားဆီးနေတဲ့အရာရဲ့ အင်အားကလဲ ပိုလို့အားကောင်းလာခဲ့ပါတယ်။ တစ်ကျွတ်ကျွတ်မြည်သံတွေတောင် ထွက်ပေါ်လာခဲ့ပါပြီ။ သူဘယ်လောက်ပဲရုန်းကန်နေပါစေ လုံး၀ကို ခုခံနိုင်စွမ်းမရှိခဲ့ပါဘူး။
သူမရဲ့အရှေ့မှာရှိနေတဲ့ အချွန်နဲ့ အဆိပ်ဆူးတွေက လေထဲကိုမြောက်တက်လို့သွားခဲ့ရင်း အောက်ကိုထိုးစိုက်ပြီ ရှိသမျှအစွမ်းနဲ့ ဖောက်ထွက်ဖို့လုပ်ပါတော့တယ်။ မြောက်၀င်ရ်ိုးစွန်းရဲ့ ရေခဲဧကရီက နောက်ဆုံးမှာတော့ ဒီအခြေအနေကို ကြုံတွေ့နေခဲ့ရပါပြီ။
” မဖြစ်နိုင်ဘူး ကောင်းကင်အိပ်မက် နင့်လိုအမှိုက်သရိုက်က ငါ့ကို ဘယ်လိုများဖမ်းနိုင်ရတာလဲ ဒါဘယ်လိုအစွမ်းအစမျိုးလဲ ဘာကြောင့်ငါ့ရဲ့စွမ်းအင်ကို သုံးလို့မရတာလဲ ”
ရွှေရောင်အလင်းတန်းက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ပုံစံကို ယူထားခဲ့တဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူမရှေ့မှာပေါ်လာနေရင်း ပြုံးနေခဲ့ပါတယ်။
” ငါတကယ်ပဲ ဒီနေ့ကို စောင့်နေတာကြာလှနေပြီ ဘာဖြစ်တာလဲ မင်းသိရဲ့လား ငါမင်းကို ရှင်းပြလို့ရတယ်…ဒါပေမယ့် အခုတော့မဟုတ်သေးဘူး ဒီနေရာကနေ ထွက်ခွာသွားတာနဲ့ စကားကောင်းကောင်းပြောကြတာပေါ့ အခုတော့ ငါတို့တွေသွားစရာရှိတာ သွားကြတာပေါ့ ”
သူညာဘက်လက်ကို မြောက်လိုက်ပြီ ရေခဲဧကရီကို လက်ညိုးထိုးလိုက်ပါတယ်။ ရွှေရောင်အလင်းတန်းနဲ့အတူ ရေခဲဧကရီရဲ့ခန္ဓာကိုယ်က လေထဲမှာပျောက်ကွယ်လို့သွားပါတော့တယ်။
ကောင်းကင်ကြီးကိုမော့ကြည့်ရင်း ပိုးကောင်ကတော့ သက်ပြင်းချနေခဲ့တယ်။
” နောက်ဆုံးမှာ ငါရဲ့ခန္ဓာကိုယ်ကို ဆုံးရှုံးပြီတဲ့နောက် ဒီလိုစွမ်းရည်မျိုးကို ထပ်ပြီးအသုံးပြု၀ံ့တော့မယ်လို့ မတွေး၀ံ့ဘူး…ကံမကောင်းလို့တစ်ခေါက်ပဲသုံးလို့ရတယ်…ရေခဲဧကရီ ရေခဲဧကရီ နောက်ဆုံးတော့ မင်းငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ် ”
အဖြူရောင်အမှေးပါးက ပြန်လည်ထွက်ပေါ်လို့လာခဲ့ပေမဲ့ ရေခဲဧကရီကတော့ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ မြေပြင်ပေါ်ကိုအမှေးပါးပြန်လည်ကျရောက်လာပြီ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို ပြန်၀င်ရောက်သွားပါတော့တယ်။ အရမ်းကိုပြင်းထန်လွန်လှတဲ့အအေးဓာတ်က ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို တောင့်တင်းသွားစေခဲ့ပါတယ်။ ခန္ဓာကိုယ်ရဲ့ မျက်နှာပြင်အပေါ်ဘက်မှာ မြူခိုတွေက တစ်လွှာချင်ထပ်နေခဲ့ပါပြီ။ ရွှေရောင်အလင်းတန်းက ခန္ဓာကိုယ်ထဲကို ၀င်ရောက်ရင်း နဖူးမှာပျောက်ကွယ်လို့သွားပါတော့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကိုလှမ်းပြီ ခေါ်လိုက်တယ်။
” ယွိဟောင် ယွိဟောင် အဆင်ပြေရဲ့လား ငါအောင်မြင်သွားပြီ ”
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က အရမ်းကိုအေးခဲနေခဲ့ပေမဲ့ စိတ်ကတော့ ကြည်လင်ရှင်းလင်းနေဆဲပါ။
” ဘာကြောင့်များလဲ ”
စိတ်၀ိညာဥ်လောကထဲမှာ ဟို့ယွိဟောင်က မေးလိုက်ပါတယ်။ ပဟေဠိဖြစ်နေခဲ့တဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ ပြန်ပြီးမေးလိုက်တယ်။
” ဘာကိုမေးတာလဲ ”
ဟို့ယွိဟောင်ရဲ့ အေးစက်တဲ့အသံက ထွက်ပေါ်လို့လာခဲ့ပြန်ပါပြီ။
” ဘာဖြစ်လို့ ကျွန်တော်ကို လိမ်ညာတာလဲ ဒီနေရာကိုလာတာ ဒုတိယသိုင်းပညာ၀ိညာဥ်ကို နိုးထစေဖို့အတွက် ဟုတ်မှဟုတ်ရဲ့လား လုပ်ခဲ့တဲ့ကိစ္စတွေကို ဘယ်လိုရှင်းပြမှာလဲ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ တိတ်ဆိတ်လို့သွားပါတော့တယ်။ ဒါကြောင့် သူဟို့ယွိဟောင်ကို နောင်တရတဲ့အသံနဲ့ ပြောလာခဲ့တယ်။ နာကျင်မှုအပြည့်နဲ့ ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” ကောင်းကင်အိပ်မက် မြို့စားအိမ်တော်ကနေ ငါထွက်ခွာလာပြီတဲ့နောက် တစ်ဘ၀လုံးမှာ ငါမျှော်လင့်ချက်ရှိစေတဲ့ ပထမဆုံးလူက မင်းပဲဆိုတာ မင်းသိတယ်မလား ဆရာအဖြစ်နဲ့လဲ သတ်မှတ်ထားရုံကမက အနီးစပ်ဆုံးအနီးဆုံးသူငယ်ချင်းအဖြစ်လဲ သတ်မှတ်ထားခဲ့တာ ဒါ့အပြင် ဆက်ပြီးကြိုးစားနိုင်ဖို့အတွက် မျှော်လင့်ချက်ရှိစေတဲ့တစ်ဦးတည်သောသူပဲ ဘာကြောင့်များလိမ်ရတာလဲ ဘာကြောင့်များဒီနေရာကို ရုပ်သေးရုပ်အဖြစ် ကြိုးဆွဲပြီလာရောက်စေတာလဲ ရှိသမျှစွမ်းအင်တွေအကုန်လုံးသုံးပြီ အပြေးလာခဲ့ပေမဲ့ ဒီနေရာမှာငါမြင်လိုက်ရတဲ့ တစ်ခုတည်သောအရာက ရေခဲဧကရီကို ချစ်ကြောင်းပြောနေတာတွေပဲရှိတယ်…အတူတူစွန့်စားရတာကိုတော့ ငါမကြောက်လန့်ပါဘူး..ဒါပေမယ့် အစောကထဲက ပြောသင့်တယ်မလား အစောကထဲက ပြောပြထားမယ်ဆိုရင်တောင် သေချာပေါက် ဒီလမ်းကိုလိုက်လာမှာပါ ဓားတောင်ကိုပဲကျော်ကျော် မီးပင်လယ်ကိုပဲဖြတ်ဖြတ် ကိစ္စမရှိဘူး..လုံး၀ဒီနေရာအထိ အသက်စွန့်ပြီ လာ၀ံ့တယ်…ဒါပေမယ့် ဘာကြောင့်များ လိမ်ခဲ့တာလဲ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သက်ပြင်းချလိုက်ပါတယ်။
” ယွိဟောင် ငါမင်းကိုတကယ်လိမ်မိပါတယ်…ဘာကြောင့်လဲဆိုတော့ ငါမင်းကို အပြည့်အ၀မယုံကြည်ခဲ့လို့လေ အကယ်၍ ငါသာ မင်းကိုကိစ္စအားလုံးပြောပြလိုက်မယ်ဆိုရင် မင်းငါနဲ့အတူတူ လိုက်လာချင်မလားဆိုတာ ငါမသေချာခဲ့ဘူး…မင်းပြောတာမမှားဘူး..ငါလဲ တစ်ကိုယ်ကောင်ဆန်မိခဲ့တယ်..ငါတစ်သက်လုံး ရေခဲဧကရီနဲ့ ရှိစေချင်ခဲ့မိတာ ငါမွေးဖွားလာတဲ့အချိန်ကစပြီ သဘောကျနှစ်သက်မိတဲ့သူက ရေခဲဧကရီတစ်ယောက်ပဲ မင်းတို့လူသားတွေရှိတဲ့ အချစ်ဆိုတဲ့အနဲ့ တူညီတယ်လေ…သူက ငါ့ကိုအစာအဖြစ်သာ မြင်ပေမဲ့ ငါက သူ့ကို နှစ်ခေါက်တောင်မတွေးတောပဲ ချစ်မိခဲ့တယ် ”
” ငါရဲ့ဒီလိုလုပ်ခဲ့တဲ့အရာတွေက မင်းကိုထိခိုက်စေမယ်ဆိုတာ ငါမတွေးမိခဲ့ဘူး..မင်းငါ့ကို ခွင့်လွှတ်ပေးမယ်လို့ မမျှော်လင့်ပါဘူး… သူပြောတဲ့အတိုင်းပဲ ငါက ငကြောက်တစ်ယောက်ပါ ဒါ့အပြင် ရေခဲဧကရီရဲ့ နာမည်အပြည့်အစုံက ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီတဲ့ ဒါ့အပြင် သူက ဒီနေရာကြီးရဲ့ အုပ်ချုပ်သူတစ်ယောက်ပဲ ဒါ့အပြင် သူရဲ့ရေခဲကျောက်စိမ်းကင်းမြီးကောက်မျိုးနွယ်က ငါတို့ရေခဲပိုးကောင်မျိုးနွယ်ကို အစာအဖြစ်ပဲ အသုံးချကြတာ ငါသူ့ကို လွန်ခဲ့တဲ့နှစ်တစ်သိန်းမှာ ပထမဆုံးတွေ့တဲ့အချိန်ကထဲကစပြီ အရမ်းကို ချစ်မိသွားခဲ့တယ် ”
အပိုင်း ၄၁•၁ ပြီး၏။